မြ (စံကားဝါမြေ)
ဒီနေ့မှာတော့ မြက ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ အများကြီးထဲကမှ အံ့ဩဖွယ်ရာ ကောင်းလှတဲ့ "အရပ်အမြင့်ဆုံးတိရစ္ဆာန် သစ်ကုလားအုတ်အကြောင်း" လေးကို ဆောင်းပါးရေးသွားမှာပါရှင်။
ကဲ...... ဒါဆိုရင် စာဖတ်သူလေးတို့ မြနဲ့အတူတူ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ကြရအောင်လားရှင်.....
သစ်ကုလားအုတ်တစ်ကောင်ရဲ့လည်တိုင်ကြီးက သိပ်ပြီးရှည်လျားပါတယ်။ အတိုင်းအတာအရဆိုရင် (၆)ပေခွဲလောက်တော့ ရှည်မှာပေါ့နော်။ အဲဒီတော့ သစ်ကုလားအုတ်ကြီးတွေက သစ်ပင်အမြင့်ကြီးတွေပေါ်က အရွက်နုလေးတွေကို မိမိရရ ကိုက်ဖြတ်/ဝါးမျိုဖို့အတွက်လည်း နှုတ်ခမ်းအရှည်ကြီးနဲ့ ပါးစပ်လည်း ပါသေးပါတယ်။ ဒါ့အပြင် အဝေးမှာရှိတဲ့ မမီမကမ်း သစ်ရွက်တွေကို ဆွဲယူစားသောက်နိုင်ဖို့အတွက်လည်း တစ်တောင်နီးပါးရှည်တဲ့ လျှာလည်း ပါရှိသေးတော့ စိတ်တိုင်းကျ စားသောက်လို့ရတာပေါ့ရှင်။
သူ့ရဲ့ လည်တိုင်ရှည်ကြီးမှာဆိုရင် မြတို့ လူတွေရဲ့ လည်ပင်းလိုပဲ အရိုး(၇)ချောင်းပါရှိပါတယ်။ ပြီးတော့ သူ့မှာက လည်ပင်းအရိုးပဲ ကြီးတာ မဟုတ်ပါဘူး။ ခြေထောက်ကြီးတွေကလည်း (၆)ပေလောက် ရှည်ပါတယ်။
သစ်ကုလားအုတ်ကြီးရဲ့ အရပ်ကို မြေပြင်ကနေ တိုင်းကြည့်မယ်ဆိုရင် သစ်ကုလားအုတ်တစ်ကောင်ရဲ့ အရပ်အမောင်းက (၁၆)ပေကနေ (၁၈)ပေအထိ မြင့်မားတာကို တွေ့ရပါလိမ့်မယ်ရှင်။
ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ပုံပန်းသဏ္ဌာန်က သဲကန္တာရထဲက ကုလားအုတ်နဲ့တူတယ်။ ကိုယ်ခန္ဓာပေါ်က အကွက်၊ အပြောက်တွေကတော့ ကျားသစ်ကွက်နဲ့ တူနေပါတယ်။
ဒါ့ကြောင့် ကျားသစ်နဲ့ ကုလားအုတ်ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ပုံဏ္ဌာန်မလို့ [ကျားသစ်+ကုလားအုတ်=သစ်ကုလားအုတ်] လို့ ခေါ်ဆိုကြတာပေါ့ရှင်။
မြရဲ့ ဆောင်းပါးလေးကို ဖတ်ပြီးပြီဆိုတော့ နောက်ထပ် ဘယ်လိုထူးဆန်းတဲ့ သတ္တဝါလေးတွေအကြောင်းကို ရေးသားသွားဦးမလဲဆိုတာ စောင့်မျှော်ဖို့အတွက်....
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
12.5.2024(Sunday)
Keep Reading