Author's Profile Photo

SarPhat Author

8/05/2024

" Respect myself (ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း) "

1 min read
Life Style
Personal Development
Health

နောက်ပိုင်း အရမ်းတော်တဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုယ် respect(လေးစားမှု) ကို အလေးထားလာကြတယ်။

ဆရာတစ်ယောက်ဆို သူ့ကိုယ်သူ ဘယ်လောက်ထိ respect ထားလဲဆို ကျန်းမာရေးအရ အရက်၊ ဘီယာလုံး၀သောက်လို့ မရဘူး။ အဲတာကို foreigner (နိုင်ငံခြားသား)နဲ့ အလုပ်ကိစ္စသွားတွေ့ရတော့ foreigner က ဒီအရက်သောက်မှ မင်းနဲ့ ငါအလုပ်တူတူတွဲလုပ်မယ်လို့ပြောတော့ Sorry. Respect myself. I love myself.(တောင်းပန်ပါတယ်။ ငါ့ကိုယ်ငါလေးစားတယ်။ ငါ့ကိုယ်ငါချစ်တယ်။) အဲလို့ပြောပြီး ထွက်ချလာတယ်။

ဒီမှာ ဆရာက ဘာကို ပြောချင်တာလဲဆိုတော့ မကောင်းတဲ့ အရာတွေ ကျန်းမာရေး ထိခိုက်သွားမယ့်အရာတွေ စိတ်အလိုလိုက်ပြီး ဒုက္ခရောက်သွားမယ့်အရာတွေမှာ ဘယ်သူဘယ်ဝါတွေရဲ့ ဆွဲဆောင်မှုအောက်မှာ မပါဖို့ မယိမ်းယိုင်ဖို့ မလိုက်‌လျောဖို့ပါပဲ။

ကိုယ်တိုင်လည်း respect myself ကို ကျင့်သုံးဖြစ်လာတယ်။ နေကြာစေ့ဆို စားလို့ မရဘူး။ ငယ်ငယ်ကတည်းရင်း စိတ်အလိုလိုက်ပြီး ၂-၃စေ့စားလိုက်မိရင် မူးတယ်။

လက်ဘက်ရည်နဲ့ ကော်ဖီဆို သောက်မိလိုက်ရင် ညအိပ်မပျော်ဘူး။ လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်သုပ်က ထမင်းနဲ့တူတူတွဲစားမိရင် သံဓါတ်တွေကို စုပ်ယူသွားတယ်။ အာဟာရအပြည့်အ၀ မရဘူးဆိုတော့ နောက်ပိုင်း ရေနွေးသောက်ဖြစ်တာ များတယ်။ လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်သုပ်စားချင်ရင်တောင် မိနစ်(၃၀)နေပြီးမှ သောက်ဖြစ် စားဖြစ်တယ်။

အရက်သောက်တာက အသည်းအတွက် မကောင်းဘူးဆိုတော့ အတတ်နိုင်ဆုံး ရှောင်ဖြစ်တယ်။

ကွမ်းယာကြတော့ ခံတွင်းကင်ဆာဖြစ်တတ်တယ်။ ဆိုးကျိုးများလွန်းတော့ လှည့်မကြည့်ဖြစ်ဘူး။ တကယ့်နိုင်ငံကြီးတွေက နိုင်ငံသားတွေဟာ ပတ်၀န်းကျင်ညစ်ညမ်းလို့ ကွမ်းယာကို အရမ်းမုန်းကြတယ်။

နိုင်ငံခြားမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တစ်ခုက ကွမ်း‌စားပြီး ကွမ်းတံတွေး(ကွမ်းသွေး)ကို လမ်းဘေးမှာ ထွေးခဲ့တော့ သူများနိုင်ငံက ကွမ်း‌တံတွေးကို မမြင်ဖူးတော့ သွေးတွေ လူသတ်မှု ဖြစ်တယ်ထင်ပြီး ရဲတွေ လုံခြုံရေးတွေက ရောက်လာပြီး စစ်ဆေးကြည့်မှ ကွမ်းသွေးမှန်းသိတော့ အဲ့ရပ်ကွက်မှာဆို ကွမ်းစားတဲ့ မြန်မာနိုင်ငံသားဆို ပတ်၀န်းကျင်ညစ်ညမ်းမှာစိုးလို့ ပေးမ၀င်တော့ပါဘူးတဲ့။

မူးယစ်ဆေးဝါး အထူးသဖြင့် ဆေးလိပ် heavy smoker နဲ့ တွေ့ရင် တစ်ဖက်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်တာ မဟုတ်ပေမယ့် ဆေးလိပ်နံ့ မခံနိုင်သူတွေ ဆေးလိပ်မသောက်တဲ့လူကြတော့ လူးလိမ့်အောင် ခံရတော့တာပါပဲ။

ကိုယ့်ကိုယ်ကိုယ် respect myself ဘယ်လောက်ရှိရှိ အလိုက်မသိတဲ့လူနဲ့တွေ့ရင်တော့ ခံရတာပါပဲ။ ?

ကျွန်ုပ်တို့ဟာ social animals(လူမှုဆက်ဆံရေး သတ္တဝါတွေ) ဖြစ်တဲ့အတွက် အရက်၊ ဘီယာလုံး၀ မသောက်ဘူးလို့ ပြောလို့လည်း မရနေပြန်ဘူး။ မသောက်ရင် အတင်းဇွတ်တိုက်ချင်ကြတာ လူ့သဘာ၀ဆိုတော့ အလိမ္မာနည်းသုံးပြီး " အရက်၊ ဘီယာမသောက်တတ်လည်း အများနဲ့ရောပြီး ပျော်တတ်ပါတယ်။ " အဲလို့ ပြောရတယ်။ ?

နောက်ပိုင်းဆို ဆက်ဆံရေးတွေလည်း ကသိကအောင့် မဖြစ်ချင်တာနဲ့ ကွမ်းယာ‌စားဆိုပြီး ပေးရင် မစားပေမယ့် ယူထားလိုက်တယ်။ စားတဲ့သူကို ပြန်ပေးလိုက်တယ်။

တစ်ဖက်လူအတွက် အဆင်မပြေမယ့် ကိစ္စတွေကိုဆို respect ထားတဲ့အနေဖြင့် အတင်းကြီး မတိုက်တွန်းပါနဲ့။ အတင်းကြီးလည်း မလုပ်ခိုင်းပါနဲ့။

Respect yourself.
Respect myself.

ခင်ခင်ချော

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်