Author's Profile Photo

Sam Myu Ter

16/05/2024

A woman is sexually exploited

2 mins read
Life Style
General Knowledge
A woman is sexually exploited's photo

ပြီးခဲ့ရက်ပိုင်းအတွင်းက ကျွန်တော့်အသိ အစ်မတစ်ယောက် social ပေါ်မှာ Sexual leakage လုပ်ခံခဲ့ရတယ်။
Break up ပြီးသား Ex-Boyfriend ကနေ သူ့ကိုမရွေးချယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အများသူငှာကြည့်ရှုရန်မသင့်တော်တဲ့ personal ရေးရာတွေကို အမျိုးသမီးရဲ့ဆွေမျိုးအသိုင်းအဝိုင်း၊မိတ်ဆွေတွေအကြား အရှက်ရအောင် ဖြန့်ဝေခဲ့တယ်။ မဖြန့်ဝေခင်လည်း အမျိုးသမီးရဲ့ တစ်မိသားစုလုံးကို အရှက်ခွဲပြမယ်လို့ ချိန်းခြောက်ခဲ့သေးတာ။

မိဘဆိုဆုံးမမှုအောက်မှာ တစ်သက်လုံးနေလာခဲ့တဲ့ သက်သတ်ပိုင်းအရွယ် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အရှက်ဆိုတာက သူ့အတွက်ဂုဏ်သိက္ခာပဲ။ တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ အရှက်သိက္ခာတွေ မြောင်းပုတ်ထဲကျသလို ထိုးချခံရတော့ အဲ့အမျိုးသမီးအနေနဲ့ ကျူးလွန်ခဲ့တဲ့အမှားတစ်ခုကြောင့်ဘယ်လောက်ထိတောင် ရှက်ရွံ့အားငယ်စိတ်တွေ ၊စိတ်သောကတွေ ဖြစ်လိုက်မလဲ တွေးကြည့်လို့တောင်မရဘူး။ သမီးရည်းစားဘဝမှာ နှစ်ဦးနှစ်ဖက်သဘောတူကြည်ဖြူလို့ ကျူးလွန်ခဲ့တဲ့အရာက
ဒါ သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ရွေးချယ်ခွင့် ဒါသူတို့နှစ်ယောက်လုံးအတွက် တာဝန်ရှိတဲ့ကိစ္စ ။ ချစ်ဇောဟုန်တက်နေတဲ့အချိန်မှာ ကျူးလွန်ခဲ့တဲ့အရာကို တစ်ဖက်အမျိူသားက ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ video ရိုက်ကူးတာတွေ၊sex photo ရိုက်ခံလိုက်မိတာတွေက အမျိုးသမီးအတွက်အမှားတစ်ခုဖြစ်သွားခဲ့တယ်။

လက်ခံကြည့်ရှုမိတဲ့ ဆွေမျိုးမိတ်ဆွေတွေအနေနဲ့လည်း
ကျူးလွန်ခဲ့တာနှစ်ယောက်လုံးပေမယ့် အမျိုးသမီးအပေါ်ပဲ ရွံစရာတစ်ခုလို ပြစ်တင်ရှုံ့ချတာတော့ ဘယ်တရားပါ့မလဲ။ကျွန်တော်တို့ရဲ့ society မှာ sexual နဲ့ပတ်သတ်ပြီး ပြစ်တင်ရှုံ့ချရင် အမျိုးသားများထက် အမျိုးသမီးများကို လက်ညှိုးထိုးဝေဖန်တာ အကျင့်တစ်ခုလို ဖြစ်နေတယ်။ဒါကြောင့်
သူ့နေရာမှာ ငါသာလျင် ဆိုတဲ့စိတ်မျိုးနဲ့ ကိုယ်ချင်းစာစိတ်ထားပီး ရှုမြင်ပေးကြပါ။ ရှက်ရွံ့အားငယ်မှုတွေ၊ သောကစိတ်တွေကို ကာကွယ်မပေးချင်တောင် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့စိတ်မျိုးနဲ့မသိသလိုကျော်လိုက်ကြပါ။ ethics မရှိပဲ မိန်းကလေးအရှက်ရအောင် လုပ်ခဲ့တဲ့ကောင်မျိုးတွေကို များများရှုံ့ချပေးကြပါ လို့ပြောချင်ပါတယ်။

