SarPhat Author
ငယ်ငယ်က Hard working လုပ်တဲ့ မည်သူမဆို appreciate လုပ်တယ်။ လေးစားတယ်။ အားကျတယ်။ အတုယူတယ်။
ကိုယ်လည်း တစ်နေ့ သူတို့တွေလို လုပ်နိုင်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ချက်တွေ အကြိမ်ကြိမ် အခိုင်အမာ ချခဲ့ဖူးတယ်။
Hard working တွေတော်တော်များများက Plan, Management တွေကို မေ့ပြီး လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ Robot တွေလို ကိုယ့်ကိုယ်ကိုယ် အသကုန် run တာ။
Ceremony တစ်ခုခုလုပ်ပြီဆို Prepare မလုပ်ထားတော့ အိုးနင်းခွက်နင်း၊ မှားမှားယွင်းယွင်းနဲ့ အသကုန်အရှက်ကွဲ တော့တာပါပဲ။
Hard working တွေက အသကုန်လည်း အလုပ်လုပ်တော့ ပင်လည်း ပင်ပန်းတယ်။ Result ကလည်း Satisfied result မရတော့ ကြာလာတော့ လူရဲ့ Energy ကလည်း ကုန်လာတယ်။
ကိုယ်လည်း အရင်ကဆို Hard working လုပ်တဲ့အထဲမှာ ပါခဲ့တဲ့သူတော့ 20 Liters ရှိတဲ့ ဗူးကြီး 15ဗူးလောက်ကို ကိုင်ပြီး နေရာရွေ့လိုက်တာ။
လက်ဆစ်လွဲသွားပြီး ၁ပတ်လောက်ခံလိုက်ရတယ်။ ညအိပ်ရင်အောင် ညာဘက်လှည့်အိပ်လို့ မရတဲ့ အခြေအနေအထိပါပဲ။
အရင်ကဆို ဘာလုပ်လုပ် လူငယ်ဆိုတော့ အမြန်ပြီးချင်တာပဲ သိတော့ အသကုန်လုပ်တာ။ တကယ်တမ်း ညလည်း ရောက်ရော ရှယ်ပန်းပြီး ဘာမှ မလုပ်ချင်၊ မကိုင်ချင်လောက်အောင်ကို ရှယ်နွမ်းကျခဲ့ဖူးတယ်။
တကယ်တမ်း အသက်ရလာတာရယ် လုပ်ငန်းခွင်ရဲ့ experience ကြောင့်ရယ်လားတော့ မသိဘူး။
Hard working ကို လက်မခံချင်တော့ဘူး။ Smart working ကမှ တကယ့် professional ကျတာကို သိလာရတယ်။
Smart working ဖြစ်ဖို့ဆိုတာက SOP, Plan, Management, Prepare, Update News, Worldwide trends တွေကိုတော့ မျက်ခြေမပြတ် လေ့လာနေဖို့တော့ လိုတယ်။
လုပ်ငန်းခွင်မှာတော့ Smart working ဖြစ်ချင်ရင်တော့ Plan, Management ကောင်းနေရင်တော့ လုံလောက်မယ်လို့ ထင်တယ်။
CSOs မှာ အလုပ်လုပ်ခဲ့ဖူးတော့ Ceremony အကြီးကြီးကို 2 members ထဲနဲ့ လုပ်သွားတယ်။ ဘာလိုအပ်ချက်မှ မရှိ။အမှားအယွင်း မရှိ။ အကုန်အဆင်ပြေနေတာ တွေ့ရတယ်။
Smart working ဖြစ်ပြီး Professional ကျတယ်လို့ ဆိုရမယ်။
ကိုယ့်မိတ်ဆွေပြောဖူးတာက အလုပ်လုပ်တာက ၁ရက်တည်း မဟုတ်ဘူး။ ရေသာခိုခိုင်းနေတာတော့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ်။ Energy saving ရမယ်။
တကယ်တမ်း အနှစ်ချုပ်ရမယ်ဆိုရင် Smart working ဆိုတာက ကိုယ့်ကိုယ်ကိုယ် ပိုချစ်ရမယ်။ Energy saving ရမယ်။ အလုပ်လုပ်တာ Professional ကျရမယ်။
Brain သုံးရမယ့် အလုပ်မျိုး၊ brain ဆိုတာက စဉ်းစားလေ၊ တွေးလေ၊ ညစ်လေ ထွက်လေပဲဆိုတော့ Thinker, Innovative, Knowledge ဆိုတဲ့ အရာမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မသနားတော့ပဲ အသကုန် run တော့တာပါပဲ။
Smart working ဆိုတာက Energy သုံးပြီး ကိုယ့်အတွက် ဘာမှမကျန်တဲ့ အရာမျိုးတွေကို Saving လုပ်တတ်ကြပြီး
Brain နဲ့ အလုပ်လုပ်ရတဲ့ အရာမျိုးတွေ တီထွင်ကြံဆမှုတွေ သူများမတွေးနိုင်တဲ့ အသစ် အသစ်သော အရာတွေကို တွေးတာ။
Smart working တွေက တစ်ခုခုလုပ်ပြီး ကိုယ့်အတွက် many benefits ကျန်နေခဲ့ပြီး Professional ကျတဲ့သူတွေလို့ ထင်မြင်သုံးသပ်မိပါတယ်။
My own thinking ?☺️
ခင်ခင်ချော(ပင်းတယ)
Photo from Google
Keep Reading