Author's Profile Photo

SarPhat Author

10/05/2024

တစ်နေ့(၅)မိနစ်Journalingလုပ်တာကဘဝကြီးကိုပြောင်းစေပါတယ်

4 mins read
Life Style
Personal Development
18 Again
တစ်နေ့(၅)မိနစ်Journalingလုပ်တာကဘဝကြီးကိုပြောင်းစေပါတယ်'s photo

▪️တစ်ခုခုကိုလုပ်နေတယ်၊နေ့တစ်နေ့ကိုဖြတ်သန်းခဲ့တယ်၊ပြီးတော့ဒီတိုင်းပဲပြီးသွားတယ်။ဘာမှန်းမသိလိုက်ဘူး။ စိတ်ပိုင်းဆိုင်ရာမှာtruma‌ တွေ၊ဒဏ်ရာတေွဗရပွနဲ့။ အဲဒါတွေကိုဖြေရှင်းရာမှာကူညီနိုင်တဲ့နည်းရှိပါတယ်။ self-reflection or journaling လုပ်တာပါပဲ။ တစ်နေ့ကို(၅)မိနစ်Journaling လုပ်ခြင်းဟာလစာ(၂)ဆတိုးတာနဲ့ညီမျှတဲ့ပျော်ရွှင်မှုကိုရစေပါတယ်တဲ့။ ဘယ်လောက်အံ့ဩဖို့ကောင်းလဲနော်။

▪️journaling လုပ်သင့်တဲ့ပထမဆုံးအချက်ကပြောခဲ့တဲ့အတိုင်းပဲအမှတ်တရတွေ၊ဘယ်လောက်ထိကိုယ်ခရီးရောက်ခဲ့လဲဆိုတာနဲ့ကိုယ့်ဘဝကိုတစ်ချက်ပြန်ငဲ့‌စောင်းကြည့်ကြည့်ဖို့ပါ။

▪️အချိန်အများကြီးလည်း‌ပေးစရာမလိုပါဘူး။ ထိရောက်တဲ့မေးခွန်းတွေမေးပြီးပြန်ဖြေတာပါပဲ။ ဉပမာ_ငါသာခုနေ့အတိုင်းလုပ်သွားလို့(၁၀)ကြာတဲ့အခါဘာဖြစ်နိုင်လဲ၊ပိုက်ဆံအတွက်သာစိတ်ပူစရာမလိုဘူးဆိုရင်ငါဘာလုပ်ဖို့ရွေးချယ်မှာလဲဆိုတဲ့မေးခွန်းတွေပေါ့။ ဒီလိုမရေးဘဲရေလိုက်ငါးလိုက် ဖြတ်သန်းလိုက်တာနဲ့ လုပ်လိုက်တာကသိပ်ကွာတဲ့ရလဒ်ကိုရစေပါတယ်။

▪️ဒုတိယအချက်ကတော့စိတ်အ ခြေအနေကိုပြောင်းလဲဖို့ပါ။Journalingလုပ်ခြင်းကnegative emotions တွေကိုလျှော့ချပြီးအကောင်းမြင်စေဖို့အထောက်အကူပြုပါတယ်။ လူတွေဟာအကောင်း(၉၀)ရာနှုန်းအဆိုးဆယ်ရာနှုန်းဆိုရင်တောင်အဆိုးကိုပဲပိုမြင်တတ်ကြပါတယ်။ memories တွေဆိုရင်လည်းအကောင်းထက်အဆိုးကိုပိုအသေးစိတ်မှတ်မိကြတယ်လို့researchတွေကဆိုပါတယ်။အဲလိုပဲ။ကြုံရတဲ့ပြဿနာဆယ်ခုချရေးကြည့်ပါတဲ့။(၇)ခုလောက်ကဒီိလောက်အရေးမပါတာတွေ့ရမယ်။အကောင်းနဲ့အဆိုးဆိုရင်အကောင်းကပိုများတာကိုမြင်အောင်ကြည့်တတ်ဖို့ Journaling အတူတူလုပ်ကြပါမယ်။

▪️Anxietyနဲ့ negative emotion တွေကိုJournalingကဘယ်လိုဖြေရှင်းပေးလဲဆိုတာfacebookမှာ‌တွေ့လိုက်တဲ့မြင်သာတဲ့ဉပမာလေးပြချင်ပါတယ်။ကောင်လေးတစ်ကိုယ်လုံးကအပူပေးထားတဲ့သံတုံးလိုနီရဲပူခြစ်နေတယ်။အဲဒါနဲ့သူခံစားရတဲ့အကြောင်းအပြာရောင်စာအုပ်လေးထဲကိုချရေးလိုက်တယ်။ပထမဆုံးသူ့ရဲ့ခေါင်းလေးကအပြာရောင်ပြောင်းလာတယ်။နောက်ပုခုံး။သူ့ဆီကပူပင်သောကတွေသာသူ့ရဲ့လက်ကနေတဆင့်စာအုပ်လေးထဲစီးဆင်းသွားတယ်။နောက်ဆုံးတော့ ကောင်လေးကပေါ့ပါးပြုံးရွှင်တဲ့အပြာရောင်ကောင် လေးဖြစ်ပြီးစာအုပ်ကအနီရောင်လေးဖြစ်သွားတယ်။