အိမ်ထောင်မှု၊ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး
ဤသုံးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်နိုင်သည့်အမျိုး ဆိုတဲ့စကားပုံအတိုင်း အိမ်ထောင်မှုတစ်ခုပြုတဲ့အခါ ရွေးချယ်မှုမမှားဖို့ သိပ်ကိုအရေးကြီးပါတယ်။ ထင်သလောက်လည်း မလွယ်ကူခဲ့ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်း မှားခဲ့ပြီးပါပြီ။ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အနေနဲ့ရော၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်နေတဲ့အရွယ်ဖြစ်တဲ့အတွက် အိမ်ထောင်မှုပြုတဲ့အခါ အစစအရာရာ စဉ်းစားချင့်ချိန်တတ်သွားပီမလို့ ကိုယ်နဲ့သဟဇာတဖြစ်မယ့် သူကိုပဲ ရွေးချယ်ကြမှာ အမျိုးသမီးတွေရဲ့သဘာဝပါ။
ကိုယ်ရွေးချယ်လိုက်တဲ့အမျိုးသားဟာ ကိုယ့်အပေါ်ဦးစီးဦး‌ဆောင်မှုပြုနိုင်ရဲ့လား၊ နွေးထွေးကြင်နာစိတ်ရှိရဲ့လား၊ အကျင့်စာရိတ္တကောင်းမွန်ပြီးလုပ်ရည်ကိုင်ရည်ရှိရဲ့လား စသဖြင့် ဘက်ပေါင်းစုံကနေလိုက်စဉ်းစားမှုပြုတဲ့အခါ
သူနဲ့မကိုက်ညီလို့ မရွေးချယ်ခဲ့တဲ့အပေါ်လည်း တစ်ဖက်အမျိုးသားက လက်ခံနိုင်အောင်ကြိုးစားရပါမယ်။ ရွေးချယ်မှု မပြုထဲက ကိုယ်တိုင်အသုံးမကျလို့ဆိုတာ ကိုယ့်ဘာသာသိပါ၊ မစားရတဲ့အမဲ သဲနဲ့ပက်စရာမလိုပါဘူး။

ကျွန်တော့်အဖေ ကျွန်တော့်ကိုအမြဲဆုံးမတဲ့ စကားလေးက
ယောက်ျားတစ်ယောက်ဟာ ခေါင်းကြောတင်းမလား၊
လက်ကြောတင်းမလား ၊နှစ်ကြောထဲက တစ်ကြောတော့တင်းမှဖြစ်မယ် သမီးတဲ့။ ဒါမှအဲ့ဒီအမျိုးသားဟာ ကိုယ်ယူတဲ့အမျိုးသမီးအပေါ် လုပ်ကျွေးမှုပြုနိုင်မှာမလို့ အကြောတင်းတဲ့အမျိုးသားသာ ရွေးချယ်ပါတဲ့။အမျိုးသားများအနေနဲ့လည်း ကိုယ်တိုင်ယောက်ျားမာနတော့ ရှိသင့်ပါတယ်။နစ်နာသူအစ်မလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း Exဆီက‌နေ ချိန်းခြောက်မှုပြုခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်က အမှားမလုပ်ခဲ့လို့ ချိန်းခြောက်မှု ဖြေရှင်းနိုင်ခဲ့ပေမယ့် နစ်နာသူအစ်မ ကတော့ တရားဝင်လက်မထက်ရသေးတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် သူ့အတွက်တော့ကျူးလွန်ခဲ့တဲ့ချိန်းခြောက်မှုဟာ သိပ်အရှက်ရစရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မလို့ နှစ်ဦးသဘာတူကိစ္စဖြစ်ခဲ့တာတောင် ethics မရှိပဲ ချိန်းခြောက်ဖြန့်ဝေတဲ့ တစ်ဖက်အမျိုးသားကိုပဲ ဝိုင်းဝန်းရှုံ့ချပေးကြပါ။ နစ်နာသွားတဲ့အမျိုးသမီးအပေါ် စိတ်ပိုင်းဆိုင်ရာအားငယ်မှုမရှိအောင် အားပေးဖေးမပါလို့ တိုက်တွန်းချင်ပါတယ်။မှားခဲ့တဲ့အမှားက အမှန်မဖြစ်နိုင်တော့ပေမယ့်
ရှေ့ဆက်မမှားအောင် သင်ခန်းစာယူနိုင်အောင် ပြင်ဆင်ခွင့်ပေးလိုက်ပါ။
အမျိုးသားများအနေနဲဲ့ကိုယ့်ချစ်သူ အမျိုးသမီးပေါ်သာမက အမျိုးသမီးတိုင်းကို တန်ဖိုးထားပေးစေချင်ပါတယ်။
အမျိုးသမီးများအနေနဲ့လည်း ချစ်တာကချစ်၊ မိုက်မိုက်ကန်းကန်းမချစ်မိအောင် ဆန္ဒကို သိက္ခာနဲ့ထိန်း
ဆိုတဲ့စကားလေးလက်ကိုင်ထားတတ်ကြဖို့၊ ငြင်းတတ်ကြဖို့
တိုက်တွန်းရင်း ရေးသားမျှဝေ‌ပေးလိုက်ပါတယ်..။

မေတ္တာဖြင့်
ဆမ်မြူတာ(16.5.2024)
@sammyuter
Photo from Pinterest

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)