Author's Profile Photo

မြ (စံကားဝါမြေ)

7/05/2024

ကမ္ဘာဆိုတာဘာလဲ။ ဘယ်လိုဖြစ်‌ပေါ်လာတာလဲ။

1 min read
Life Style
General Knowledge
Culture
ကမ္ဘာဆိုတာဘာလဲ။ ဘယ်လိုဖြစ်‌ပေါ်လာတာလဲ။'s photo

ကမ္ဘာဆိုတာ မြတို့အပါအဝင် လူသားတွေ အိုးအိမ်အခြေစိုက်နေထိုင်ကြတဲ့ ဟောဒီက ကမ္ဘာမြေကြီးပေါ့ရှင်။ သိပ္ပံပညာရှင်တွေက ဟောဒီကမ္ဘာကြီးဟာ တစ်ချိန်တုန်းက အပူရှိန်အလွန်းပြင်းတဲ့ ဓာတ်ခိုးဓာတ်ငွေ့လုံးကြီးဘဝက စတင်ဖြစ်‌ပေါ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ကမ္ဘာမြေကြီး ဖြစ်ပေါ်လာတာနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေက အမျိုးမျိုး အငြင်းပွားလာခဲ့ကြပါတယ်။ စာဖတ်သူလေးတို့ နားလည်အောင် အရှင်းဆုံးပြောရရင် နေစင်္ကြာဝဠာမှာ ကမ္ဘာမြေကြီးဟာ ဂြိုဟ်တစ်လုံးပဲပါပဲရှင်။ ဒီကမ္ဘာမြေလိုပဲ အခြားဂြိုဟ်တွေလည်း အများကြီး ရှိပါသေးတယ်။ ဒီကမ္ဘာကြီးမှာ တော၊ တောင်၊ ရေ၊ မြေ၊ လေ၊ သဘာဝအလှတရားတွေနဲ့ ပြည့်စုံနေပါတယ်။ မြတို့ လူတွေလိုပဲ အသိဉာဏ်ကြီးမားတဲ့ သက်ရှိသတ္တဝါတွေလည်း အများကြီး ရှိနေနိုင်ပါတယ်။

ကမ္ဘာကြီး စတင်ဖြစ်တည်လာတုန်းက အပူရှိန် အလွန်ပြင်းတဲ့ ဓာတ်ခိုး၊ ဓာတ်ငွေ့လုံးကြီး တစ်လုံးပေါ့ရှင်။ အဲဒီဓာတ်ခိုး၊ ဓာတ်ငွေ့လုံးကြီးက နှစ်သန်းပေါင်းများစွာ ကြာလာတဲ့အခါမှာ ကမ္ဘာကြီးရဲ့ အပေါ်ယံ အခွံကြီးက တဖြည်းဖြည်းနဲ့ အေးသွားပါတယ်။ အဲဒီအခါမှာ ကမ္ဘာကို ရစ်ပတ်ထားတဲ့ ဓာတ်ငွေ့တွေက "လေ"ဖြစ်သွားပါတယ်။ အချို့ဓာတ်ငွေ့တွေကတော့ "ခဲ"သွားပါတယ်။ အဲဒီကမှတစ်ဆင့် "ရေ"ဖြစ်သွားတယ်။ လို့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်ရှင်။

ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ မျက်နှာပြင်ကလည်း ကျုံ့သွားတယ်၊ တဖြည်းဖြည်းနဲ့ တွန့်လိမ်လာပါတယ်။ အဲဒီလိုဖြစ်တာကနေ တောင်တန်း၊ ကုန်းမြင့်တွေ ဖြစ်ပေါ်လာတာပေါ့ရှင်။ အဲဒီလိုဘဝကနေ အဆင့်ဆင့် ပြောင်းလဲလာပြီး အပင်တွေ၊ တိရစ္ဆာန်တွေ၊ လူတွေဆိုပြီး ပေါက်ရောက်ရှင်သန်လာကြတာပေါ့ရှင်။

အဲဒါဆိုတော့ အခု မြရဲ့ ဆောင်းပါးလေးကို ဖတ်ပြီးသွားတဲ့အချိန်မှာ မြတို့ ယခုလက်ရှိနေထိုင်နေကြတဲ့ ကမ္ဘာကြီးအကြောင်းလေးကို အနည်းအကျဉ်းတော့ သိသွားကြလိမ့်မယ်လို့ ယူဆမိပါတယ်ရှင်။



စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
7.5.2024(Tuesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