Author's Profile Photo

SarPhat Author

15/05/2024

ဘာပဲလုပ်လုပ် ၅ မိနစ်ထက်ပိုပြီး အာရုံမစိုက်နိုင် ဖြစ်နေပြီလား ?

1 min read
Life Style
Health
General Knowledge
ဘာပဲလုပ်လုပ် ၅ မိနစ်ထက်ပိုပြီး အာရုံမစိုက်နိုင် ဖြစ်နေပြီလား ?'s photo


ကိုယ်တို့တွေရဲ့ နေ့စဉ်ဘဝမှာလေ
အရေးကြီးတဲ့ ကိစ္စတွေကိုတောင်
အာရုံစူးစိုက်ပြီး ကြာကြာမလုပ်နိုင်တာက

ဖုန်းတွေ screentime တွေကြောင့်ပဲတော့လည်း တိတိပပ ဟုတ်မနေပြန်ဘူး သိလား

ဘယ်လိုပဲ Social Platform အသီးသီးက
စွဲလန်းနေအောင် ဒီဇိုင်းဆွဲထားပါစေလေ

တစ်ရက်မှာ ကိုယ့် screentime က
၅ နာရီလောက်ဆိုရင် အဲ့အချိန်အကုန်လုံးက
Social Media တစ်ခုတည်းကိုပဲ
တန်းတန်းစွဲ သုံးမိနေတာမျိုးမှ မဟုတ်တာဘဲ

တစ်ခုလုပ်ရင်း တခြားတစ်ခုအာရုံရောက်လို့
သွားကြည့်လိုက်နဲ့ ဟိုဟိုဒီဒီကိစ္စတွေနဲ့သာ
အချိန်တွေကုန်လို့ကုန်မှန်းမသိ ဖြစ်ကြတာများ

ဦးနှောက်ထဲမှာ Monkey mind တစ်မျိုးပဲ
အလုပ်လုပ်နေသလိုလိုတွေကို ဖြစ်လို့

တကယ်တော့ ပြည့်ကျပ်‌ညပ်နေတဲ့
စိတ်ဖိစီးမှု‌တွေ ခေါင်းထဲထပ်ရှိနေသေးမှန်း

သတိပြုမိအောင် ခန္ဓာကိုယ်က
အချက်ပြပေးတာလေးတွေတော့ လုပ်ရဲ့

ကိုယ်တွေရဲ့နားကသာ အတွင်းထက်
ပြင်ပအသံတွေကို ပိုကြားတတ်နေခဲ့လို့
မသိလိုက် မသိဘာသာ ရှိနေခဲ့တာ

အာရုံစူးစိုက်မှုလျော့နည်းလာတာရဲ့
အသံတိတ် တရားခံအကြီးစားက

တစ်ရက်ပြီးတစ်ရက် သွားသွားမယူဘဲ
ရရလာတဲ့ စိတ်ဖိစီးတွေကြောင့် ဖြစ်နေတာ

သူ့နောက်မှာ ထက်ကြပ်မကွာ ပါလာတဲ့
လုံလောက်အောင် အိပ်စက်မထားလို့
ပင်ပန်း နွမ်းနယ်နေတဲ့စိတ်ရယ်

လိုအပ်တဲ့ အာဟာရပြည့်ဝအောင်
စားသောက်မပေးထားတဲ့ ခန္ဓာကိုယ်ရယ် နဲ့

မသန့်စင်တဲ့လေထုကို တစ်ဝကြီးရှုရှိုက်နေရတဲ့ အဆုပ်ရယ်က အာရုံစိုက်နိုင်စွမ်းကို
ခိုးယူသွားတဲ့ တကယ့်ပူးတွဲတရားခံတွေပါပဲ

ဖုန်းတို့ နည်းပညာတို့ကြောင့်ဆိုတာ
အနေမတတ်လို့ နောက်ဆုံးကနေကပ်ပါသွားတဲ့
နာမည်ကြီး ထမင်းငတ်တွေများလားပေါ့လေ

အဲ့ဒါကြောင့်မို့ အဝေးကိုပဲ
ကြည့်နေတတ်တဲ့ ကိုယ့်မျက်လုံးတွေကို
ခဏလောက်တော့ မှိတ်ချပစ်လိုက်ပြီး

အရှိတရားကို သုံးသပ်စစ်ဆေးတာမျိုးကို
အချိန်ပေး ပြုပြင်ကြည့်ကြပါဦး လို့
Remind လုပ်လိုက်ရပါတယ်။

Stolen Focus - Johann Hari
the White writes

1 book in one post

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်