▪️တတိယအချက်ကဘဝတစ်ခုလုံးကိုပြောင်းလဲဖို့ပါပဲ။ ဟုတ်ပါတယ်။ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ရည်မှန်းချက်တွေအကြောင်းjournalingလုပ်ခြင်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ကန့်သတ်မိနေတဲ့limiting beliefsတွေကိုမြင်လာပြီးအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေလုပ်လာနိုင်လို့ပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့goal setting and manifestation journalingလုပ်တာပါပဲ။ ကိုယ်လိုချက်တဲ့goalsတွေကိုချရေးပြီးအဲဒါကိုရစေဖို့ကူညီပေးတဲ့affirmationsတွေရေးတာပေါ့။

▪️အဲတာကဘာလို့အလုပ်ဖြစ်လဲဆိုရင် လူတွေရဲ့မသိစိတ်ဟာ(၉၈)ရာနှုန်းလောက်ရှိတယ်လို့ဆိုကြပါတယ်။ ထပ်တလဲလဲပြုလုပ်တဲ့အပြုအမူတွေဟာprogramတစ်ခုအနေနဲ့ဦးနှောက်ထဲကိုဝင်သွားပြီးအဲဒါကိုပဲအမှန်ထင်သွားပါတယ်။ အဲဒါဟာမသိစိတ်ကိုလိုသလိုအသုံးချလို့ရမယ့်အခွင့်ကောင်းတစ်ရပ်ပါပဲ။ ဒါပေမယ့် ငယ်ငယ်က “နင်ဒါမလုပ်နိုင်ပါဘူး၊ဘယ်လိုကြောင်တောင်တောင်ကြီးတွေဝတ်လာတာလဲ၊နင်လုပ်လိုက်လို့ပိုဆိုးသွားပြီ”စတဲ့self-esteemကိုချိုးနှိမ်တဲ့စကားတွေကြားရဖန်များတဲ့အခါအဲဒါကိုပဲအဟုတ်မှတ်ပြီးငါဟာအရည်အချင်းနည်းပါလားဆိုတဲ့အစွဲကြီးဝင်သွားပါတယ်။ အဲဒါကိုဖျောက်ဖို့ journaling ထပ်ခါတလဲလဲလုပ်ကြမယ်နော်။

ဒါဆိုရင်တော့နည်းလမ်းတွေဆက်ကြည့်လိုက်ကြရအောင်။
✳️ရေးနည်းထဲကတစ်ခုကတော့ brain dump လို့ခေါ် တဲ့ ခေါင်းထဲပေါ် လာတာချရေးတဲ့နည်းပါပဲ။(၅)မိနစ်သတ်မှတ်ပြီးခေါင်းထဲပေါ်လာသမျှအတွေးနဲ့ခံစားချက်တွေကို
မနားတမ်းချရေးတာပါ။ဒီနည်းနဲ့ကိုယ့်ခံစားချက်အကြွင်းအကျန်တွေ၊ကျိတ်မနိုင်ခဲမရတာတွေ၊ဘာတွေလုပ်ဖြစ်နေပြီးဘာတွေလုပ်သင့်တာတွေပေါ် လာမှာပါ။
✳️နောက်တစ်ခုကကိုယ့်ရဲ့ higher self ကိုမေးခွန်းနဲ့အကြံတွေတောင်းတာပါ။ ကိုယ်ဝကဂျပန်စာ N-3ထိပြီးချင်တယ်ဆိုပါစို့။ N-3ပြီးတဲ့ကိုယ့်ကိုယ်မြင်ယောင်ကြည့်ပါ။ ပြီးတော့ အခက်အခဲဖြေရှင်းဖို့နည်းလမ်းတွေတောင်းကြည့်ပါ။
✳️နောက်တစ်နည်းကBullet journalingပါ။ နေ့စဉ်အလုပ်တွေ၊အတွေးတွေကိုတစ် နေရာတည်းမှာချရေးတာပါပဲ။

