Author's Profile Photo

Thats for U

7/08/2023

To my friends,အသဲကွဲတဲ့အခါ

2 mins read
Life Style
To my friends,အသဲကွဲတဲ့အခါ 's photo

To my friends,
အသဲကွဲတဲ့အခါ

ကျွန်တော်က အမှန်တော့အသဲတစ်ခါမှ မကွဲဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေကြားထဲမှာ ကျွန်တော့်ကို counsellor လို့ နာမည်တပ်ပြီး သူငယ်ချင်းတွေက သူတို့အသဲကွဲတဲ့အခါတိုင်း လာတိုင်ပင်လေ့ရှိပါတယ်။

ကျွန်တော်တို့ ပုံမှန်ကတော့ မြန်မာ့ရုပ်ရှင်တွေထဲမှာ အသဲကွဲတဲ့အခန်းဆိုရင် အခန်းထဲအောင်း၊ အရက်တွေ၊ ဆေးလိပ်တွေသောက်၊ အစာမစားတော့ပဲ ငိုနေတဲ့ပုံစံမျိုးတွေပြပါတယ်။

ဒီလိုဟာ ရုပ်ရှင်တိုင်း အသဲကွဲတဲ့အခန်းဆို ဒီပုံစံမျိုးပဲ ပြကြပါတယ်။ လူတွေကလည်း ရုပ်ရှင်တွေကြည့်ပြီးရင် သူတို့ကိုယ်တိုင်အသဲကွဲတဲ့အခါ အခန်းထဲအောင်း ဘာမှမစား အရက်တွေလှိမ့်သောက် စသည်ဖြင့် လုပ်ကြပါတယ်။

ကျွန်တော်က သူငယ်ချင်းတွေ အသဲကွဲတဲ့အခါ ပထမဆုံးမှာတာက ဒီလို unhealthy - မကျန်းမာတဲ့ ပုံစံမျိုးတွေလိုက်မလုပ်ဖို့ပါ။ အသဲကွဲပြီဆိုကတည်းက ကိုယ့်ရဲ့သံယောဇဉ်တွေ ပေးဆပ်မှုတွေ ချစ်ခြင်းမေတ္တာတွေရဲ့ Levelအလိုက် စိတ်မှာဒဏ်ရာရကြတာချည်းပါပဲ။
ဒါကြောင့် ကျွန်တော်က အသဲကွဲတဲ့အခါ healingလည်းဖြစ်စေတယ် healthy - ကျန်းမာတဲ့ manners - အမူအကျင့်လေးတွေကို ကျွန်တော့်သူငယ်ချင်းတွေကို shareပေးနေကျအတိုင်း To my friends စာစုလေးမှာ အသဲကွဲနေတဲ့ သူငယ်ချင်းတွေအတွက်ရေးပေးချင်ပါတယ်။

1)You should talk to your supportive friend
(ကိုယ့်အတွက် အထောက်အကူဖြစ်စေတဲ့ သူငယ်ချင်းကို ရင်ဖွင့်ပါ)
ရင်ဖွင့်တဲ့အခါ လူတိုင်းက ပေါ့ပါးသွားကြပါတယ်။ စိတ်ထဲမှာ ထမ်းထားတဲ့အထုတ်ကြီးကို ဖြည်ချလိုက်သလိုပဲပေါ့။ ဒါပေမဲ့ ရင်ဖွင့်တဲ့အခါ ကိုယ်ရင်ဖွင့်လိုက်တဲ့လူက ကိုယ့်အပေါ် စစ်မှန်တဲ့ သူငယ်ချင်း real friend ဖြစ်ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် empathy & sympathy ကိုယ်ချင်းစာတရားကော သူချင်းစာတရားကောရှိတဲ့သူ၊ ပါးစပ်လုံတဲ့သူကိုသာ ရင်ဖွင့်ရပါမယ်။

အသဲကွဲခါစ စိတ်ထဲဖြစ်တဲ့ ပြဿနာတွေကအများကြီးပါ။ ကိုယ်ကအခြားလူကို ရင်မဖွင့်ပဲ သိမ်းထားမယ် မြိုသိပ်ထားမယ်ဆို ကိုယ့်ကိုယ်ကို ဒဏ်ပိုဖြစ်အောင်လုပ်နေသလို ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်လုံခြုံစိတ်ချရတဲ့ လူတစ်ယောက်ကို ရင်ဖွင့်ပြီး စိတ်ထဲကခံစားချက်တွေကို လွှတ်ထုတ်လိုက်ပါ။ သင့်ရင်ထဲပေါ့သွားပါလိမ့်မယ်။ ဒါကြောင့် “ပြောကြည့်လိုက်လေ ရင်ထဲပေါ့သွားတာပေါ့” ဆိုတာမျိုးတွေ ဖြစ်လာတာပါ။

2)Sleep, eat and exercise
အိပ်ပါ၊ စားပါ၊ လေ့ကျင့်ခန်းလုပ်ပါ
အသဲကွဲခါစ စိတ်တွေပျက်ပြီး အခန်းအောင်းတာထက် ကျွန်တော်က အိပ်ချိန်မှန်မှန်အိပ်ပါ၊ Healthy food (ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ) ကိုစားပါ။ ဒါ့အပြင် ထိုင်မနေပဲ gym သွားတာဖြစ်ဖြစ် Zumbaကတာဖြစ်လုပ်လိုက်ပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးတွေထွက်တော့ New energy New vibeကို ခံစားစေရမယ့်အပြင်လန်းဆန်းပြီး productive ဖြစ်စေပါတယ်။ အသဲကွဲပြီးပြ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

Unlock to read this premium article with 100 points.