Author's Profile Photo

Chuko

11/05/2024

အမေ့အိမ်

1 min read
Life Style
18 Again
အမေ့အိမ်'s photo

ဘဝမှာအခုချိန်ထိရှင်သန်လာရင်းနဲ့
အပျော်ဆုံးအချိန်ဆိုတာ
အိမ်ကိုပြန်ရတဲ့အချိန်တွေပါပဲ...
အလှပဆုံးလမ်းတွေဆိုတာ
အိမ်ကိုပြန်ရတဲ့လမ်းတွေပါပဲ...
ကောင်းကင်ပြာပြာအောက်က
သာယာရိုးရှင်းတဲ့သဘာဝကြီးထဲမှာ
လုံခြုံနွေးထွေးမှုရှိတဲ့အိမ်ကို ပြန်ရင်း....။

ဘဝရဲ့‌နေ့ရက်တွေထဲမှာ ကျောင်းကိစ္စကြောင့် အလုပ်ကြောင့် တခြားသောအ‌ကြောင်းအမျိုးမျိုးကြောင့်အိမ်နဲ့ခွဲခွာနေခဲ့ရတဲ့နေ့ရက်တစ်ချို့‌မှာ..... အိမ်ကိုလွမ်းတယ်။

အိမ်ကိုပြန်ရတော့မယ်လို့ တွေးလိုက်တာနဲ့ ပျော်ရွှင်မှုက စီးဆင်းလို့။

မွေးရပ်မြေ နယ်မြို့လေးက သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ရချိန်မှာတော့ စိတ်တွေကတက်ကြွလန်းဆန်းလို့။

အမေရှိတဲ့ အမေ့အိမ်လေးကို အဝေးကလှမ်းမြင်ရတဲ့အခိုက် ကိုယ်ပြန်လာမယ့်လမ်းကိုကြည့်ပြီး မျှော်နေတဲ့အမေ့ပုံရိပ်ကို မြင်ယောင်လာတယ်။

အိမ်အဝက ဆီးကြိုနေတဲ့ အမေ့ကို တွေ့လိုက်ရတဲ့အခါ ပင်ပန်းမှု ဆိုတာတွေဟာမေ့ပျောက်လွင့်ပြယ်။

ပကာသနတွေ ပူပင်သောကတွေမရှိတဲ့ အမေ့အိမ်ကို ကျွန်တော်ခင်တွယ်တယ်။ မြတ်နိုးတယ်။

ဘယ်မှာပဲနေနေ ဘယ်ကိုပဲရောက်ရောက် အမြဲပြန်လာခိုလှုံချင်တဲ့ အမေရှိတဲ့ အမေ့ရဲ့အိမ်ကလေး။

ချစ်တယ် အမေ။
#Chuko

Keep Reading

ဉာဏ်နှင့်ပညာအထက်တန်းစားနှင့်အောက်တန်းစားစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များကျောင်းနှစ်ကျောင်းအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်