SarPhat Author
တစ်ခါတုန်းက ရွာတစ်ရွာမှာ မိန်းမပျိုလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က အကြင်နာ တဲ့။
သူမက မသန်စွမ်းတစ်ယောက်ပေါ့ သူမရဲ့ မိဘတွေက ၂ လုံးထီရောင်းကြတယ်။ သူတို့မိသားစုဟာ အရမ်းအဆင်ပြေတာမျိုးမဟုတ်တောင် နေနိုင်စားနိုင်တဲ့အထဲပါတာပေါ့နော်
အကြင်နာရဲ့ ဖေဖေကလည်း ဘုရားတရား လုပ်တော့
၂ လုံးထီကို တစ်ခြားသူတွေနဲ့ယှဉ်ရောင်းတာတောင် အရောင်းရဆုံးပဲပေါ့။
နေ့လည်ခင်းတစ်ခုမှာပေါ့ " ဗျို့ မစိန်ကြည် မစိန်ကြည်" "ရှင် ဪ မလှဝင်းဘဲ ဘာကိစ္စရှိလို့လဲဟင်" အကြင်နာ့မေမေက လှမ်းမေးလိုက်တော့ မလှဝင်းဆိုသူက "အဝတ်အဟောင်းတွေ မြန်မြန်လဲ ပြီးရင် လမ်းထိပ်ကို ထွက်ခဲ့နော်"
အကြင်နာ့ ဖေဖေက လမ်းထိပ်မှာ ၂ လုံးထီရောင်းတာလေ။
"ရှင် ဘာဖြစ်လို့လဲဟင် ဘာလို့ အဝတ်အစားအဟောင်းတွေ လဲခိုင်းတာလဲ" အကြင်နာ့မေမေက ပြန်မေးလိုက်တော့
"သားမိ၂ ယောက်လုံး အမြန်လဲပြီး လာခဲ့ ဟိုမှာ ရှင့်ယောက်ျား ကိုဖိုးမောင် ကို ရဲတွေ လာဖမ်းပြီး လက်ထိပ်ခတ်ထားပြီတော့" မလှဝင်းရဲ့ စကားကြောင့် အကြင်နာ့မေမေ မိုးကြိုးပစ်ချခံလိုက်ရသလို ပြိုလဲမတက်ဖြစ်သွားပြီး "ရှင်" ဆိုတဲ့ အသံလေးနဲ့အတူ ခဏတာ ငြိမ်သက်သွားပြီး
"ဟဲ့ မစိန်ကြည် အဝတ်အမြန်လဲဟ" ထိုသို့ ထပ်ပြောမှ အသိစိတ်ပြန်ဝင်လာပြီး အကြင်နာတို့ သားမိ၂ ယောက် အဝတ်အဟောင်းလေးတွေ အမြန်လဲကြပြီး လမ်းထိပ် က ကိုဖိုးမောင် အပြေးလာကြတာပေါ့။
ဟော တွေ့ပါပြီ အကြင်နာရင်ထဲစို့လို့ "ဖေဖေက လက်ထိပ်ကြီးတန်းလန်းနဲ့ပါလား" အသံလေးက အားငယ်စွာနဲ့ တိုးတိုးလေးပြောလိုက်တာပေါ့။
မစိန်ကြည်က "ဆရာ ဆရာ ပြန်လွှတ်ပေးပါဆရာရယ် သမီးလေးကလည်း မသန်စွမ်းလေးမို့ပါ"ကိုဖိုးမောင်ကလည်း "ရောင်းထားသမျှ ပိုက်ဆံတွေလည်း ဆရာအကုန်ယူလိုက်ပါဆရာရယ် မလုံလောက်သေးရင်လေ ကျွန်တော်ထပ်ရှာပေးပါဦးမယ်ဆရာရယ်" ဆိုပြီး ရဲအရာရှိကြီးရဲ့ ဒူးခေါင်းလေးကို ကိုင်ပြီး ညှိုးငယ်စွာပြောနေပေမယ့် ရဲအရာရှိကြီးကတော့ တည်ငြိမ်စွာနဲ့ပဲ "ကျွန်တော်တို့က တာဝန်အရလုပ်ရတာပါ ဉပဒေအရဘဲ ဆက်လုပ်ရမှာဘဲ ကျွန်တော်လည်းစိတ်မကောင်းပါဘူး"ဆိုပြီး အကြင်နာ့ ဖေဖေကို ကားပေါ်ခေါ်တင်သွားကြတာပေါ့ကွယ်။
အဲ့လိုနဲ့ အကြင်နာဖေဖေ ထောင်၃ နှစ်ကျသွားတဲ့အချိန်မှာ အကြင်နာတို့ သားမိ၂ ယောက် ကြုံရာလုပ်ကိုင်စားရင်း အကြင်နာ့မေမေက အကြင်နာ့ကို အခက်အခဲတွေကြားကနေ ကျောင်းထားပေးတာပေါ့။
အဲ့ဒီလိုကာလတွေမှာ အကြင်နာတို့ သားမိဟာ ဆင်းရဲသွားခဲ့ပြီး အိမ်မှာ မိုးထားတဲ့ သွပ်တွေခွာရောင်းပြီးတောင် ထောင်ဝင်စာတွေ့ခဲ့ရတဲ့အဖြစ်ထိ ခြေနေတွေက ပြောင်းလဲသွားတာပေါ့။
ဒီလိုနိမ့်ပါးတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ ဓလေ့အတိုင်း မြေနိမ့်ရာ လှံစိုက်ကြတာပေါ့ မသန်စွမ်းကလည်းဖြစ် ဆင်းလည်းဆင်းရဲတော့အမျိုးတွေကတောင် အဖတ်မလုပ်ဘဲ သားမိ၂ယောက်သာ ကြိုးစားခဲ့ရတာပေါ့။
အကြင်နာဟာ မြေနိမ့်ရာလှံစိုက်တဲ့သူတွေ နှိမ်တဲ့သူတွေကို စိတ်ထဲမှာ အမြဲမှတ်ထားပြီး သူမဟာ အမြဲစာကြိုးစားခဲ့တာ အခုဆို မဟာဘွဲ့တောင် ရပြီးချိန်ပေါ့။ အကြင်နာ့ ဖေဖေက တမလွန်ကနေပြုံးနေမှာပါ။ အကြင်နာကတော့ သူ့ကို မြေနိမ့်ရာ လှံစိုက်ခဲ့သူတွေ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်လျက်ပေါ့ကွယ်။
အဓိက ပေးချင်တဲ့ message လေးကတော့ ကိုယ်နိမ့်ပါးတဲ့အခါ ဝိုင်းနှိမ်ကြပါလိမ့်မယ်။ အဲ့လိုအနှိမ်ခံရရင် အဲ့လူတွေကို မမုန်းပါနဲ့ မှတ်ထားပါ ကြိုးစားပါ နောက်ဆုံး အဲ့လူတွေက တစ်ချိန်ကျရင် ကျေးဇူးတင်ရမယ့်သူတွေဖြစ်လာပါလိမ့်မယ် မိတ်ဆွေ?
Sun May 5,2024(9:31)
Keep Reading