✳️နောက်တစ်ခုကနေ့တစ်နေ့တာရဲ့ထူးခြားတဲ့ story-worthy momentsလေးတွေချရေးတာပါ။

✳️ Odyssey plan journalingနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်။ သူက(၃)ဆင့်ပါ။ ခုလိုအတိုင်းလုပ်လို့(၅)နှစ်ကြာရင်ဘယ်လိုဖြစ်မှာလဲ။ လုံးဝခြားနားတဲ့လမ်းကြောင်းကိုရွေးရင်ရော။ careerသို့မဟုတ် မေဂျာကိုကိုယ်တကယ်လုပ်ချင်တဲ့နယ်ပယ်ပြောင်းတာကိုပြောတာပါ။ပိုက်ဆံနဲ့လူတွေရဲ့အတွေးတွေကိုဂရုစိုက်စရာမလိုရင်ဘဝကနောင်ငါးနှစ်ကြာရင်ဘယ်လိုဖြစ်နေမှာလဲဆိုတဲ့သုံးဆင့်ပါ။
?Write down what your life would look like in five years if you continue on the same path you are on right now.
?Then, journal about what your life would look like in five years if you take a completely different path.
?Finally, imagine and write about what your life would look like in five years if money and other people's opinions were not a concern.


✳️Prompts ထဲမှာ reflection, gratitude နဲ့ goal (၃)နည်းပေါင်းတဲ့structureကလည်းသိပ်ကိုအလုပ်ဖြစ်ပါတယ်။ပထမအပုဒ်မှာတစ်နေ့တာဘာဖြစ်ခဲ့လဲဆိုတာရေးပါ။ ဒုတိယအပုဒ်မှာကျေးဇူးတင်တဲ့အရာတွေ၊ဂုဏ်ယူတဲ့အရာတွေနဲ့ဘယ်နေရာတွေတိုးတက်ချင်သေးတာလဲရေးပါ။ နောက်ဆုံးပုဒ်မှာတော့ကိုယ့်ဘဝရဲ့goalကိုဒီအဖြစ်အပျက်ကဘယ်လိုfitဖြစ်တာလဲဆိုတာအကျယ်ချဲ့တွေးကြည့်ပါ။


✳️Morning pagesဆိုတာတော့နိုးတဲ့အချိန်ခေါင်းထဲပေါ်လာသမျှချရေးတာပါပဲ။ မနက်ပိုင်းနိုးနိုးချင်းလုပ်ဆောင်ချက်ဟာတစ်နေ့တာကိုသက်ရောက်မှုရှိတယ်လို့ဆိုကြပါတယ်။ ဒါကြောင့်social media ကသတင်းအတိုအစတွေကိုနိုးနိုးချင်းမကြည့်မိပြောကြတာပါပဲ။

✳️နောက်တစ်ခုကအနာဂတ်ကကိုယ့်ကိုယ်ကိုယ်စာရေးတာပါ။ အဲဒီအတွက်အသုံးဝင်တဲ့ Futureme ဆိုတဲ့ web လေးကိုသုံးနိုင်ပါတယ်။ (၆)လ၊တစ်နှစ်ဆိုပြီးအချိန်ရွေးနိုင်ပြီးသတ်မှတ်တဲ့အချိန်ပြည့်တဲ့အခါmailနဲ့အနာဂတ်ကကိုယ့်ကိုပေးချင်တဲ့စာရောက်လာတာပါ။ အဲဒီအခါgoalတွေပြည့်နေရင်ကျေနပ်ရသလိုမပြည့်သေးရင်လည်းလုပ်ရမယ်ဆိုတဲ့လှုံ့ဆော်မှုတစ်ခုရပါတယ်။

▪️ဒါကတော့ Dr.Aliရဲ့ video ထဲကသဘောကျမိတဲ့promptsအချို့ပါ။Drဟာ Cambridge University ကနေ ဆေးဆရာဝန်ဘွဲ့ရပြီးနောက်မှာတော့ productivity ကိုအထူးပြုပြီးcareerလုံးဝပြောင်းလိုက်ပါတယ်။ လက်ရှိ millionaire တစ်ယောက်ဖြစ်ပြီးစာအုပ်တစ်အုပ်လည်းထွက်ထားပါတယ်။ သူ့ရဲ့ YouTube channel ကိုအဆုံးမှာထည့်ပေးထားပါတယ်။
?What would you do if money were no object?
?What would you like people to say at your funeral?
?What is the goal and what is the bottleneck?
?Take a clean sheet of paper and write down 10 goals that you would like to accomplish in the next 12 months in the present tense. Then ask yourself if you had a magic wand and could have any one goal on your list within 24 hours which one goal would have the greatest positive impact on your life?
?Do you work for your business or does your business work for you?
?If I knew I was going to die 2 years from now how would I spend my time now?


