Author's Profile Photo

SarPhat Author

14/05/2024

မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း...

2 mins read
Life Style
Art
မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း...'s photo


ကိုယ့်ကိုယ်ကိုယ် ပိုပီးတော့ အသိဉာဏ်ကြီးမားလာအောင်၊
တိုးတက်လာအောင်လုပ်တာ၊ သူတစ်ပါးကိုလည်း ပိုပြီးတော့ အသိဉာဏ်ကြီးလာအောင် တိုးတက်လာအောင် ဆောင်ရွက်ပေးတာ။
ဒါကို မေတ္တာလို့ ခေါ်တယ်။

မေတ္တာဟာ ခံစားမှုမဟုတ်ဘူး

???? ?? ????????? ?? ??????. ?? ????? ????????? ?????? ?? ????????? ?????? ?? ????????? ???? ?? ????????????.

ဆက်ဆံရေးပုံစံအမျိုးမျိုးမှာ အဓိပ္ပါယ် အမျိုးမျိုးပေါက်တယ်။
ချစ်တဲ့သူကို မြင်ရရင်ပျော်တယ်၊ မုန်းတဲ့သူကို မြင်ရရင်ဒေါသထွက်တယ်။
မေတ္တာမှာ အဲ့ဒီလိုခံစားမှုမပါဘူး။ အသိဉာဏ်နဲ့ ယှဉ်ပြီး အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာဖြစ်တယ်။

???? ????? ??? ??????? ?? ?????? ?????? ??? ??????????? ??? ???? ?? ?? ???? ?? ???? ???????? ???? ??? ?????'? ????.

မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူကို စိတ်ဓာတ်အားကောင်းလာအောင် လွတ်လပ်တဲ့သူဖြစ်အောင်လုပ်ပေးတာ။ လိုအပ်လာရင် ကိုယ်ချစ်ရသူရဲ့ ဘဝထဲကို နေရာအပြည့် ယူမထားဘဲ နောက်ဆုတ်ပေးတာ။

???? ???? ?? ????? ???? ?? ???? ???? ???? ?????? ???? ???? ????? ??? ????????? ?????? ????.

စစ်မှန်တဲ့မေတ္တာဟာ တဖက်သားက လိုလိုချင်ချင်မပေးဘဲ ဘာမှမယူဘူး။

ဆရာတော်ဦးဇောတိက (မေတ္တာစိတ်စာအုပ်မှ)

ဒီစာအုပ်ကိုဖတ်လိုက်ရတဲ့ အချိန်မှာ ချစ်သူမုန်းသူအပေါ်မှာ ခံစားချက်မပါဘဲ စစ်မှန်တဲ့မေတ္တာမျိုး ထားနိုင်ဖို့ ကြိုးစားရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန် ချမိတဲ့ အလျှောက် ကိုယ့်အပေါ် မကောင်းမှု ပြုသွားတဲ့သူကိုမျက်စိထဲ မြင်ယောင်လာတယ်၊ နောက်ပီး သူတို့အပေါ်မှာ ဂရုဏာစိတ်ဖြစ်ပေါ်လာမိတယ်၊ ဒါဟာလည်း အောက်စဖိုဒ့်ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမတွေကို အမြဲနာယူခြင်းရဲ့ အကျိုးတရားကို သိလာရလို့ ဆရာတော်ဘုရားကြီးကို ရှစ်ခိုးဦးတင်မိပါတယ်။

ကိုယ့်အပေါ် ချစ်တဲ့သူကို မေတ္တာထားဖို့ရာ လွယ်ပေမယ့် မုန်းတဲ့အပေါ်မှာ မေတ္တာထားနိုင်ဖို့ရာဟာ လူစီတို့လို ပုထုဇဉ်လူသားတွေအနေနဲ့ အင်မတန်မှ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဘာလို့လည်းဆိုရင် သူ့ကိုချစ်စိတ်မှမရှိဘဲကိုးး။

လူစီ ဒီအသက်အရွယ်ထိ ဗုဒ္ဓရဲ့ အဆုံးအမတွေကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးပြီးမှနေလာခဲ့တယ်၊ ဖြစ်သန်းလာခဲ့ နှစ် ၃၀ တစ်လျှောက်လုံးမှာ လူမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတယ်။ သိတတ်စအရွယ်ကစလို့ ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်မလုပ်ဖူးခဲ့သလို ကိုယ့်ကိုယ်ဒုက္ခရောက်အောင် လုပ်သွားခဲ့ရင်တောင် ဒါဟာ ငါ့လုပ်ခဲ့တဲ့ အတိတ်ကံကြွေးကိုဆပ်ရတာ၊ ဒါမှမဟုတ် ငါ့ရဲ့ ဉာဏ်ပညာမပါဘဲ လူတွေအပေါ်မှာဆက်ဆံမိတာကြောင့် ခံရတာလို့ပဲ နှလုံးသွင်းပြီး နေနိုင်အောင် ကြိုးစားလာခဲ့တယ်။

