Author's Profile Photo

Yours Nu Nu Aung

9/05/2024

ပိုင်ဆိုင်ချင်တဲ့လူမျိုး

1 min read
Life Style
Poetry
ပိုင်ဆိုင်ချင်တဲ့လူမျိုး's photo

Be the type of a person who
you want to belong in life.
သင့်ဘဝထဲ ပိုင်ဆိုင်ချင်တဲ့လူမျိုးကို သင်ကိုယ်တိုင် အရင်ကြိုးစားပါ။
ကိုယ်တို့ လူတွေဆိုတာ လောဘရှိကြတယ်။ကောင်းမွန်တဲ့ဘဝ၊ကောင်းမွန်တဲ့အိမ်၊ကောင်းမွန်တဲ့
လက်တွဲဖော်မျိုး လိုချင်ကြတယ်။
ဒါသဘာဝပါ။
ခုခေတ် တပ်မက်စရာအရာတွေ
အများအပြားရှိပေမဲ့ စစ်မှန်တဲ့
အရာကလည်း ရှားပါးလွန်းနေပြန်တယ်။

စိတ်လုံခြုံမှုပေးနိုင်တဲ့လူ၊စိတ်ထား ကောင်းတဲ့လူ၊အောင်မြင်တဲ့လူ၊
ချစ်တတ်တဲ့လူ ဒီလိုမျိုးကို လိုချင်ရင် ကိုယ်တိုင်ရော ဒီလိုလူမျိုးဖြစ်အောင် ဦးစွာ ကြိုးစားပါ။လူကလေ ကိုယ်နဲ့တန်ရာ တန်ရာ
ရတတ်ကြတယ်။ကိုယ်က အကောင်းဆုံးအရာတွေ လိုချင်တဲ့အခါ
ကိုယ်ရော အကောင်းဆုံးအရာတွေနဲ့ထိုက်တန်အောင် နေရမယ်။ကိုယ်ရော ပြန်လည် ပေးနိုင်ရမယ်။
ကိုယ်က ကောင်းကောင်းမွန်မွန်နေတဲ့အခါ ကောင်းမွန်တဲ့ချစ်သူမျိုး
ရမှာပဲ။ကောင်းတဲ့သူငယ်ချင်း ရမယ်။ကောင်းတဲ့အလုပ်ရမယ်။
ကောင်းတဲ့ဘဝမှာ နေရမယ်။
ကိုယ်က အကောင်းဆုံး မကြိုးစားဘဲ အမြင့်ဆုံးအရာတွေကို မျှော်မှန်းလို့မရပါဘူး။ငါ ကံမကောင်းလိုက်တာလို့လည်း အပြစ်မတင်ရဘူး။
ဘဝဆိုတာ ကိုယ်လုပ်တာ ကိုယ်ရတယ်။ကိုယ်ရွေးချယ်တာ ကိုယ်ရတယ်။

လုံလောက်စွာ ချစ်ခဲ့ပြီးတဲ့အခါ
လုံလောက်စွာ အသည်းကွဲပြီးတဲ့အခါ ဘဝအတွက် ပိုကြိုးစားဖို့
အချိန်ပေးလိုက်ပါ။ဘဝထဲ
လိုချင်တွေ့ချင်တဲ့လူမျိုးပုံစံကို
ကိုယ်က ဦးစွာ ကြိုးစားယူပါ။
ဒါဆို အချစ်သစ်နဲ့တစ်ဖန် တွေ့တဲ့အခါ ကြည်နူးစရာကောင်းသွား
ပါလိမ့်မယ်။သြော်....ဒါလည်း
အချစ်ဆိုတာ.....။

#နူးနူးအောင်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်