▪️အကျိုးများတာသိပေမယ့်Journaling ကိုစွဲစွဲမြဲမြဲလုပ်နိုင်ဖို့ဆိုတာလည်းစိန်ခေါ်မှုတစ်ရပ်ပါပဲ။consistency ရှိရှိရေးနိုင်ဖို့အထောက်အကူပြုတဲ့အချက်တချို့ရှိပါတယ်။
?ဖြစ်နိုင်ချေရှိတဲ့goalတစ်ခုသတ်မှတ်ပါ။ အချိန်အများကြီးသတ်မှတ်ပြီးမလုပ်နိုင်တဲ့အခါစိတ်ပိုအနှောင့်အယှက်ဖြစ်ရပါတယ်။(၅)မိနစ်ဟာလုံလောက်တဲ့ပမာဏပါ။ဒါ‌ပေမယ့်timerကိုလိုသလိုညှိနိုင်ပါတယ်။
?ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ။တစ်ရက်ပျက်ကွက်သွားလည်းအပြစ်မတင်ပါနဲ့။ နောက်နေ့ပြန်ရေးလို့ရပါတယ်။ ?လုပ်တဲ့အခါမှန်တယ်၊မှားတယ်လို့မရှိပါဘူး။ကိုယ့်အတွက်အလုပ်ဖြစ်မယ့်နည်းလမ်းနဲ့promptsတွေရှာဖွေပါ။
?Journaling ကိုအချိန်တစ်ခုသတ်မှတ်ပြီးလုပ်ရင်ပိုလုပ်ဖြစ်တယ်ဆိုပေမယ့်အချိန်အတိုင်းမလုပ်နိုင်လည်းပြဿနာမရှိပါဘူး။ morning pagesကလွဲလို့ကျန်တာတွေကိုအဆင်ပြေတဲ့အချိန်မှာလုပ်နိုင်ပါတယ်။
?ကိုယ်သဘောကျတဲ့sticker၊ဘောပင်နဲ့ပုံလေးတွေရေးပြီးလည်းရေးချင်စိတ်ပေါ်အောင်ဖန်တီးနိုင်ပါတယ်။ဒါ‌ပေမယ့်အရမ်းFancyဖြစ်စရာလည်းမလိုပါဘူး။
?Promptsတွေသုံးခြင်းကအကြံတွေထွက်လာဖို့အထောက်အကူပြုစေပါတယ်။
?တခြားအလေ့အကျင့်တွေနဲ့ယှဉ်တွဲမှတ်ပါ။ဥပမာမနက်စာမစားခင်(၅)မိနစ်ရေးမယ်။ မျက်နှာသစ်သွားတိုက်ပြီးရင်ရေးမယ်စသဖြင့်ပါ။
?ဖြစ်နိုင်ရင်တော့နံနက်ခင်းမှာစတင်ခြင်းကစိတ်ကိုရှင်းလင်းစေပြီးတစ်နေ့တာကိုအကောင်းပုံစံနဲ့ဖြတ်သန်းဖို့အထောက်အကူပြုပါလိမ့်မယ်။

▪️ဒီဆောင်းပါးမှာတော့ကိုယ့်ရဲ့အတွေး၊ခံစားချက်နဲ့တန်ဖိုးထားမှုတွေကိုသေချာသိပြီးဆုံးဖြတ်ချက်တွေမှန်ကန်လာစေဖို့၊အဲဒီကတဆင့်ဘာကကိုယ့်အတွက်အရေးကြီးတာလဲနဲ့ဘဝမှာဘာကိုတကယ်လိုချင်တာလဲဆိုတာပါသိလာဖို့Journalingအရေးပါပုံနဲ့နည်းလမ်းတွေကိုအများကြီးမျှဝေခဲ့ပါတယ်။နည်းလမ်းတွေဘယ်လောက်သိသိလက်တွေ့လုပ်သူဟာအကျိုးခံစားရမှာမို့ဖတ်ရုံနဲ့ရပ်မထားဘဲအနည်းဆုံးတစ်ပတ်လောက်စမ်းကြည့်ဖို့အကြံပေးချင်ပါတယ်။
တစ်သက်တစ်ခါပဲရတဲ့လူငယ်ဘဝကိုအကောင်းဆုံးအသုံးချနိုင်ကြပါစေရှင်။
Main Refs:
https://youtu.be/o0wnBT1Sqng?si=PZeWIdqS2dI4CNPw
https://youtu.be/MoGTXsusX6Q?si=sj_a9MyqGXG-3Fdu
https://youtu.be/E8vwGLMTx5I?si=aFBfKkt5Vf-bd3WS

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)