Author's Profile Photo

SarPhat Author

15/05/2024

Pacific Ocean and Atlantic Ocean meet

1 min read
General Knowledge
Pacific Ocean and Atlantic Ocean  meet's photo

ပေါင်းစပ်လို့မရတာ မင်းနဲ့ကိုယ်ပဲရှိတယ်ထင်နေတာ?

"ပေါင်းစပ်လို့မရတဲ့အရာနှစ်ခု" ဆိုတဲ့ caption နဲ့ ပစိဖိတ်သမုဒ္ဒရာနဲ့ အတ္တလန္တိတ်သမုဒ္ဒရာဆုံတဲ့နေရာကို memes တွေမှာ တွေ့ဖူးကြမှာပါ။ ဒီနေ့မှာတော့ အဲပုံထဲက သမုဒ္ဒရာနှစ်ခုဆုံတဲ့နေရာအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ?

ပစိဖိတ်သမုဒ္ဒရာကတော့ ကမ္ဘာ့အကြီးဆုံးနဲ့အနက်ဆုံးသမုဒ္ဒရာကြီးပဲဖြစ်ပါတယ်။ ခန့်မှန်းခြေ 165 million sq kilometers ရှိပြီး 4280 meter လောက်ကိုနက်ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကတော့ 107 million sq kilometers ကျယ်ပြီး 3646 meterလောက်နက်တယ်လို့သိရပါတယ်။ ?

သမုဒ္ဒရာနှစ်ခုဘယ်နေရာမှာ ဆုံတာလဲ??

ဒီသမုဒ္ဒရာကြီးနှစ်ခုကတော့ တောင်အမေရိကတိုက်၊ ချီလီ ( Chile ) နိုင်ငံရဲ့တောင်ဘက်စွန်းမှာရှိနေတဲ့ Cape Horn ဆိုတဲ့နေရာမှာတွေ့ဆုံကြပါတယ်။ အဲဒေသမှာစီးဆင်းနေတဲ့ အားကောင်းတဲ့ရေစီးကြောင်းတွေက အနောက်ကနေအရှေ့ကိုစီးနေပြီးတော့ ပိစိဖိတ်သမုဒ္ဒရာထဲကရေတွေက အတ္တလန္တိတ်သမုဒ္ဒရာထဲကိုစီးဝင်ပါတယ်။ ရေစီးကြောင်းအားသန်တဲ့အတွက်ကြောင့် Cape Horn အနီးနားမှာ သ‌င်္ဘောနဲ့ခရီးသွားခြင်းကအရမ်းအန္တရာယ်များတာမလို့ လူပေါင်းများစွာလဲသေဆုံးခဲ့ရပါတယ်။ ?

သမုဒ္ဒရာနှစ်ခုကို ကွဲပြားတဲ့ပုံစံနဲ့ မြင်နေရပေမဲ့ တကယ်တော့ ပေါင်းစပ်နေကြပါတယ်။ ပေါင်းစပ်နေရဲ့သားနဲ့ ဘာကြောင့် တစ်ရောင်စီမြင်နေရတာလဲဆိုတော့ ဒီအချက်တွေကြောင့်ပါပဲ။ အတ္တလန္တိတ်သမုဒ္ဒရာက ဆားပါဝင်မှုများပြီးတော့ အပူချိန်လျော့နည်းတဲ့အတွက်ပိုပြီးတော့သိပ်သည်းပါတယ်။ ပစိဖိတ်သမုဒ္ဒရာကတော့ ဆားပါဝင်မှုနည်းတဲ့အတွက် သိပ်သည်းဆလဲနည်းပါတယ်။ ဒါကြောင့် သမုဒ္ဒရာနှစ်ခုဆုံတဲ့နေရာက တစ်ရောင်စီဖြစ်နေရတာပါ။ ☯️

ကဲ...သမုဒ္ဒရာနှစ်ခုကတော့ အရောင်မတူလဲပေါင်းစပ်နိုင်သွားပြီ။ ခင်ဗျားတို့ရော?

Keep Reading

Strategy တွေ ထိရောက်ဖို့....မုန်းခိုင်းတိုင်း မုန်းမှာလား ဒါတို့ပြည် -------------စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟာရူကီမူရာကာမိဆိုတာစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusPersonal Finance LevelsVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