Thar Htoo-Be Unique
ဘ၀မှာ မိမိအနေနဲ့ ဆုံးဖြတ်ချက်ချမှ
ဆုံးဖြတ်တယ်လို့ထင်နေကြပါတယ်၊
တကယ်တော့ မချဖြစ်တဲ့ဆုံးဖြတ်ချက်ဟာလည်း
ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ပါတယ်။
အလားတူ ကာလတစ်ခုကြာစောင့်နေရတဲ့
စာမပြန်ခြင်း (သို့) မတုံ့ပြန်ခြင်းဟာလည်း စာပြန်ခြင်းတစ်မျိုး(သို့) တုံ့ပြန်မှုတစ်မျိုးသာဖြစ်တယ်။
ဒီအတိုင်းနေမှ ဟိုအတိုင်းနေမှမဟုတ်ပဲ
မိမိအနေနဲ့ ရွေးချယ်၏ မရွေးချယ်၏
အပေါ်မူတည်ပြီး သူ့နောက်ဆက်တွဲ
ကွင်းဆက်က ဖြစ်နေမှာဖြစ်တယ်။
ဒါကြောင့် စဥ်းစားဆင်ခြင်ပြီး
လုပ်သင့်လုပ်ထိုက်တာကို အချိန်ကောင်းတုန်း
ရွေးချယ်လုပ်ကိုင်သင့်ပါတယ်။
တကယ်တော့ ဘ၀ဟာ အချိန်နဲ့အမျှ
ပြောင်းလဲနေတဲ့ မတည်မြဲတဲ့
အသိုက်အမြုံတစ်ခုပဲ မဟုတ်လား...?
@BUNIQCoaching
Keep Reading