Author's Profile Photo

SarPhat Author

13/05/2024

" မေ့ပြစ်သင့်တဲ့သူကို မေ့ပြစ်လိုက်ခြင်းဖြင့် ဘ၀ကို လွတ်လပ်စွာ ပျံသန်းခြင်း "

2 mins read
Life Style
Personal Development
History
" မေ့ပြစ်သင့်တဲ့သူကို မေ့ပြစ်လိုက်ခြင်းဖြင့် ဘ၀ကို လွတ်လပ်စွာ ပျံသန်းခြင်း "'s photo

အရင်နေ့က post တင်လိုက်တော့ ၂၀၁၈ခုနှစ်ကတည်းရင်း အရမ်းရင်းနှီးတဲ့ အသိက comment ၀င်မန့်တာ " လွမ်းနေလား။ သတိရနေလား။ " ဆိုတဲ့ စာဖတ်ပြီး ၅မိနစ်လောက်ကြောင်သွားတယ်။ ဒီ post မယ်က "လွမ်းစရာ၊ သတိရစရာ" လည်း မပါတာကို ဘာလို့ ‌အဲလို့၀င်မန့်လဲပေါ့။ မေ့လျော့ပြစ်ပယ်ထားခဲ့တာ ၂နှစ်ဆိုတဲ့ ကာလတောင် ရှိနေခဲ့ပြီကို ဘာမှ မမှတ်မိတော့ပါဘူး။

အလွတ်ရနေတဲ့ ဖုန်းနံပါတ်တွေ၊ အလွတ်ရနေတဲ့ နာမည်တွေနဲ့ အလွတ်နီးပါးရနေတဲ့ အမှတ်တရတွေ အကုန်လုံး ပြန်ပြီး recall ပြန်မခေါ်တော့ တကယ် ဦးနှောက်ထဲမှာ ဘာမှမရှိတော့ပါဘူး။ အခုချိန်မှာ အရင်လူကို သတိရနေသေးလားမေးရင် ကိုယ့်မှာတော့ အဖြေပြန်ပေးစရာ စကားလုံးတောင် မရှိတော့ပါဘူး။ မေ့ပြစ်လိုက်ပြီဆို သူနဲ့ပတ်သက်တာ ဘာကိုမှ မတွေးတော့ မစဉ်းစားတော့ပါဘူး။

ဆယ်တန်းတုန်းက ကြက်တူရွေးနှုတ်တိုက်ကျက်ထားတဲ့ စာတွေကို ဘယ်သူမှ ဦးနှောက်ထဲမှာ ကြာကြာမထားပါဘူး။ အသစ်တွေ ထပ်ထည့်ဖို့ Delete လုပ်လိုက်ရတာပါပဲ။

Life is simple (ဘ၀က ရိုးရှင်းတယ်) ex တွေ ဖွန်ကြောင်တာတွေ မရှိအောင်လည်း နေတယ်။ Personal is simple (ကိုယ်ရေးကိုယ်တာ ရိုးရှင်းတယ်) ဘ၀မှာ ex တွေကို သူငယ်ချင်းအနေနဲ့ထားရမှာ မကြိုက်ဆုံးအရာပါပဲ။

ex နဲ့ ပြတ်သွားတော့ နောက်ဆုံးအနေနဲ့ သူနဲ့ ဖုန်းပြောခွင့်လေးပေးပါဆိုပြီး ကိုယ့်ကိုယ် text message နဲ့ request လုပ်တယ်။ ကိုယ်ကလည်း text message နဲ့ပဲ reply ပြန်လိုက်တယ်။ " ညီမကို respect ရှိတယ်ဆိုရင် ဘယ်သောအခါမှ မဆက်သွယ်လာပါနဲ့။ လာလည်း မပတ်သက်ပါနဲ့။ Facebook မယ် unfriend လုပ်လိုက်ပြီ။ လာမ add ပါနဲ့။ တွေ့ဖို့လည်း ဘာအကြောင်းကိစ္စကိုမှ လာမဖန်တီးပါနဲ့။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတာပေါ့။ ပြည်နယ်နဲ့ တိုင်းခြားနေတာ ဆုံဖို့လည်း မရှိတော့ဘူး။ အေးဆေးလေးနေပေးပါ။ " ဆိုတဲ့ နောက်ဆုံး text message ပြန်လိုက်တယ်။

၁နှစ်ကြာတော့ သူငယ်ချင်းဆီကို ကိုယ့်အကြောင်းမေးတယ်။ " သူ ရည်းစားရနေပြီလား။ သူ ပျော်နေလား။ " သူငယ်ချင်းက ရည်းစားတော့ မထားဖြစ်ဘူး။ အပြည့်အ၀တော့ ဘယ်ပျော်နိုင်ပါ့မလဲပြောတော့ ကျနော် ဆက်သွယ်ချင်ပေမယ့် မဆက်သွယ်ရဲဘူးဗျ။ ကျနော် သူ့ကို respect ရှိရမယ်လေနော။ ကျနော် တစ်ခုတောင်းဆိုချင်တာက " ပျော်‌ပျော်နေပါ။ " လို့ပဲ ကျနော့်အစား နောက်ဆုံး‌အနေနဲ့ ပြောပေးပါ။

