Author's Profile Photo

အက္ခရာ - Haruki

8/05/2024

သူငယ်ချင်းအုပ်စုတွေထဲမှာ ရှိတတ်တဲ့ သူများ

1 min read
Life Style
General Knowledge
18 Again
သူငယ်ချင်းအုပ်စုတွေထဲမှာ ရှိတတ်တဲ့ သူများ's photo

လူရယ်လို့ဖြစ်လာတာနဲ့ သူငယ်ချင်းဆိုတာ ရှိကြစမြဲပါ။ ဒီကနေ့ဆောင်းပါးလေးမှာကတော့ သူငယ်ချင်းအုပ်စုတိုင်းနီးပါးမှာရှိတတ်ကြတဲ့ သူတွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

စာဖတ်သူလေးရော ဘယ်လိုသူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလဲ ပြောလို့ရရင်ပြောခဲ့ဦး‌နော်။

1.The Mom

ဒီလိုသူမျိုးဟာ သူငယ်ချင်းတွေအားလုံးနဲ့ခင်မင်ပြီးတော့ တစ်ခုခုဆိုရှေ့ကနေဦးဆောင်ပေးအားပေးတတ်တဲ့သူဖြစ်ပါတယ်။ ဒီလိုလူရှိတဲ့သူငယ်ချင်းအုပ်စုဟာ စကားများတာ၊ ရန်ဖြစ်တာမျိုးသိပ်မရှိပါဘူး။ စိတ်အခန့်မသင့်ရင်တောင်မှ ဒီလိုသူငယ်ချင်းကနေတစ်ဆင့် အလွယ်တကူပဲပြန်ပြေလည်သွားလေ့ရှိပါတယ်။

2.The Connector

ဒီလိုလူမျိုးကလည်း အုပ်စုအတွင်းမှာလူများလာအောင်နဲ့ သူငယ်ချင်းအုပ်စုစတင်ဖြစ်လာအောင် လုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းတွေပါဝင်တဲ့အုပ်စုဟာဆိုရင် အမြဲတမ်းလူအသစ်တွေတိုးပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ အုပ်စုကြီးဖြစ်တတ်ပါတယ်။

3.The Planner

ဒီလိုသူတွေကတော့ အုပ်စုအတွက် အစီအစဉ်ဆွဲတာ၊ တိုင်ပင်တာ၊ ဆုံးဖြတ်တာအကုန်လုံးကိုလုပ်ကြတဲ့သူတွေပါ။ သူတို့ဟာ အုပ်စုအနေနဲ့ တစ်နေရာရာကိုသွားပြီဆိုတာနဲ့ သွားမယ့်နေရာတွေဆုံးဖြတ်တာ၊ ငွေကောက်ခံတာ၊ ရှင်းတာလိုမျိုးကို အလိုအလျောက်တာဝန်ယူပြီးလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။

4.The Joker

ဒီလိုလူမျိုးကြတော့ သူမပါရင် ပွဲမစည်ဖြစ်တတ်တဲ့သူငယ်ချင်းမျိုးပါ။ အုပ်စုကိုပိုပြီးပျော်လာအောင် ဟာသတွေပြောပေးပြီး အမြဲရယ်မောနေအောင်လုပ်ပေးတတ်တဲ့သူတွေပါ။ ဒီလိုလူမျိုးတစ်ယောက်လောက်ရှိရင် သူငယ်ချင်းအုပ်စုဟာဘယ်တော့မှပျင်းစရာမကောင်းဘဲ အမြဲတမ်းရယ်မောနေရမယ့်အုပ်စုဖြစ်လာမှာ သေချာပါတယ်။

5.The Party Animal

ဒီလိုသူငယ်ချင်းမျိုးကတော့ ဘာလာလာပျော်မယ်ဆိုတဲ့ သူငယ်ချင်းမျိုးပါ။ သူငယ်ချင်းတွေကို စိတ်ပေါ့ပါးအောင်လုပ်ပေးပြီးတော့ ဘယ်နေရာမှာမဆိုပျော်လို့ရအောင် ဖန်တီးပေးတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ အမြဲတမ်းတက်ကြွနေတတ်တာကြောင့် တစ်ချို့သူငယ်ချင်းတွေအနေနဲ့ သူတို့ကို လိုက်မီဖို့ခက်ခဲတတ်ပါတယ်။

စာဖတ်သူလေးကရော သူငယ်ချင်းအုပ်စုတွေထဲမှာ ဘယ်လိုလူမျိုးလဲ။

နွေဦးအက္ခရာ ( May 8, 2024 . 3:14 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်