Par Te
ဘယ်အရာမဆို ပေးဆပ်ခြင်းနဲ့ စတင်တယ်လို့ ဆိုပါတယ်။ ရယူခြင်းနဲ့ စတင်ခဲ့တဲ့ အရာတွေလည်း ရှိပေမဲ့ ကျွန်မသိတဲ့ အချို့အရာတော်တော်များများမှာတော့ ပေးဆပ်ခြင်းတွေနဲ့ စတင်ပါတယ်။
မိခင်တစ်ယောက်က ကလေးတစ်ယောက် ဖွားမြင်လာဖို့အတွက် သူပေးဆပ်ခဲ့တဲ့အရာတွေ များစွာရှိတယ်။ လူငယ်တစ်ယောက်က ချစ်သူရည်စားထားလာရင် အရင်ဆုံးသူ့ရဲ့ ကိုယ်ပိုင်အချိန်တွေ ပေးဆပ်ရတယ်။ ယောက်ကျားလေးတစ်ယောက် မိန်းမယူလို့ ကလေးမွေးလာရင် သူ့ချွေးစက်တွေ စတင်ပြီး ပေးဆပ်ရပြီ။ လူတစ်ယောက် ငွေကြေးအတွက် အလုပ်လုပ်လာရင် သူ့ရဲ့ ခွန်အားတွေ၊ ထက်မြက်မှုတွေ ပေးဆပ်ရသလို၊ လူငယ်တစ်ယောက် ပညာသင်ယူနေရင် သူရဲ့ လွတ်လပ်တဲ့ အချိန်တွေ၊ အိပ်ချိန်တွေ၊ ပျော်ပါးချိန်တွေ လျော့ပြီး ပေးဆပ်ရပြန်တယ်။
ဒီပေးဆပ်ခြင်းဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်လို့ လွယ်ကူလွန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ခက်ခဲ ကြမ်းတမ်းတဲ့အချိန်တွေ၊ ဝမ်းနည်းရတဲ့အချိန်၊ စိတ်ပျက်ရတဲ့အချိန်တွေနဲ့ အားငယ်ရတဲ့အချိန်တွေလည်းကြုံရတတ်ပါတယ်။
ဒါပေမဲ့လေ ဒီပေးဆပ်ခြင်းကနေ ပြန်လည်ရရှိတဲ့အရာတွေဟာ ဈေးပေါ့လှတဲ့အရာတော့မဟုတ်ဘူး တန်ဖိုးကြီးတဲ့အရာတွေပါ။ ကိုယ်ပေးသလောက်ပြန်မရတဲ့အရာတွေရှိပေမဲ့ ပြန်ရတဲ့အရာတွေဟာ အဖိုးတန်တဲ့ အရာတွေပဲဖြစ်ပါတယ်။
တခါတရံမှာ ကိုယ့်မှာရှိနေလို့ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာဖြစ်နေလို့ တန်ဖိုးမထားမိတဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ ရှိနေနိုင်ပေမဲ့ အသုံးမပြုလို့ အသုံးမဝင်ဘူးထင်ရပေမဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေဟာ အချို့သူတွေအတွက် လိုအပ်နေလို့ အသည်းအသန်ရှာဖွေ လေ့လာနေရတဲ့အရာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ပေးဆပ်မှုတိုင်းကို တန်ဖိုးထားပါ။ ကိုယ်ပေးဆပ်ခဲ့လို့ရရှိခဲ့အတဲ့ သင်ခန်းစာတွေ အတွက်လည်း မိမိကိုယ်ကိုယ် ကျေးဇူးတင်ဂုဏ်ပြုပေးပါ။ လောကမှာ ဘယ်အရာကမှ အလကားရထားတာမရှိပါဘူး။ ကိုယ့်ဘက်က ဘာမှပေးစရာမလိုဘဲ ရရှိထားသည့်တိုင်အောင် ကိုယ့်ကိုပေးတဲ့သူက ကိုယ့်အတွက် ပေးဆပ်ထားတာမို့လို့ပါ။
ကျမတို့ ဘာတွေပေးဆပ်ပြီးပြီလဲ ပေးဆပ်မှုရဲ့ ရလဒ်တစ်ခုတော့ ရှိနေမှာပါ။ ရလဒ်ကောင်းတွေရရှိထား
ရင် ပေးဆပ်ခဲ့တဲ့အချိန်မှာ ပင်ပန်းမှုတွေကြုံတွေ့ခဲ့ရမယ်ထင်ပါတယ်။
၁၃-၅-၂၀၂၄
Keep Reading