Author's Profile Photo

Shwe

10/05/2024

ခေတ်တိုင်းရဲ့ ပဋိပက္ခ

1 min read
Life Style
18 Again
ခေတ်တိုင်းရဲ့ ပဋိပက္ခ's photo

ခေတ်တိုင်းမှာရှိခဲ့တဲ့ ရှိနေတဲ့ ရှိလာအုံးမှာဖြစ်တဲ့ ပဋိပက္ခ
ဘာလဲဆိုတော့ လူကြီးနဲ့လူငယ်ကြား မိဘနဲ့သားသမီးကြားကပဋိပက္ခတွေလေ
ပါတ်ဝန်းကျင်မှာအမြဲကြားနေမြင်နေရတယ့်ကိစ္စ တစ်ခုပါ
အမေနဲ့အဆင်မပြေလို့အဖေကနားလည်မပေးလို့ အိမ်ကလုပ်ချင်ရာကိုလုပ်ခွင့်မပေးလို့
အကုန်လိုက်ပြီးပိတ်ပင်နေလို့ အမေနဲ့ ဒါမှမဟုတ် အဖေနဲ့ မျက်နှာချင်းဆိုင်မိတာနဲ့ ပြဿနာဖြစ် စကားများရလို့  ဆိုတာတွေပေါ့ အဲ့တာလူငယ်တွေ သားသမီးတွေဘက်ကအတွေးတွေ
မိဘတွေလူကြီးတွေဘက်ကကြပြန်တော့
မင်းတို့တွေက လူကြီးကကောင်းစေချင်လို့
ဆူတာ ဆုံးမတာကို အာခံနေတယ် လူကြီးမိဘစကားကိုနားမထောင်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့ တချို့မိဘတွေရှိသေးတယ် ကိုယ့်သားသမီး ကိုယ်မွေးထားရတာပဲ ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ် ပေါ့ ဆိုတာတွေ မိဘ|လူကြီးဆိုတဲ့အာဏာကို အကြီးအကျယ်အသုံးချပြီးချုပ်ချယ်ကြတာတွေ
လူငယ်တွေကလူကြီးတွေလောက်အတွေ့အကြုံအသိဉာဏ်မရှိဘူး လူကြီးတွေကသာအသိဆုံးအတတ်ဆုံး ဆိုပြိီးလူငယ်တွေကိုနေရာမပေးချင်ကြဘူး
အဲလိုတွေကြောင့် တစ်ချို့သောအဖိနှိပ်ခံလူငယ်တွေက အဲ့လိုမိဘတွေရဲ့လောင်းရိပ်အောက်ကနေလွတ်မြောက်ချင်ကြတာ
လွတ်မြောက်ဖို့လမ်းတွေရှာကြတဲ့အခါ
တစ်ချို့လူငယ်တွေက နည်းမှန်လမ်းမှန်လွတ်မြောက်ခြင်းတွေနဲ့လွတ်မြောက်ပြီး တစ်ချို့လူငယ်တွေကြပြန်တော့ လမ်းမှားကိုရွေးချယ်မိတာတွေ ဒုနဲ့ဒေး
အဓိက ကတော့ မိဘအုပ်ထိန်းသူ တွေအပေါ်မှာမူတည်တယ်လို့ကျွန်မကတော့ထင်တယ်
ကလေးတွေဆိုတာ ငယ်ဘဝတည်းက လွတ်လွတ်လပ်လပ် လောင်းရိပ်ကင်းကင်းနဲ့ပွင့်သင့်တဲ့ပန်းကလေးတွေပါ လူကြီးမိဘတွေရဲ့နားလည်ပေးမှု ကြင်ကြင်နာနာဖေးမကူညီပေးမှုတွေ တအားလိုအပ်ကြတဲ့အရွယ်လေးတွေမှာ ဖိနှိပ်ချုပ်ချယ် တဲ့အုပ်ထိန်းမှုမျိုး ငါမိဘ ဆိုတဲ့ အာဏာသုံးပြီးဆုံးမမှုမျိုးတွေမရှိသင့်ပါဘူး
လူငယ်ဘဝရောက်လာခဲ့ပြီဆိုရင်လဲ သူတို့အတွေး သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိနေကြပါပြီ လူငယ်တွေရဲ့ဆုံးဖြတ်ချက်တွေမှားနေခဲ့သည်ရှိတောင်မှ ငါလူကြီးဆိုတဲ့အာဏာသုံးပြီး အကြမ်းဖက် သွန်သင်မှုတွေမလုပ်သင့်ပါဘူး
လူငယ်တွေရဲ့အတွေးအခေါ်တွေကိုလေးစားနားလည်ပေးပြီး
မှားယွင်းတဲ့ဆုံးဖြတ်ချက် အတွေးအခေါ်တွေကိုလဲ နူးညံ့တဲ့ သွန်သင်ဆုံးမမှုတွေ နဲ့ လမ်းမှန်ပေါ်ပြန်ရောက်အောင်တည့်မတ်ပေးသင့်တာပါ
တချို့လူကြီးတွေပြောကြတာရှိပါတယ်
ဒီဟာတွေကငါတို့ကဖြစ်လာတဲ့ဟာတွေပါ ဆိုတဲ့စကား
အဲလိုပြောတယ်ဆိုရင် သူတို့တွေငယ်ဘဝကလဲ ဒီလိုမှားခဲ့ဖူးတာတွေပဲမလား လူကြီးတွေကလဲ တချိန်ကလူငယ်တွေဖြစ်ခဲ့ကြတာပဲမလို့ လူငယ်တွေကိုနားလည်ပေးစေချင်ပါတယ်
လူငယ်တွေဖက်ကလဲ လူကြီးမိဘတွေရဲ့ ဆုံးမမှုတွေကို တသွေမတိမ်း လိုက်နာကြဖို့မဖြစ်နိုင်ပေမဲ့ လူကြီးမိဘတွေဆုံးမတဲ့အခါ ဂရုဏာဒေါသနဲ့ပြောမိတဲ့အခါတွေမှာ နှုတ်လှန်တွေမထိုးကြပဲ လူကြီးတွေ နေရာကဝင်ခံစားနားလည်ကြည့်ပေးကြပါ
လူကြီးတွေ ကခေတ်မမှီပါဘူး ခုခေတ်အထာတွေမသိပါဘူး အစိုးရိမ်လွန်ပါတယ်ကွာ ဆိုတဲ့အတွေးတွေ ကလဲ လူကြီးလူငယ်ပဋိပက္ခဖြစ်စေတဲ့ အကြောင်းတရားတွေမလို့ပါ
လူကြီး မိဘတွေတိုင်းကလဲ ခြောက်ပစ်ကင်းသဲလဲစင် ပြီးအရာရာပြည့်စုံ မနေကြသလို
လူငယ်တိုင်းကလဲ အားနည်းချက်တွေအနဲနဲ့အများရှိပြီး အမှားမကင်းတဲ့ လူသားတွေပဲမလို့
အဓိကကတော့ လူကြီးလူငယ်နှစ်ဦးနှစ်ဖက် အချင်းချင်းနားလည်မှု လေးစားမှုတွေနဲ့ ဆက်ဆံသင့်တာပါ အဲလိုနားလည်မှုရှိမှ နွေးထွေးမှုရှိတဲ့ အသိုက်အမြုံ လူ့အဖွဲ့အစည်းလေးတစ်ခုဖြစ်ပေါ်နိုင်ကြမှာပါ .  .  .  .  .
လူတိုင်း တစ်ဦးကိုတစ်ဦးနားလည်မှုတွေနဲ့ရှေ့ဆက်နိုင်ကြပါစေ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း