
ယဥ်သီရိလှိုင်(ဆောင်း)

ငယ်ငယ်တည်းကဖေဖေ့ကိုအရမ်းသဘောကျတယ် ဖေဖေလုပ်တာတွေလည်းသဘောကျတယ်ပြီးတော့ဖေဖေကချောတယ်လေ သူများတွေက ဟယ်သူ့အဖေနဲ့တူတယ်တော့ လို့ပြောတဲ့နေ့ဆိုရှက်လို့မပြီးပျော်လို့မပြီး နောက်ပြီးဖေဖေပြောတဲ့စကားတွေဆိုသေချာနားထောင်ပြီး မှန်လားမှားလားလဲပြန်စဉ်းစားတယ် ငယ်ငယ်ထဲကဖေဖေနဲ့အတူနေခဲ့တဲ့အချိန်ကများတော့ ဖေဖေလုပ်သမျှပြောသမျှကအကုန်အကောင်းချည်းဘဲ အဲ့တာနဲ့ကျွန်မ၁၄နှစ်အရွယ်လောက်မှာဖေဖေကပြောပြတယ်သူကဗျာတွေရေးတဲ့အကြောင်း ဝတ္တုတိုလေးတွေလဲရေးတယ်ဆိုတာတွေ နောက်ပြီးကလောင်အမည်တောင်ရှိသေးတယ်တဲ့ အဲ့ထက်ပိုတာကသူ့ဝတ္တုတိုလေးကိုစာအုပ်တအုပ်မှာတောင်ထည့်ရေးပေးတာခံရတယ်ဆိုတာဘဲ ဖေဖေပြောပြတဲ့စာရေးတဲ့အကြောင်းကိုအဲ့ချိန်ကစပြီး စိတ်ဝင်စားလာတယ် စာအုပ်ထဲပါတယ်ဆိုတာကိုအဓိကစိတ်ဝင်စားတာပေါ့ အဲ့တာနဲ့ဒီရန်ကုန်မှာကျောင်းလာတက်ရော ပေါင်းတဲ့သူငယ်ချင်းတွေကလည်းတကယ့်စီးပွားရေးသမားတွေ တနေ့သူငယ်ချင်းတွေစုပြီးကြီးလာရင်ဘာဖြစ်ချင်တယ်ဘာလုပ်မယ်ဆိုတာတွေပြောရင်း ပိုက်ဆံရှာချင်တာကတော့အကုန်တူတူဘဲ ဒါပေမယ့်ကျွန်မတို့၃ယောက်ကအဲ့ထဲကရှာချင်တာ အဲ့တာနဲ့ နင်ဘာလုပ်မလဲမေးကြရင်း ကျွန်မကစာရေးမယ်လို့ပြောလိုက်တယ်ကျန်တဲ့၂ယောက်ကသူတို့လည်းစာရေးမယ်တဲ့ကျန်တာဘာလုပ်ရမှန်းမသိဘူးတဲ့လေ အဲ့မှာဘဲအရင်းအနေနဲ့ စာအုပ်တအုပ်စုပြီးဝယ်လိုက်တယ်စာအုပ်က၂၀၀သူတို့ကတယောက်၅၀စီစိုက်ကြတယ် ကျွန်မကတော့၁၀၀ပေါ့ ကိုယ်ကစတာလေ အဲ့တာနဲ့ဘယ်လိုစာရေးမလဲစဉ်းစာရပြန်တယ် ကိုယ်ကျွမ်းကျင်ရာကအဲ့ချိန်မှာသရဲအကြောင်းဘဲလေ အဲ့တော့သရဲဝတ္တုရေးမယ်ပေါ့ (အမယ်?) အဲ့မှာကျွန်မကအိမ်ကိုစာအုပ်ယူသွားပြီး အရင်ကမေမေတို့ပြောပြတဲ့ သရဲအေကြာင်းချရေးလိုက်တာ် မဆိုးဘူးနော်ရေးရင်းရေးရင်းနဲ့၃မျက်နှာတောင်ရတယ် စာလုံးပေါင်းတွေကဟိုဟာကျန်ဒီဟာကျန် ကိစ္စမရှိဘူးအဲ့တာလဲ မနက်ကျောင်းရောက်တော့သူငယ်ချင်း၂ယောက်ကိုပြလိုက်တယ် ဟာသူတို့ကမိုက်တယ် ယဉ်သီရိလှိုင်နင်တော်တယ်ဟာ တွေဘာတွေဖြစ်ကုန်ရော ကိုယ်ကလည်းဆရာကြီးပေါ့ မြှောက်တော့မြောက်သွားရော အဲ့တာနဲ့တယောက်တနေ့ဆီတပုဒ်စီရေးကြတယ် အဲ့မှာကျွန်မရေးတာကကြားဖူးတာတွေရေးတာ တယောက်ကဇာတ်လမ်းကိုပြန်ရေးတာ နောက်တယောက်ကတော့စာအုပ်ကိုပြန်ပြီးစစ်ရေးတာပေါ့ ပြောရရင်copyကိုမှနဲနဲလေးကွဲပြားတယ် အဲ့တာနဲ့ရက်သိပ်မကြာဘူး တအုပ်ပြီးသွားရော ပြီးတဲ့နေ့ဘဲစာအုပ်မှာကလောင်နာမည်တွေဘာတွေရေးတာ (အမယ့်?) ခနနေတော့သူငယ်ချင်းထဲကတယောက်က စာအုပ်ငှားမယ်တဲ့ဒီစာအုပ်ကိုတနေ့ဘယ်လောက်နဲ့အဲ့လိုမျိုးငှားမယ်ပြောတယ် ကျွန်မကတော့မထင်ဘူး ငါ့တို့စာအုပ်ဘယ်သူကငှားမှာလဲပြောတော့ သူ့ကျူရှင်ကသူတွေကိုသွားမေးကြည့်မယ်ဆိုပြီးထွက်သွားတယ် ခနနေတော့သူ့ကျူရှင်ကသူငယ်ချင်းတွေနဲ့ပြန်လာရော အဲ့ထဲကကောင်မလေးကတအုပ်ဘယ်လောက်နဲ့ငှားမှာလဲတဲ့ကျွန်မကိုမေးတယ် ကျွန်မလဲကြောင်အမ်းအမ်းနဲ့လက်၂ချောင်းထောင်ပြမယ်ရှိသေး သူငယ်ချင်နောက်တယောက်က ၅၀၀လို့ဝင်ပြောတယ် တရက်ကို၅၀၀နဲ့ငှားမယ်ပြောတော့ အဲ့ကောင်မလေးကငှားမယ်ဆိုပြီးစာအုပ်ကိုယူသွားတယ်မနက်ပြန်လာအပ်မှပိုက်ဆံပေးမယ်တဲ့ ဘာဘဲပြောပြောကျွန်မတို့၃ယောက်လုံးတော်တော်ပျော်သွားတယ် နောက်နေ့ကျောင်းရောက်တော့ အဲ့ကောင်မလေးကပိုက်ဆံ၅၀၀နဲ့စာအုပ်ပြန်လာပေးတယ် ပြီးတော့နောက်စာအုပ်ရှိရင်ငှားပါဦးတဲ့ တကယ်ကွာပျော်ချက်က9+ဘဲ အဲ့နောက်ပိုင်းကျောင်းစာတွေအားရင်အားသလို စာတွေရေးတယ်ရေးရင်းရေးရင်းနဲ့သိလာတာက ကိုယ့်စာကိုဖတ်ပြီးဝေဖန်ဆုံးဖြတ်ပေးတဲ့သူတွေရှိရက်ပျော်တယ်ဆိုတာထက်ပီတိကပိုများတယ် အဲ့ချိန်တည်းကစာရေးလာခဲ့တာစာစီစာကုံးပြိုင်ပွဲတွေဆိုလဲမပြိုင်ဘူးဆိုတာမရှိဘူး ဆုမရတာဘဲရှိတယ် ? ဆုဆိုနှစ်သိမ့်ဆုတောင်မရတာ ဒါပေမယ့်ခနဘဲဝမ်းနည်းတယ် ဘာလို့လဲေမးရင် ဖေဖေကပြောတယ်အတွေ့ကြုံဆိုတာယူတတ်ရတယ်တဲ့ အခုခါးပိုက်နှိုက်ခံရတော့လဲပြောတာက သမီးဒီလိုအတွေ့ကြုံဆိုတာလူတိုင်းမရဘူးတဲ့လေ ဟုတ်ပါတယ်ဖေဖေကအဲ့လိုဖေဖေပါ အရာရာတိုင်းကိုအကောင်းဘက်ကတွေးတတ်သူ ဖေဖေက ကျွန်မသာမကဘူးသူစိမ်းတွေကပါလေးစားအားကျရတဲ့လူတော်တယောက်ပါ ဖေဖေ့ကိုစံနမူနာထားပြီးခုချိန်ထိနေလာတာ အခုလဲဒီလိုစာရေးဖြစ်သွားတာကဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး ဖေဖေကရေးလို့လဲမပြောဘူး ဖေဖေ့ရဲ့စကားတွေကဘဲ ကျွန်မကိုစာရေးချင်စိတ်ဖြစ်လာစေတာ အခုချိန်ထိရေးလာသမျှစာတွေက ကျွန်မရဲ့စိတ်ခံစားချက်ကဖြစ်လာတာတွေကိုနဲနဲပါးပါးစာစီပြီးထည့်လိုက်တာပါ ဒီsar phat application မှာမရေးခင် Facebook မှာစရေးခဲ့တယ် စာဖတ်ပေးတဲ့သူအနဲကျဉ်းတော့ရှိပါတယ် ဒါပေမယ့်ဘယ်လောက်နည်းပါစေ ပျော်တယ် တခါတလေစိတ်ထဲမှာတခုခုကိုမကျေနပ်တာရှိနေရင်အာရုံပြောင်းပြီးစာရေးလိုက်တယ် တခါရေးတပုဒ်ပါဘဲ လက်ကွက်ရိုက်တာလည်းအရမ်းမြန်တယ် စိတ်ပါပြီဆိုအဲ့လိုပေမယ့် စိတ်မပါရင်ဘာစာမှမရေးချင်ဘူး ဟုတ် ဆိုတဲ့စာတလုံးတောင်ရေးဖို့ပျင်းတယ် အော်ပြောပြဦးမယ် ကျောင်းတုန်းကအဲ့လိုစီးပွားရေးလုပ်ခဲ့တာကတပတ်ကို၂၀၀၀လောက်ဝင်ငွေရှိနေတာနော်အချဉ်တော့မဟုတ်ဘူး စာအုပ်ကလဲ၅အုပ်လောက်ရှိတယ် အဲ့၅အုပ်ကတယောက်လက်ကချနောက်တယောက်ကငှားပြီးသား အဲ့လိုအားပေးကြမ်းခဲ့တာ စာအရေးသားကောင်းလားဆိုရင် အဲ့ချိန်တုန်းကတော့ဖတ်တဲ့သူတွေကြားထဲကောင်းခဲ့တာပေါ့ တကယ်တမ်းကကျွန်မစာတွေကပေါ့တယ်ဆိုတာသိပါတယ်စာလုံးပေါင်းလဲခုချိန်ထိမမှန်ဘူး စစ်လားဆိုတော့လဲအားမှစစ်တာ အခုချိန်မှာ ကိုယ့်စာတလုံးကသူတပါးအတွက်အဓိပ္ပါယ်ရှိရင်တော်ပြီ တခြားဘာမှမလိုတော့ဘူး တခုတော့ရှိတယ် ဖတ်တဲ့သူများစေချင်တယ် ဒါကစာရေးသူတိုင်းရဲ့သဘောသဘာဝဖြစ်မယ်ထင်ပါတယ်
ချစ်သောreaders လေးတွေ?
Keep Reading