Author's Profile Photo

အက္ခရာ - Haruki

8/05/2024

ရူးရူးမူးမူးချစ်မိသွားပြီလား

1 min read
Life Style
General Knowledge
18 Again
ရူးရူးမူးမူးချစ်မိသွားပြီလား's photo

လူတစ်ယောက်ကိုချစ်မိသွားတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ❓❓

စာဖတ်သူလေးချစ်မိနေသလားဆိုတာကိုသိချင်နေတယ်၊ ကိုယ့်ကိုယ်ကိုမသေချာဘူးဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးက စာဖတ်သူလေးအတွက်ပါပဲ။ အခုပြောပြမယ့် အချက်တော်တော်များများကို ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။

ဒီထဲက အချက်တွေဟာ ကျွန်တော်လေ့လာထားတာကို ရေးသားမျှဝေထားတာဖြစ်ပါတယ်ခင်ဗျာ။ ဒီထဲကအချက်တွေတော်တော်များများတူနေပြီဆိုရင်တော့ သေချာပါတယ်။ 

စာဖတ်သူလေးသူ့ကိုချစ်နေမိပါပြီ။

၁။ သူနဲ့ပတ်သက်သမျှကိုသဘောကျတတ်လာပြီး သူ့အနားမှာရှိတဲ့ဆန့်ကျင်ဘက်လိင်တွေနဲ့ သဝန်တိုတာမျိုးခံစားနေရပြီဆိုရင် ဒါဟာချစ်မိသွားလို့ပါ။

၂။ သူကြိုက်တဲ့ မကြိုက်တဲ့အရာလေးတွေကို အလိုလိုမှတ်မိနေတတ်တာကလည်း အချစ်ရဲ့လက္ခဏာတစ်ခုပါပဲ။

၃။ ကိုယ်စိတ်ဝင်စားတဲ့သူရဲ့ လှုပ်ရှားမှုတိုင်း၊ အမူအရာ၊ စကားလုံး စတဲ့ သူနဲ့ပတ်သက်တာတော်တော်များများကို သဘောကျ စိတ်ဝင်တစားရှိနေတတ်ပါတယ်။

၄။ သူဝမ်းနည်းတဲ့အခါ ကိုယ်လည်းဝမ်းနည်းသလိုခံစားရတယ်။ သူပျော်တဲ့အခါ ကိုယ်လည်းပျော်တယ်။ သူ့ရဲ့ ခံစားချက်အကုန်လုံးက ကိုယ်တိုင်ခံစားနေရသလို ဖြစ်နေတတ်ပါတယ်။

၅။ သူနဲ့အတူရှိချင်တယ်၊ ခရီးတွေသွားချင်တယ်၊ စာဖတ်သူလေးရဲ့တစ်နေ့တာဖြစ်သမျှကို ပြောပြချင်တယ် ဒါတွေကလည်း အချစ်ရဲ့ လက္ခဏာတွေပါပဲ။

၆။ ချစ်မိသွားတာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ကိုယ့်ရဲ့အချိန်အားလုံး သူ့အတွက်ဖြစ်လာတာပါ။ အရင်လို သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းမယ့်အစား သူ့အနားဘဲနေချင်မိနေတာပါ။

၇။ ချစ်မိသွားတဲ့အခါ ကိုယ့်ရဲ့အိပ်မက် အနာဂတ်အစီအစဉ်တွေစိတ်ကူးလိုက်တိုင်းမှာ သူကမပါမဖြစ် ဖြစ်လာတတ်ပါတယ်။

၈။ ချစ်မိသွားတဲ့အခါ သူတခုခုဖြစ်မှာ၊ အဆင်မပြေမှာကိုစိတ်ပူနေတာ အမြဲသူ့အတွက်ပူပန်တတ်လာပါတယ်။

ချစ်မိသွားပြီလား စာဖတ်သူလေး ❓❓

နွေဦးအက္ခရာ ( May 8, 2024 . 8:55 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)