Author's Profile Photo

Shoon Lei

10/05/2024

ကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေ၊ဂရုစိုက်တဲ့သူတွေ၊တိုးတက်ချင်သူတွေ Subscribe လုပ်ထားသင့်တဲ့ YouTube Channel (5)ခု

1 min read
Life Style
Personal Development
General Knowledge
ကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေ၊ဂရုစိုက်တဲ့သူတွေ၊တိုးတက်ချင်သူတွေ Subscribe လုပ်ထားသင့်တဲ့ YouTube Channel (5)ခု's photo

YouTube သုံးနေပြီး ဒီ Channel တွေကို Subscribe မလုပ်ထားရင် နောက်ကျကျန်ခဲ့မယ်နော်

(၁)Lavendaire
Subscriber 2.3M ရှိတဲ့ Lavendaire ကတော့ သူ(မ)ရဲ့ Channel မှာ Self-Love,Positive Habits စတဲ့ Videoတွေကို ဖန်တီးလေ့ရှိပါတယ်။ နောက်ပြီး တရားထိုင်ချင်သူတို့အတွက်လည်း Guided Meditation၊ Positive Affirmation Videoတွေလည်း မျှဝေပေးလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကို Positive Vibeတွေနဲ့ ဝန်းရံထားချင်တယ်ဆိုရင်တော့ Lavendaire ရဲ့ Channel လေးကို Subscribe လုပ်ထားဖို့ အကြံပြုပါရစေ။

(၂)Emi Wong
ကိုယ့်ရဲ့ စိတ်ကို ဂရုစိုက်ဖို့လိုသလို ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်မလား၊ အမိုက်စား Body ရဖို့အတွက်လား။ Gymလည်းမသွားချင်ဘူး။အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ချင်သူတွေအတွက် Emi Wong YouTube Channel လေးက ကူညီပေးပါလိမ့်မယ်။ 10 minutes exercise, 15 minutes exercise, No jumping, Cadio အစရှိသဖြင့် လေ့ကျင့်ခန်းစုံလင်စွာ ရှိသည့်အပြင် Beginner တွေအတွက်ပါ Videoတွေဖန်တီးပေးထားတာကြောင့် အခုမှ လေ့ကျင့်ခန်းစလုပ်မယ့် သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။သူ(မ)ရဲ့ Channel မှာတော့ Subscribers 6.67M ရရှိထားပါတယ်။

(၃) Phyo Phyo Aung
မြန်မာပြည် အမျိုးသမီး Influencer တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ကတော့ သူ(မ)ရဲ့ Channel မှာ လူငယ်တွေဘဝတိုးတက်ဖို့၊ စာများများဖတ်ဖို့၊ စိတ်ဓာတ်မကျဖို့ စတဲ့Video တွေ ဖန်တီးတင်ဆက်လေ့ရှိပါတယ်။မဖြိုးရဲ့ Channelက ကိုယ့်ကိုယ်ကို Focus လုပ်ချင်သူတွေ၊ Better Life ပိုင်ဆိုင်ချင်တဲ့သူတွေ Subscribe လုပ်ထားသင့်တဲ့ Channel တစ်ခုလို့လည်း ပြောနိုင်ပါတယ်။မဖြိုးရဲ့ Channel မှာတော့ Subscribers 328K အထိကို ရရှိထားပါတယ်။

(၄)Masumi Channel
2.41M subscribers ရရှိထားတဲ့ Masumi Channel မှာတော့ Face Massage ကို လေ့လာရမှာပါ။ V-Shape မေးရိုး ပိုင်ဆိုင်ချင်သူတွေ၊ အသားအရေ ထိန်းသိမ်းချင်တဲ့သူတွေအတွက်တော့ ဒီ Channel က သူငယ်ချင်းကောင်းတစ်ယောက်လို ဖြစ်နေမှာပါ။ ဒါ့အပြင် Morning Massage,Night Massage အစသဖြင့် ရှိတာကြောင့် Skincare ပြီး Massage လေးလုပ်ရင်း အသားအရေကို ထိန်းသိမ်းလို့ရပါတယ်။

(၅)Olive Myanmar Blog
နောက်ထပ် မြန်မာပြည် အမျိုးသမီး YouTuber တစ်ဦးဖြစ်တဲ့ မ Oliveကတော့ သူ(မ)ရဲ့ YouTube Channel မှာ Subscribers 336K အထိ ရှိပါတယ်။
မOlive ရဲ့ Channel မှာတော့ lifestyleနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ၊ Personal Development ဖြစ်ဖို့အတွက် Video တွေကို တွေ့ရှိနိုင်ပါတယ်။ဒါ့အပြင် မOlive က ဘာသာစကားနဲ့ပတ်သက်တဲ့ သင်တန်းတွေကိုလည်း ကြော်ငြာပေးလေ့ရှိပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲဖို့အတွက် YouTube မှာ Subscribe လုပ်ထားသင့်တဲ့ Channel တွေကို မျှဝေပေးခဲ့တာပါ။ နောက်ထပ်လည်း ကိုယ့်ဘဝအတွက် အကျိုးရှိစေမယ့် ဆောင်းပါးတွေကို ရေးသားမျှဝေပေးသွားမှာမို့ ကျွန်တော့်ရဲ့ account လေးကိုလည်း Follow လုပ်ပေးထားကြပါဦးလို့ပြောရင်း အားလုံး Better Life ကို ရရှိပိုင်ဆိုင်ကြပါစေ။

Keep Reading

ရွာရိုးကိုးပေါက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