Author's Profile Photo

SarPhat Author

5/05/2024

အမျိုးသမီးတိုင်း သို့...✨?

1 min read
Life Style
Personal Development
General Knowledge
အမျိုးသမီးတိုင်း သို့...✨?'s photo

.
ကျွန်တော် တို့ အမျိုးသမီး တိုင်းဟာ Mentally အရ strongဖြစ်နေဖို့ လိုအပ်တယ်လို့ ထင်တယ်။(100%လို့မဆိုလိုပါဘူး။)

?ယနေ့ခေတ်မှာဆိုရင် အမျိုးသား နဲ့အမျိုးသမီး တန်းတူအခွင့်အရေးရှိတယ်ဆိုပေမယ့် မြန်မာအမျိုးသမီးတွေမှာဆိုရင် အခွင့်အရေး အရမ်းနည်းတယ်လို့ မြင်မိပါတယ်။
ကျွန်တော် ကိုယ်တိုင်တောင် တချို့အရာတွေကို လက်တွေ့မလုပ်နိုင်သေးဘူး။ အိမ်ကစိတ်မချတာတို့၊
အမျိုးမျိုး သော အခြေနေတွေကြောင့် ဟိုနားဒီနားသွားဖို့တောင် မနည်းဆိုတာမျိုးတွေကလဲ ရှိနေပြန်တယ်။?
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ရုန်းထွက်နိုင်ဖို့ ရရာနည်းလမ်းကိုအမိအရဆွဲခဲ့ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီး တစ်ယောက်က တစ်ပါးသူကို Physical အရ Mentalအရ အားကိုးနေရတာမျိုး ဆို လုံးဝမကြိုက်ဘူး။(ကျွန်တော့်အတွေးသပ်သပ်သာ)
ကိုယ်တိုင်က ကျန်းမာရေး ကောင်းမွန်ပြီး သန်စွမ်းနေပါလျက် သူများဆီကို အားကိုးတကြီး မျှော်လင့်နေရတာမျိုး ကျွန်တော့်ဘဝမှာမရှိစေရ။☺
ဥပမာ ငွေ နဲ့ပတ်သက်ပြီး လက်ဖြန့်တောင်းနေရတာမျိုး။ သူများဆီက တစ်ခုယူပြီဆိုရင် ကိုယ်ကလဲ တစ်ခုခုတော့ ပြန်ပေးရမယ်မလား။ (ပြန်မတောင်းတောင်ပေါ့)
?ဒီဘက်ခေတ်ကြီးမှာ Give&Take သဘောတရားတွေပဲရှိမယ်လို့ထင်တယ်။ပေးသူက ပြန်မတောင်းတောင် ကျွန်တော့်စိတ်ထဲမှာတော့ အဲဒီအရာအတွက် ကျေးဇူး တရားဆိုတာကြီးတော့ အရိပ်ကျန်နေခဲ့တာပဲလေ။?
တစ်ယောက်ယောက်က အနားရှိနေမှ ၊သူရှိနေမှ ဆိုတဲ့ အတွေးတွေလဲ မရှိစေချင်ဘူး။
But အဲဒါက တစ်စုံတစ်ယောက်နဲ့ Fall in love မဖြစ်ခင်အထိတော့ အဲ့အတွေးရမယ်ထင်တယ်။ ကျွန်တော် ကိုယ်တိုင်တောင် အဲ့တစ်ချက်မှာ မရတော့ပြန်ဘူး။ Fall in loveဖြစ်သွားရင် အမျိုးသမီးတို့ရဲ့ စိတ်သဘောအခြေနေက weakဖြစ်သွားတတ်တယ်လေ။(ကိုယ့်ကိုကိုယ် အဲဒါတော့မကြိုက်ဘူး။)?
သူ့ကိုပဲအားကိုးနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပိုအားလျော့လာမယ်။ငါမလုပ်နိုင်ဘူးဆိုတဲ့ အတွေးတွေပေါ်လာမယ်။
?အိမ်ထောင်သည်အမျိုးသမီးတွေဆို မိမိအမျိုးသားမျက်နှာကြည့်ရ ၊မိဘ မျက်နှာ၊ အသိုင်းအဝိုင်း၊ပတ်ဝန်းကျင်၊ သားသမီး စတဲ့စတဲ့ ပြ​န်ငဲ့စရာအခြေအနေတွေက တစ်ဖုံနဲ့။
အိမ်ထောင်ကျခြင်းကို ထောင်ကျခြင်းလို့ပဲ ကျွန်တော် မြင်မိ တွေးမိပါတယ် ။(In my opinion /ကျွန်တော် လွယ်လွယ်နဲ့ဝင်မှာမဟုတ်တဲ့ ချောက်တစ်ခု?)

?လူတိုင်းမှာ မတူညီတဲ့ ဘဝတွေ ၊ အတွေးတွေ၊ အကျင့်စရိုက်တွေ၊ စနစ်တွေ ရှိကြပါလိမ့်မယ်။ အားလုံးက ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ရွေးကြရတယ်။
အကျိုးဆက်ကိုလဲ ကိုယ်တိုင်ပဲ ခံစား စံစားရမှာဖြစ်လို့
အားလုံးဟာ ကျွန်တော့် အတွေးသက်သက်ပါပဲ။ပြီးရင် ကျွန်တော် က ခေါင်းမာပြီး တစ်ယူသန်တဲ့သူမို့ အမြင်ကွဲပြားနိုင်ပါတယ်။သို့ပေမယ့် သို့ပေမယ့်လဲ...

?အမျိုးသမီး တစ်ယောက်က တစ်ယောက်တည်းလဲ ဖြစ်တယ်။?
တစ်ယောက်တည်းလဲ ပျော်ရွှင်နိုင်တယ်။?
တစ်ယောက်တည်းလဲ ရှင်သန်နိုင်တယ် ဆိုတဲ့ အတွေးမျိုးနဲ့ နေ့ရက်တွေကို အကြောတင်းတင်းကျော်ဖြတ်စေချင်တယ်။???(တချို့ အချိန်တွေတော့မပါဘူးပေါ့)
ဘယ်သူကမှ ကိုယ့်အနားမှာ အချိန်အကြာကြီး ရှိမနေနိုင်ဘူးဆိုတာနဲ့
ကိုယ့်အားကိုယ် ကိုးရမယ်၊ ကိုယ်သာလျှင် ပဲ့ကိုင်ရှင်ဆိုတဲ့ အတွေးလေးတစ်ခု ရင်ထဲမှာ ကျန်နေဖို့အတွက်ပါပဲ။..✨?
အမျိုးသမီးတိုင်း Independence မဖြစ်တောင် strongဖြစ်စေချင်တယ်။ We can do it..???
#5/5/2024
#shoonthirikyaw



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)