ဒါပေမယ့် လူစီဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်တဲ့ ကံကြွေးကြောင့် ကိုယ့်အပေါ်မှာ လိမ်လည်လှည့်ဖျား ကောက်ကျစ်တဲ့သူတွေက ပေးတဲ့ ဒုက္ခကို အချိန်တော်ကြာထိ ရင်ဆိုင်ခဲ့ရတယ်၊ ဒီအခါမှာ သူ့ကံအတိုင်းသွားလိမ့်မယ်ဆိုပြီး မေတ္တာမထားနိုင်သေးပေမယ့် ရန်ကိုရန်ခြင်း မတုန့်ပြန်ပဲ ခွင့်လွတ်နိုင်အောင်ကြိုးစားပြီး ရှောင်နေလိုက်တယ်။ ဒါပမယ့် ဘယ်လိုမှ မရှောင်သာတဲ့ အဆုံးမှာ ဒီအရာကို ရပ်တန့်သွားဖို့ တုန့်ပြန်မှုတစ်ခုကိုလုပ်ခဲ့တယ်။ ဒီလို့တုန့်ပြန်ဖြေရှင်းပီးတဲ့အခါမှာ စိတ်ထဲမှာ အလိုမကျစိတ်ဖြစ်မိတယ်။ ဒါပေမယ့် ထုံစံအတိုင်း အသ်ိ သတိလေးကပ်ပြီး ဖြစ်နေတဲ့ ဒေါသစိတ်ကို လက်ခံပြီး တရားနာလိုက်တဲ့ အချိန်မှာ
ခဏက လူစီအပေါ် လုပ်သွားတဲ့သူတွေကို ဂရုဏာစိတ်ဖြစ်လာမိတယ်။
သူတို့မှာ တရားအသိတွေရှိပါလျှက်နဲ့ လူတွေကို ဒုက္ခရောက်စေတဲ့ ကာယကံမှုကို မရှက်မကြောက် ကျူးလွန်နေကြတာ ကို သတိထားဆင်ခြင်မိခြင်းကြောင့် သူတို့အပေါ်မှာ ဖြစ်နေတဲ့ ဒေါသစိတ်ဟာလည်း
ပြေပျောက်သွားသလို ကိုယ့်ရဲ့စိတ်ကလေးဟာလည်း ပြန်တည်ငြိမ်လာခဲ့တယ်။

လူစီ ဒီလိုပြောလို့ လူစီက ပါရမီရင့်သန်နေတဲ့သူတော့လဲ မဟုတ်သေးပါဘူး။ ငယ်လေးကတည်းက မိသားစုကပေးတဲ့အပူ၊ ပတ်ဝန်းကျင်ကပေးတဲ့အပူ၊ ကိုယ်ကိုယ်တိုင်က ပေးမိတဲ့ အပူတွေကြောင့် အပူတွေကြားမှာ အချိန်တွေအကြာကြီး နေလာခဲ့ရတဲ့အတွက် အေးတဲ့နေရာကို ရှာရင်းက ဗုဒ္ဓ ရဲ့ အဆုံးအမတွေဟာ လူစီအတွက် အေးရိပ်တစ်ခုဖြစ်ခဲ့တာကြောင့် လိုက်နာကျင့်သုံးရင်း လူတော်မဖြစ်ရင်တောင်
လူကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်လာခဲ့ရင်းက
လူစီ နဲ့ နီးစပ်သူမှန်သမျှကိုလည်း အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်စေချင်တဲ့ စိတ်ကြောင့် လူစီရဲ့ အတွေ့အကြုံတွေ၊ လေ့လာမှတ်သားခဲ့တာတွေ၊ သင်ယူခဲ့တာတွေကိုပြန်လည်မျှဝေတဲ့ သဘောပါ။

ဆိုတော့ လူစီရဲ့ တင်သမျှစာလေးတွေကို ဖတ်ရှု့အားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ရင်ထဲကနေ လှိုက်လှဲစွာနဲ့ ကျေးဇူးတင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အမှီပြုနေထိုင်ရတဲ့ လောကကြီးထဲမှာ စာဖတ်သူတွေကြောင့် လူစီဆိုတာ ဖြစ်လာသလို လူစီကြောင့်လဲ
စာဖတ်သူတွေ အကျိုးမယုတ်စေရဘူးဆိုတာလေး ပြောရင်း......

ချစ်သူ၊ မုန်းသူအပေါ်မှာ ခံစားမှုမပါတဲ့ မေတ္တာတရားထားနိုင်ကြပါစေ...

လိမ်ညာလှည့်ဖြားတတ်သောသူများနှင့်လည်း ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်နော်....


pic: pinterest

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်