SarPhat Author
ယနေ့ခေတ်လူတော်တော်များများက
ဘုရားရှိခိုးဖို့ပျင်းကြတယ်
တချို့ဆိုလုံးဝကိုတောင်ရှိမခိုးကြတော့ဘူး
ဒါပေမဲ့အလုပ်လျှောက်တော့မယ်၊
စာမေးပွဲဖြေတော့မယ်ဆိုရင်
သူတို့လောက်ဘုရားတရားကိုးကွယ်တဲ့သူမရှိတော့ဘူး
ဗေဒင်ဆရာဆီသွားလိုက်၊နတ်ဆရာမဆီသွားလိုက်
ဘုရားမှာသစ်သီးတွေကပ် ၊ ပန်းတွေကပ်ပြီးယတြာချေလိုက်နဲ့အလုပ်တွေရှုပ်နေကြရောပဲ
တကယ်လည်းအလုပ်ရပြီ၊စာမေးပွဲအောင်ပြီဆိုဘုရားကိုတစ်ပတ်တစ်ခါ၊တစ်လတစ်ခါတောင်မသွားကြတော့ဘူး
ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ်
ဘုရားတရားကိုလိုအပ်မှမလုပ်ပါနဲ့
ပုံမှန်လုပ်ပါ တကယ်ကိုအစွမ်းထက်ပါလိမ့်မယ်
ဆရာပြည့်ခိုင်လည်းပြောဖူးပါတယ်
ဘုရားတရားကိုလိုအပ်မှမလုပ်နဲ့
လိုအပ်မှလုပ်ရင်သိပ်အစွမ်းမထက်ဘူး
မလိုအပ်ခင်လုပ်တဲ့
မလိုအပ်တော့လောက်အောင်အစွမ်းထက်လိမ့်ပါမယ်တဲ့
Ryan Dash
Keep Reading