Author's Profile Photo

SarPhat Author

12/05/2024

အားနည်းချက်ထဲမှာယုံကြည်မှုရှာ

1 min read
Life Style
Personal Development
18 Again
အားနည်းချက်ထဲမှာယုံကြည်မှုရှာ's photo

▪️စာဖတ်သူဟာဘာတွေလုပ်ရင်းနေ့စဥ်ဘဝကိုဖြတ်သန်းနေမှန်းမသိပေမယ့်သေချာတာတစ်ခုကတော့ စာဖတ်သူရောလူတစ်ယောက်စီတိုင်းမှာပါအားနည်းချက်နဲ့အားသာချက်ရှိကြတာပါပဲ။ဒီစာမှာအဓိကဆွေးမနွးမှာကတော့ ကိုယ့်မှာရှိတဲ့အားနည်းချက်ကြောင့် စိတ်မလုံမခြုံ၊ယုံကြည်မှုမရှိ၊မဝံ့မရဲဖြစ်တဲ့ ပြဿနာပါ။
▪️လူဆိုတာဟာအားနည်းချက်ရှိတာသဘာဝပါ။အားနည်းချက်တိုင်းကိုသာပုံကြီးချဲ့ပြီးခံစားနေရင် ဘယ်မှာယုံကြည်မှုဆိုတာရှိတော့မှာလဲ။
အကြောင်းရင်းကိုဆန်းစစ်ကြည့်ရင်ဒီလိုခံစားချက်မျိုးဟာ ပင်က်ိုဗီဇထက်ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုက အများကြီးပိုအကျိုးသက်ရောက်မှုရှိပါတယ်။
▪️ဒါကိုဖြေရှင်းဖို့စဥ်းစားစရာနည်းလမ်းတွေထဲကတစ်ခုကကျွန်မတို့ရဲ့အတိတ်တွေထဲကသာ လွတ်လွတ်ကျွတ်ကျွတ်ရုန်းထွက်နိုင်ခဲ့ရင် နေ့စဉ်အဆိုးလောကဓံရဲ့ရိုက်ခတ်မှုတွေကို မနည်းအဆင်ပြေပြေလေး တုံ့ပြန်နိုင်ပြီ ဆိုတာပါပဲ။ဥပမာတစ်သက်လုံးအနှိမ်ခံရ၊အလှောင်ခံရတဲ့သူများနင်းပြားဘဝငယ်ငယ်တုန်းကဖြစ်ခဲ့တာကို သိမ်ငယ်စိတ်မထားဘဲရဲရဲရင့်ရင့်လုပ်ကိုင်တတ်တဲ့သူလိုမျိုးပေါ့။
▪️ဒီလိုစိတ်ထားပြောင်းနိုင်ဖို့အတွက်ကြုံခဲ့ရတဲ့နှိမ့်ချခံခဲ့ရတဲ့ဖြစ်ရပ်တွေဟာလောလောဆယ်မဟုတ်ဘဲအတိတ်မှာဖြစ်ခဲ့တာပါဆိုတဲ့သဘောကိုရှင်းရှင်းမြင်ဖို့ခဏခဏဆင်ခြင်ဖို့လိုအပ်ပါတယ်။ လောလောဆယ်မှာဒီလိုဖြစ်မနေဘူးဆိုတဲ့အသိကိုထပ်ခါတလဲလဲကြုံကြိုက်တဲ့အခါတိုင်းတွေးရပါမယ်။
▪️နောက်တစ်ချက်အနေနဲ့ပြီးခဲ့တဲ့ခေတ္တဖြစ်ရပ်၊ခဏတာအားနည်းချက်တွေအတွက်လည်းစိတ်ထားတတ်ဖို့လိုပါတယ်။ဥပမာ-ရုတ်တရက် အတိတ်ကမပြောသင့်တာကိုပြောလိုက်မိခဲ့တာကိုသတိရမိတဲ့အခါ၊လူတစ်ယောက်အတွက် အရမ်းကြီးတွေ စျေးပေါမိခဲ့တာကိုဆင်ခြင်မိတဲ့အခါ မချင့်မရဲဖြစ်တဲ့ခံစားချက်မျိုးပြန်ရပါတယ်။အဲဒီလိုအခြေအနေတွေမှာဆိုလဲ ကိုယ့်ဘက်ကအားနည်းခဲ့၊လိုအပ်ချက်ရှိခဲ့တာတွေအတွက် စိတ်ထိခိုက်မိတာထက်နောက်ဒီလိုမဖြစ်ရအောင် သင်ခန်းစာယူတတ်တဲ့၊ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်တတ်တဲ့စိတ်ထားလေးထားဖို့လိုအပ်ပါတယ်။ဘယ်လိုပဲအမှားလုပ်ခဲ့လုပ်ခဲ့၊ငါဟာငါပဲ၊ငါ့ကိုငါပဲခွင့်လွှတ်နိုင်မှာ။ နောက်တစ်ခါဒီလိုမလုပ်ဘူးနော်ဆိုတဲ့စိတ်ထားလေးကိုယ်တိုင်မွေးရပါမယ်။
▪️အရေးကြီးတာကတော့လုပ်စရာရှိတာတစိုက်မတ်မတ်ဆက်လုပ်သွားဖို့နဲ့အဆိုးမြင်ဝါဒီတွေကိုဂရုမထားဘဲအမှားနဲ့အားနည်းချက်တွေထောက်ပြတဲ့ဝေဖန်ချက်တွေကိုသုံးသပ်ပြီးဖြည့်ဆည်းဖို့ဖြစ်ပါတယ်။ကိုယ်မှားခဲ့တယ်ဆိုရင်လည်းမှားခဲ့တာကိုဝန်ခံရဲတဲ့သတ္တိရှိရမှာပေါ့။နောက်ပြီးကိုယ့်ကိုကိုယ်တန်ဖိုးထားပါ။လူတိုင်းဟာအများနဲ့မတူတဲ့အားသာချက်မျိုး၊အရည်အချင်းမျိုးရှိပါတယ်။
▪️အနှစ်ချုပ်ရရင်တော့ရေတို၊ရေရှည်အတိတ်မှာလုပ်ခဲ့တဲ့အမှားတွေ၊စိတ်ဒဏ်ရာတွေထဲမှာပိတ်မိမ‌ နေဘဲပစ္စုပ္ပန်မှာနေကြမယ်။ လူတိုင်းဟာအမှားနဲ့မကင်းတာမို့အပြစ်မတင်ဘဲခွင့်လွှတ်သင်ခန်းစာယူကြမယ်။
။ပြည့်စုံမှုဆိုတာတံလျှပ်သာသာဖြစ်တဲ့လောကမှာ
အားနည်းချက်တွေထဲကနေယုံကြည်မှုကိုတည်ဆောက်ကြမယ်နော်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်