Author's Profile Photo

အက္ခရာ - Haruki

12/05/2024

Friendship တစ်ခုကို အလွယ်တကူပြတ်စဲသွားအောင်လုပ်နိုင်တဲ့အရာများ

1 min read
Life Style
Personal Development
18 Again
Friendship တစ်ခုကို အလွယ်တကူပြတ်စဲသွားအောင်လုပ်နိုင်တဲ့အရာများ's photo

Fake တွေများတဲ့ အခုလိုလောကထဲမှာ ကောင်းမွန်ပြီးစစ်မှန်တဲ့ Friendship တစ်ခုကို တည်ဆောက်နိုင်ဖို့က မလွယ်လှပါဘူး။ ဒါကြောင့် ကိုယ့်မှာ ကောင်းမွန်ပြီးစစ်မှန်တဲ့ Friendship ရှိတယ်ဆိုရင် ခိုင်မြဲအောင်ထိန်းသိမ်းသင့်ပါတယ်။

ဒါဆို ဘယ်လိုခိုင်မြဲအောင် ထိန်းသိမ်းမလဲ။ ဒီဆောင်းပါးထဲက ကျွန်တော်မျှဝေထားတဲ့အချက်တွေကို ကိုယ့်သူငယ်ချင်းပေါ်လုံးဝမလုပ်မိပါစေနဲ့။ ဘာကြောင့်လဲဆိုရင်တော့ ဒီအရာတွေက Friendship တစ်ခုကို အလွယ်တကူ ပြတ်စဲသွားအောင်လုပ်နိုင်တဲ့ အရာတွေ ဖြစ်နေလို့ပါပဲ။

ဒီထဲက အချက်တွေကိုသတိထားရှောင်ရှားခြင်းဖြင့် ကောင်းမွန်သော သူငယ်ချင်းဆက်ဆံရေးကို တည်ဆောက်နိုင်ပါစေခင်ဗျာ။

၁။ မနာလိုစိတ်များခြင်း

Friendship တစ်ခုကို ပြတ်စဲအောင်လုပ်နိုင်တာ၊ လူတွေရဲ့စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်တာက မနာလိုစိတ်ပါပဲ။ မနာလိုစိတ်က တစ်ယောက်ထဲဖုံးကွယ်ထားလို့လည်း ခဏပဲရမှာပါ။ အချိန်တန်ရင် ဟန်မဆောင်နိုင်ပဲ ပေါ်လာတာပါပဲ။ ခဏခဏပေါ်လာ တဲ့အခါမှာတော့ Friendship တစ်ခုက ဝေးကွာပြီး ပြတ်စဲသွားမှာပါပဲ။

၂။ သစ္စာမရှိခြင်း

ကိုယ့်ကိုယုံကြည်လို့ပြောပြထားတာတွေကို နောက်ကွယ်မှာပြန်ပြီး အပုပ်ချတာတွေ၊ အခုခေတ်ဆို ကိုယ့်သူငယ်ချင်းရဲ့ရည်းစားကို စနှိုက်ကျော်တာတွေ စတဲ့သစ္စာမရှိမှုတွေကြောင့်လည်း Friendship တစ်ခုက အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။

၃။ တစ်ကိုယ်ကောင်းဆန်လွန်းခြင်း

ဘယ်လိုဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူပါနေရင် အဆင်မပြေပါဘူး။ တစ်ဖက်လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ လူအမြင်ကပ်စရာလည်းဖြစ်ပြီး ဆက်ဆံရေးတွေမှာ အဆင်မပြေဖြစ်ရပါတယ်။ သူကကိုယ့်အတွက်ပဲကိုယ်ကြည့်တာ၊ တစ်ကိုယ်ကောင်းဆန်လွန်းတယ်ဆိုပြီး ကိုယ့်ကိုပယ်ထားတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။

၄။ နားလည်မှုအထင်အမြင်လွဲမှားခြင်း

သူငယ်ချင်းအချင်းချင်း ပွင့်လင်းသင့်ပါတယ်။ နာလည်မှုလွဲမှားတာ၊ အထင်အမြင်လွဲမှားတာတွေကိုမရှင်းဘဲ တစ်ယောက်နဲ့တစ်ယောက် ကြိတ်ပြီးစိတ်ကောက်နေရင်တော့ မခေါ်နိုင်မပြောနိုင်တွေဖြစ်ပြီး ဝေးကွာသွားကြမှာပါပဲ။ ဒါကြောင့် တစ်ခုခုစိတ်ခုစရာရှိရင် အထင်လွဲစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီးဖြေရှင်းသင့်ပါတယ်။

၅။ Third Person ရှိလာခြင်း

တချို့ကျတော့ ရည်းစားကိုတင်မဟုတ်ပဲ သူငယ်ချင်းကိုလည်း သဝန်တိုတာမျိုးတွေရှိပါတယ်။ ဒီလို Friendship မျိုးမှာ နောက်ထပ်ခင်ရတဲ့ အသစ်တစ်ယောက် Third Person ရှိလာရင် ငါ့ထက်ပိုခင်သွားပြီ၊ သူနဲ့သွားပြီး ငါ့ကျမခေါ်ဘူးဆိုတဲ့ နှိုင်းယှဉ်စိတ်တွေဝင်လာပြီး စိတ်ကောက်တာ၊ မခေါ်မပြောတာတွေ ဖြစ်လာတတ်ပါသေးတယ်။

သတိထားဆင်ခြင်နိုင်ပါစေ စာဖတ်သူလေး...

နွေဦးအက္ခရာ ( May 12, 2024 . 2:00 PM )

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း