၂နှစ်ကြာတဲ့ အချိန်မှာတော့ သူ့ရဲ့ သူငယ်ချင်းက ကိုယ့်ကိုယ် messenger မှာ စကားလာပြောတယ်။ " အခုချိန်ထိ ညီမ ကောင်လေး မထားဘူးဆို အဲလို့ကောင်လေး မထားလေ ကျနော့် သူငယ်ချင်းက ပိုခံစားရ။ ပိုနာကျင်ရလေပဲဗျ။ ယောကျာ်းအချင်းချင်းဆိုတော့ ကျနော့် သူငယ်ချင်း ခံစားချက်ကို ကျနော်ကောင်းကောင်းကြီး နားလည်တယ်ဗျ။ သူ မူးလာရင် ညီမအကြောင်း ပွန်ပွန်လာလေ့ရှိတယ်။ တကယ်ချစ်ခဲ့တာကိုတော့ ယုံကြည်စေချင်တယ်ဗျ။ နောက် ၂ရက်လောက်နေပြီးရင် သူ မင်္ဂလာဆောင်တော့မယ်။ ညီမလည်း ပျော်ပျော်နေပါ။ လွတ်လပ်စွာ ပျံသန်းပါ။ ဒါ သူ မသိဘူး။ ကျနော် ကြားထဲက မနေနိုင်လို့ လာပြောပြတာပါ။ ကျနော် ညီမကို unfriend လုပ်လိုက်မယ်။ ဒါနောက်ဆုံးပြောခြင်းပါ။ ခုလိုပြောခွင့်ပေးတဲ့အတွက် ကျေးဇူးပါ။ " အဲလို့ပြောပြီး သူ့ဟာသူပဲ unfriend လုပ်ပြီး အဆက်သွယ် မလုပ်တော့ပါဘူး။

ကိုယ့်မိတ်ဆွေက ကိုယ့်အကြောင်း သူငယ်ချင်းဆီက မေးထားတော့ " မင်း ရခဲလှတဲ့ လူ့ဘ၀မှာ ဘာလို့ ပျော်ပျော်မနေတာလဲ။ လူ့ဘ၀က တိုတိုလေး။ မေ့ပြစ်သင့်သူကို မေ့ပြစ်လိုက်ပါလား။ ကျနော်ဆို ၂ကြိမ်တောင် စေ့စပ်ဖူးတယ်။ ၂ယောက်လုံးနဲ့ လက်မထပ်ခဲ့ရဘူး။ ၂ယောက်လုံးက ကျနော် မဟုတ်တဲ့ တခြားလူနဲ့ လက်ထပ်သွားကြတယ်။ " ကျနော့်အဖြစ်ကိုပဲ ကြည့်တော့ မင်းက သူနဲ့ သူငယ်ချင်းလို အကြာကြီးဖြစ်ခဲ့ပြီးမှ ရက်ပိုင်းလောက်ပဲ ချစ်သူဖြစ်ခဲ့ကြတာ ဘာမှ မဟုတ်ပါဘူး။ ခေါင်းထဲက ထုတ်ပြစ်လိုက်ပါတော့။

တကယ်တော့ ကိုယ်က လူတွေကို သိပ်မယုံရဲတော့တာရယ် တစ်ယောက်တည်းနေချင်တာရယ်ကြောင့် me time ယူလိုက်တာပါ။ ကိုယ့်မိတ်ဆွေပြောတဲ့ နေ့ကစပြီး သူ့ကို ခေါင်းထဲ မှတ်ဉာဏ်ထဲက ထုတ်ပြစ်လိုက်တာပါ။ ဘာဆို ဘာမှ မတွေးမိ၊ သတိမရမိတော့ပါဘူး။ နောက်ပိုင်း creative, innovation and thinking တွေ စိတ်၀င်စားတော့ ဦးနှောက်က အသစ်အသစ်တွေ တွေးရင်း စဉ်းစားရင်း သူနဲ့ပတ်သက်တာ ဘာဆို ဘာမှကို မသိတော့ပါဘူး။

တကယ်တမ်းပြန်တွေးကြည့်တော့ ex နဲ့ ဆက်သွယ်နေကြတာက ၂ယောက်လုံးအတွက် ဘာမှမကောင်းပါဘူး။ ဆယ်ကျော်သက်အရွယ် မနူးမနပ်၊ မရင့်ကျက်တဲ့အရွယ်ကနေ တက်လာမှာ မဟုတ်ပါဘူး။

အချစ်ဦးဆိုတာ မြေးဦးရတဲ့အထိ မမေ့ဘူးလို့ ပြောကြပေမယ့် ကိုယ့်အတွက်ကတော့ ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရင်း နောက်ဆုံးမှာ ကိုယ်နဲ့ အတူတူရှိ‌နေမယ့် သူသာ အရေးကြီးတယ်လို့ ထင်ပါတယ်။

ခင်ခင်ချော
Photo from goggle.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ် စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ခြောက်-မရှိခြင်းရဲ့တန်ဖိုးမေတ္တာပေးခြင်းဆ်ိုသည်မှာ...