Sam Myu Ter
ကျွန်တော် ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်ရောက်ရင်
ကျွန်တော်တို့ရွာမှာ ဘုန်းကြီးတွေဦးစီးသင်တဲ့
ယဉ်ကျေးမှုသင်တန်း တက်ခဲ့ရတယ်။
ဘာသာရေးနဲ့ပတ်သက်ပီး မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်နေတဲ့ ကျွန်တော်က တစ်နေ့တော့ အိမ်ကဆွမ်းခူးခိုင်းတဲ့အချိန်မှာ
ဘုရားဆွမ်းတော်တင်ဖို့နဲ့ ဆွမ်းလောင်းဖို့ကို ဘယ်ဆွမ်းကိုအရင်ဦးချရမှန်းမသိခဲ့ဘူး ဇဝေဇဝါဖြစ်ခဲ့ရတယ်။
ယဉ်ကျေးမှု သင်တန်း စတင်ဖွင့်တဲ့အချိန်က ကျွန်တော် တတိယတန်း စာမေးပွဲပြီးတဲ့အချိန် နွေရာသီပိတ်ရက်မှာ။
ဒုတိယတန်းနဲ့တတိယတန်း ကလေးတွေကိုတစ်တန်းပေါင်းပြီး ပထမအဆင့် အတန်း၊ အတန်းတွေကိုနှစ်တန်းတစ်တန်းပေါင်းပြီး စတုတ္ထအဆင့် အတန်းအထိ သတ်မှတ်ပီး သင်ကြားခဲ့တယ်။ သင်တန်းပြီးရင် စာမေးပွဲဖြေ ဆုတွေပေးလုပ်ခဲ့တယ်။ ဆုမပေးခင် အချိန်မှာ
ယဉ်ကျေးလိမ္မာ နှလုံးသားအလှဆင်ဓမ္မ သဘင် ဆိုပီး ခေါင်းစဉ်နဲ့ ကလေးတရားပွဲ ဆိုပြီးလုပ်ခဲ့တယ်။
ဓမ္မသဘင်ကနေ ဟောကြားခဲ့တဲ့ တရားတစ်ခုက ကျွန်တော့ရင်ထဲ အတော်ကိန်းဝပ်ခဲ့တယ်။
" ကလေး ကလေး အထင်မသေးနဲ့
ကလေးက လူကြီးဖြစ်မှာ
ကလေးကောင်းမှ လူကြီးကောင်းမှာ
လူကြီးကောင်းမှ အားလုံးကောင်းမှာ "
တရားပွဲမှာ ရရှိခဲ့တဲ့ ဒီဆုံးမစကားလေးက အင်မတန်အဓိပ္ပာယ်ရှိတယ်။ ကလေးဘဝထဲက ကောင်းအောင်နေမှ လူကြီးဘဝလည်း ကောင်းမှာ ဆိုတာ အခုခေတ်အခြေအနေကို ကြုံတွေ့နေရတဲ့အချိန်မှာ လုံးဝကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ ဆိုတဲ့သီချင်းစာသားထဲအတိုင်း
ကိုယ့်ကိုယ်ကို ပြုပြင်ဆုံးမ ထိန်းသိမ်းရင်း ခေတ်လူငယ်တစ်ယောက်ရဲ့ဘဝကို ဖြတ်သန်းရင်း အားလုံးဟာ
ကလေး ကလေး အထင်မသေး ကြပါစေနဲ့...။
မေတ္တာဖြင့်
ဆမ်မြူတာ(11.5.2024)
@sammyuter
Keep Reading