Min Khant (Verse)
' ဆရာ Move On လုပ်ဖို့ ခက်နေလို့ပါ '
Move On လုပ်ဖို့ ခက်နေတဲ့သူတော်တော်များများကို ကျွန်တော် Counselling လုပ်ပေးခဲ့ဖူးပါတယ်၊ ဒီတစ်ယောက် Move On လုပ်ဖို့ ခက်နေတာကကျ တစ်မျိုး။
' ဘယ်လို Move On လုပ်ဖို့ခက်နေတာလဲညီမ' ကျွန်တော် ဆက်မေးလိုက်တယ်ပေါ့။ သူပြောတာက နည်းနည်း ခပ်ဆန်းဆန်းရယ်။ ' လက်ရှိမှာ ညီမက ချစ်သူရှိပါတယ်၊ ညီမ Move On လုပ်ဖို့ ခက်နေတာက အတိတ်တွေကနေပါ၊ အတိတ်မှာထားခဲ့တဲ့ ရည်းစားဟောင်း၊ သူငယ်ချင်းတချို့တွေဆီကနေ Move On မလုပ်နိုင်တာပါ'
ကျွန်တော်နည်းနည်းစိတ်ဝင်စားသွားတယ်၊ ဆိုစမ်းပါဦးညီမ ဘာလို့ Move On မလုပ်နိုင်ရတာလဲ။
' အကြောင်းကတော့ အဲ့အတိတ်ကလူတွေပေါ်မှာ ညီမအနိုင်ယူခဲ့ပြီး၊ တော်တော်လေးဆိုးခဲ့မိတယ်ဆရာ၊ ပြန်တွေးတိုင်းလည်း ငါတော်တော် အတ္တကြီးပြီး၊ တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲဆိုတဲ့ အတွေးတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်ဆရာ' တဲ့။
ကျွန်တော်ပြန်ပြောလိုက်တာကလည်း ရှင်းရှင်းလေးရယ်။
' ဒါဆို ညီမခံစားရတဲ့အတိုင်း သူတို့ကိုသွားတောင်းပန်ပြီး စကားပြောလိုက်လေ ' ဆိုတော့။
' ဆရာကလည်း ညီမအဲ့လိုလုပ်လိုက်ရင် ညီမကို သူတို့အထင်သေးသွားမှာပေါ့၊ သွားတော့မလုပ်ချင်ဘူး' တဲ့။
'အဲ့ဒါဆို ညီမ ရှေ့ဆက်နေရတာက ပေါ့ပါးနေမှာမဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ခံစားရင်းနဲ့ပဲ အချိန်ကုန်နေမှာ'
ဒီမှာညီမ အကိုပြောပြမယ် ' တစ်ခါတလေ အကိုတို့က Move On လုပ်ချင်ကြတယ်၊ ညီမလိုပေါ့ အတိတ်မှာ ကိုယ်မကောင်းခဲ့တဲ့သူတွေ၊ ကိုယ်ဆိုးပြီးထားခဲ့တဲ့သူတွေ သူတို့တွေကို ကိုယ်ဒီလိုလုပ်ခဲ့လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြတာပဲ၊ ဒါပေမယ့် ရှင်းရှင်းလေးရယ်၊ Move On လုပ်ချင်တယ်ပြောပြီး ညီမက သူတို့နဲ့ထိပ်တိုက်မတွေ့သေးရင်တော့ အလုပ်မဖြစ်ဘူးရယ်'
' တစ်ခါတလေကျ ညီမလုပ်မိလိမ့်မယ်၊ အခုလိုခံစားနေရတာတွေ တခြားသူငယ်ချင်းတွေ ၂ခါ၃ခါမက ရင်ဖွင့်ပြောမိလိမ့်မယ်၊ ပြောပြီးခဏတော့ပေါ့သွားမှာပဲ၊
Unlock to read this premium article with 100 points.