Author's Profile Photo

SarPhat Author

7/05/2024

အဆင်မပြေတဲ့ ရက်တစ်ရက်ပါ။ အဆင်မပြေတဲ့ဘဝမဟုတ်ပါဘူး။

1 min read
Life Style
Personal Development
အဆင်မပြေတဲ့ ရက်တစ်ရက်ပါ။ အဆင်မပြေတဲ့ဘဝမဟုတ်ပါဘူး။'s photo

ဘဝမှာခြုံငုံကြည့်ခြင်းဟာ ရှုထောင့်အမျိုးမျိုးကိုပေးပါလိမ့်မယ်။သေချာတဲ့တစ်ခုကတော့ အဆိုးအကောင်းမျှနေတဲ့လောကကြီးထဲနေရတာပါပဲ။ ကံမကောင်းတဲ့ရက်တစ်ရက်က ဘဝကြီးတစ်ခုလုံးဖြစ်သွားတာမဟုတ်ပါဘူး။
1.ပျမ်းမျှခြင်းနိယာမ
ဆိုးတဲ့ရက်တစ်ရက်တွေ့တာနဲ့ စကြာဝဠာကြီးတစ်ခုလုံးကကိုယ့်ကိုဆန့်ကျင်နေသလို ခံစားရပါတယ်။ ဒါပေမယ့် တစ်ဘဝလုံးကြီးထဲမှာမှတစ်ရက်ပါ။ ဆိုးတဲ့ရက်တွေကိုကောင်းတဲ့ရက်တွေနဲ့ ယှဉ်ရေတွက်ကြည့်ပါ။
2.အမြင်ရဲ့စွမ်းအား
ကိုယ့်ရဲ့ အမြင်ဟာ ကင်မရာမှန်ဘီလူးလိုပါပဲ။ အနီးကပ်ကြည့်လွန်းရင် ရှေ့မှာဖြစ်ပျက်နေတာ‌တွေပဲ မြင်ပါလိမ့်မယ်။ အကျယ်ကြည့်ရင်တော့ ပိုကျယ်ပြန့်တဲ့မြင်ကွင်းကိုမြင်ရမှာပဲဖြစ်ပါတယ်။
အဆိုးတွေကိုမြင်နေတာထက်အောင်မြင်မှုတွေနဲ့ တိုးတက်မှုတွေကိုလည်း မြင်အောင်ကြည့်ဖို့ အချိန်ယူပါ။
3.ထိန်းချုပ်နိုင်တာပဲအာရုံစိုက်ပါ။
ဆိုးတဲ့ရက်တစ်ရက်ဟာ သိပ်လွှမ်းမိုးနေသလိုခံစားရနိုင်ပါတယ်။။ဘာလို့ဆို ပြင်ပဖြစ်ရပ်တွေကိုထိန်းချုပ်မရလို့ပါ။ ထိန်းချုပ်ရတာတွေပဲအာရုံစိုက်ပြီး မရတာတွေ လွှတ်ထားလိုက်ပါဆိုတဲ့ Stoic အတွေးအခေါ်ကို ကျင့်သုံးပါ။ကိုယ့်တုံ့ပြန်မှုတွေကို အာရုံစိုက်ခြင်းအားဖြင့် ပြင်ပဖြစ်ရပ်တွေရဲ့ လွှမ်းမိုးမှုကို လျှော့ချနိုင်ပါတယ်။
4.ကြံ့ကြံ့ခံမှုနှင့် တိုးတက်မှု
တစ်ခါတလေ စိန်ခေါ်မှုအများဆုံးရက်တွေက သင်ခန်းစာအရဆုံးရက်တွေဖြစ်နေတတ်ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါ ကြံ့ကြံ့ခံမှုကိုတည်ဆောက်ပါ။ အကျယ်ချဲ့ကြည့်ခြင်းအားဖြင့် ကြမ်းတမ်းတဲ့အတွေ့အကြုံတွေက ကိုယ့်အပြုအမူတွေကိုတိုးတက်စေတယ်ဆိုတာ သိရပါလိမ့်မယ်။
5.ရဟတ်ယာဉ်မြင်ကွင်း
ဘဝကို ရဟတ်ယာဉ်နဲ့ အပေါ်စီးကကြည့်သလိုမြင်ယောင်လိုက်ပါ။ ကိုယ့်ရဲ့လမ်းကြောင်းဟာ ဖြောင့်တန်းမနေဘဲအနိမ့်အမြင့်တွေလည်းရှိနေတာ တွေ့ရပါလိမ့်မယ်။ ဒီလိုရှုမြင်ခြင်းဟာ သိပ်ကိုအသုံးဝင်ပါတယ်။ ဘာလို့ဆို ဘဝခရီးဆိုတာ ပြည့်စုံခြင်းမဟုတ်ဘဲ တိုးတက်ခြင်းလို့ နားလည်အောင်ကူညီပေးနိုင်လို့ပါပဲ။
6.မျှဝေချိတ်ဆက်ပါ။
ကိုယ့်ရဲ့အတွေ့အကြုံနဲ့ ခံစားချက်တွေကို ယုံကြည်ရသူတစ်ယောက်နဲ့မျှဝေခြင်းဟာလည်း ခြုံငုံရှုမြင်ခြင်းတစ်မျိူးပါ။ ကိုယ့်ကြုံတွေ့ရတာတွေကို စကားလုံးတွေအဖြစ်ပြောင်းလိုက်တဲ့အခါ မတူညီတဲ့ အလင်းတစ်ခုကနေမြင်သလိုပါပဲ။
7. ၁၀/၁၀/၁၀စည်းမျဉ်း
ဆိုးဝါးတဲ့နေ့တစ်နေ့နဲ့ကြုံရတဲ့အခါ ဒီဟာဟာ ၁၀ရက်၊၁၀လ၊၁၀နှစ်အတွင်း အရေးပါဦးမလားဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ရတဲ့အဖြေဟာများသောအားဖြင့် ဒါလည်းပြီးသွားမှာပါ လေဆိုတဲ့အမြင်ကို ပေးပါလိမ့်မယ်။ ဆိုးဝါးတဲ့ရက်တွေကြုံလာရတဲ့အခါ တည်ရှိမှုတစ်ခုလုံးကိုကိုယ်စားပြုတာမဟုတ်ဘူးလို့သတိရပါ။ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ပါ၊ရှုထောင့်အမြင်တွေရအောင်ယူပါ၊ထိန်းချုပ်နိုင်တာကိုပဲအာရုံစိုက်ပါ၊အတွေ့အကြုံတွေကနေသင်ယူပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်