SarPhat Author
ဆရာတွေများတဲ့ ခေတ်မှာ ဆရာရွေးမမှားဖို့လို တယ်။ဆရာ ရွေးတာမှန်ရင်လည်း အဲ့ဆရာ ရဲ့ လမ်းအတိုင်း တပုံစံထဲ မလျှောက်ဖို့လိုတယ်။ အဲ့လို တလမ်းထဲမလျှောက်ဖို့ဆိုတာကလည်း ဆရာ ၁ယောက်ထဲစီက သင်ယူတာမျိုးထက် များ များမြင်ဖူးဖို့ လိုအပ်တယ်။ ဒီတော့မှ တမျိုးစီကိုယ် ကြိုက်တဲ့ အချက်တွေ ကို ရှုမြင်ခံစားလို့ရမှာဖြစ် တယ်။
နောက်တချက်က ...
အခုခေတ်မှာ သတင်းအချက်အလက်ဆိုတာလူ တိုင်းမှာရှိတယ်။ ဘယ်သူဘာပြောပြော အချက်အလက်နဲ့ ပြောတဲ့အခါ မှန်သ ယောင်ယောင်ဖြစ်နေတာလည်းရှိနေနိုင်သလို မှန် ချင်မှလည်းမှန်နေလိမ့်မယ်။ တကယ်တော့အမှန် အမှားဆိုတာလည်း လောကမှာ မရှိနေဘူး။ လူ တိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှင်သန်နေကြတာ ပဲ။
ဒီတော့ ကိုယ့်ခံယူချက်က ရှင်းလင်းပြတ်သားနေ ဖို့တော့လိုတယ်။
ရှင်းလင်းနေဖို့ သတင်းအချက်အလက်နဲ့
လုပ်ဆောင်ချက်တွေလိုတယ်။
ဒီအခါ လောင်းရိပ်မိတာတို့ ၊လူများကကိုယ်နဲ့ မ ကိုက်ညီတဲ့ အတွေးအခေါ်တွေဆို အလိုလို ခေါင်း ထဲ အလွယ်ရောက်တာတို့ကို ရှောင်လာနိုင်တယ်။
- ကောင်းမွန်တဲ့ လွှမ်းမိုးမှုကြောင့်အပြောင်းအလဲ ကောင်းတွေဖြစ်လာနိုင်တာမှန်ပေမဲ့
“ကိုယ်” ဆိုတဲ့ ဖြစ်တည်မှုပျောက်ကွယ်သွား အောင်တော့
ဘယ်သူ့လွှမ်းမိုးမှုအောက်ကိုမှ မရောက်သွားဖို့ ဒီ ခေတ်က တော်တော်သတိထားရမယ်။
ဘာလို့လဲဆိုတော့ ဒီခေတ်က လွှမ်းမိုးနိုင်တဲ့သူ အသာရတဲ့ ခေတ်ဖြစ်နေတာကို။
- ကိုယ့် ဆရာ ရဲ့ ကောင်းတဲ့အလေ့အကျင့်တွေ နေ့စဉ်လုပ်ယူလို့ရတယ်။ အဲ့ အဓိပ္ပာယ်က သူ့အတွေး နဲ့ လမ်းအတိုင်း တစ်ထပ် ထဲသွားရမယ်လို့တော့ မဆိုလိုဘူး။ ဘာလို့လဲဆို တော့ တလောကလုံးမှာ ကိုယ်နဲ့ တူတဲ့သူ တစ် ယောက်မှမရှိလို့ပဲ။
ကိုယ့်ဘဝနဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ကိုယ့်ထပ် ဘယ်သူမှ ပိုမသိနိုင်ဘူးဆိုတာ သိဖို့လိုတယ်
သင်ယူမှုတွေမှာက မတူညီတာတွေပေါင်းစပ် ထားပြီး ကိုယ်ပိုင်ဟန် နဲ့ နည်းနာ ပြန်ပြုစုလိုက်တဲ့ အခါ ကိုယ်ပိုင်မြေပုံဆိုတာ ထွက်လာတယ်။ အဲ့ အရာက ပိုကောင်းနေတယ်လို့ မပြောနိုင်ရင်တောင် ကိုယ်နဲ့ သဟဇာတ ပိုဖြစ်တယ်ဆိုတာတော့ ငြင်းမ ရဘူး။
ဒါကြောင့် Super Skill ကို အသုံးချမယ်၊ ရှာဖွေမယ် ဆို အမြင်များများရှိဖို့လိုတယ်။ ဆရာကောင်းလည်း များများ မြင် တွေ့ဖူးဖို့လိုတယ်။
#Smart_V
Keep Reading