- ကျွန်မတို့ မြတ်စွာဘုရား ဟောတော်မူသော ကံ ဟူသည်အလုပ် ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်တော့ မကောင်းသောတူသောအကျိုးကိုသာ ခံစားရလိမ့်မည်ဟူသောဆုံးမစကားသည် အလွန်ပင် လက်တွေ့ဆန်သောအမှန်တရားဖြစ်ပါသည်
- စာဖတ်သူမိတ်ဆွေများလည်းကြုံဖူးကြလိမ့်မည်ဟုကျွန်မယုံကြည်မိပါသည်
- သို့သော်အရင်ဘဝကဒါနအကျိုးပေးခံစားနေရသောသူတချို့အတွက်မူဒီဘဝမှာမကောင်းသောအရာများလုပ်နေသော်လည်းအရင်ဘဝဒါနအကျိုးကြောင့်ကိုယ်ချမ်းသာနေသော်လည်းပဲစိတ်သည်မည်သို့မျှပင်ချမ်းသာမှုအေးချမ်းမှုမရှိနိုင်ပါ
- ကျွန်မဘန်ကောက်အထည်ချုပ်စက်ရုံတွင်အလုပ်လုပ်ခဲ့စဥ်ကတိုက်ခန်းအတူ၅နှစ်လောက်နေခဲ့သောသူငယ်ချင်းတယောက်သည်ကျွန်မအဝေးသင်ပြန်တက်မယ်မြန်မာပြည်အပြီးပြန်မည်ကိုသိ၍ကျွန်မမပြန်ခင်၆လအလိုလောက်တည်းကကျွန်မနာမည်နှင့်ငွေတိုးချေးသူများ၄ဦး၅ဦးလောက်ဆီမှထိုင်းဘတ်ငွေပမာများစွာချေးထားပါသည်
- ကျွန်မသည်အလွန်ပင်တုံးအခဲ့ပါသည် သူ့လုပ်ရပ်ကိုစိုးစဥ်းမျှပင်မရိပ်မိခဲ့ပါ
- ကျွန်မမြန်မာပြည်ပြန်ချိန်တွင်သူသည်လက်ဆောင်းများပေးပြီး မော်ချစ်ကားဝင်းထိ လိုက်ပို့ခဲ့ပါသည်
- ငွေချေးသူများထံမှ ကျွန်မသည်မိသားစုအဆင်သည့်အတွက်နှင့်ကျောင်းပြန်တက်မည့်အတွက်ငွေချေးသည်ဟုပြောခဲ့ပါသည် ငွေချေးသူများကိုကျွန်မပြန်လာမည်ကိုပြောပြီးချေးယူခဲ့သည် သူသည်ကျွန်မအပြီးပြန်မည်ကိုသိသည် ကျွန်မသူ့ကိုမြန်မာငွေ၈သိန်းပင်ချေးထားခဲ့ပါသည် အဆငိပြေမှပြန်ပေးပေါ့
- ကျွန်မအဝေးသင်တက်ပြီးတလကျော်လောက်ကြာတော့သူကငွေချေးသူများကိုကျွန်မပြန်မလာတော့ဘူးအဆက်သွယ်လည်းမရတော့ဘူးပေါ့ အဲ့အချိန် ကျွန်မနှင့်အလွန်ရင်းနှီးခဲ့သောသူငယ်ချင်းများကျွန်မနှင့် fb friဖြစ်ထားသော်လည်း အကြောင်းရင်းကိုလာမမေးပဲသူပြောသလိုထင်ခဲ့ကြတာပေါ့
- ကျွန်မသည်အိမ်ကလည်းမပြီးသေးဘူး visa လည်းတနှစ်ရှိသေးတော့မိဘတွေကိုပြောပြီးဘန်ကောက်တနှစ်အလုပ်ပြန်လုပ်မယ်ပြောပြီးသူ့ကိုဆက်သွယ်အခန်းအတူပြန်လာနေအုံးမယ်ပေါ့ မန်နေဂျာကလည်းပြန်ခေါ်တော့ အဲ့စက်ရုံပဲပြန်လုပ်ခဲ့တာပေါ့
- ကျွန်မရောက်ပြီးတလလောက်နေတော့ ငွေချေးသူများနှင့်သူဘယ်လိုမှလိမ်ထားတာတွေဖြေရှင်းမရတော့ အကြွေးများလည်းပြန်မဆပ်နိုင်သည့်အတွက်ကြောင့် အခန်းမှာပင်မနေရဲတော့ပဲ ထွက်ပြေးသွားရတော့တယ်
- ကျွန်မချေးထားသည့်ငွေ၈သိန်းရှိတာကြောင့်သူ့တသိန်းကျော်တန်လက်စွပ်နှင့်အခန်းမှ ဂက်စ်မီးဖိုနှင့် Luggage အသစ်တခုတော့ ကျွန်မကိုယူလိုက်ပါဆိုပြီးဖုန်းဆက်ပြောလာတယ် လက်စွပ်ကိုကျွန်မစာအုပ်စင်ပေါ်မှာထားခဲ့တယ်
- သူထွက်ပြေးသွားပြီး သူငယ်ချင်းများပြောပြမှအလုံးစုံကိုသိခဲ့တယ်
- အဲ့အချိန်မှာကျွန်မကြုံခဲ့လိုက်တဲ့ဖြစ်ရပ်လေးကိုစဥ်းစားရင်း ဒါ ကံ ကံ၏အကျိုးပဲ သူတပါးအပေါ်မကောင်းတဲ့စိတ်မထား မကောင်းတာမလုပ်ရင် သူများကိုယ့်ကိုယ်မကောင်းကြံရင်တောင် အဲ့အရာက သူ့ဆီပြန်ရောက်သွားပါလိမ့်မယ်
မြတ်စွာဘုရားရှင်အား သက်ဝင်ယုံကြည်ပါ၏
?ရွှေရင်အေး⌚️
15.05.2024