SarPhat Author
“ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပြောလဲဆိုတာ ပြောင်းလိုက်ပါ။ ဘဝကိုလည်းပြောင်းနိုင်လာပါလိမ့်မယ်။ မပြောင်းလဲတဲ့အရာတွေကို သင်ဟာ ရွေးချယ်နေတာပါပဲ။”
ဘရုစလီ
“ခွက်ထဲမှာ ဘာမှမရှိရင် ဘာမှပေးလို့မရဘူး ဆိုတာ ကျွန်တော်တို့ သတိမထားတဲ့ ကလေး တောင်သိတဲ့အမှန်တရားတစ်ခုပါ။ ကျွန်တော်တို့တွေဟာ အောင်မြင်မှု၊ဖြစ်ထွန်းမှုနောက်ကို မမောမပန်းနိုင် အတောမသတ်နိုင်လိုက်ကြတယ်။ ဒါပေမယ့် စိတ်ပိုင်းနဲ့ တစ်ခါတလေ ရုပ်ပိုင်းဆိုင်ရာကတော့ ပင်ပန်းနေပေမယ့်ပေါ့။ ရလဒ်အနေနဲ့ကတော့ ထိရောက်မှုတွေလျော့ကျလာမယ်၊ လုပ်နိုင်စွမ်းတွေ နိမ့်လာမယ်၊ပေါင်းသင်းဆက်ဆံရေးမှာလည်းပွန်းပဲ့မှုတွေရှိလာမယ်။ ခွက်အလွတ်ကြီးဖြစ်နေတဲ့ သင်္ကေတပေါ့။သူတစ်ပါးကိုဂရုစိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်အရင် ဂရုစိုက်နိုင်ရမယ်”
လစ်ဖော့စ်လီယမ်
▪️ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းအလေ့အကျင့်
ဘယ်လိုပြောင်းလဲမှုပဲလုပ်လုပ် အလေ့အကျင့်တစ်ခုအဖြစ်ကနေစသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှုအလေ့အကျင့်ဟာ ဇိမ်ခံတာမဟုတ်ပါဘူး။လိုအပ်တာပါ။ ကျန်းမာတဲ့အလေ့အကျင့်တွေ နေ့စဉ်ဘဝမှာပေါင်းထည့်ခြင်းဟာ စိတ်ပိုင်း၊ခံစားမှုပိုင်းနဲ့ရုပ်ပိုင်း ဆိုင်ရာကိုဖြည့်တင်းပေးပြီး ကျွန်တော်တို့ရဲ့ခွက်တွေကို ပြည့်စေပါတယ်။ လိုအပ်တဲ့အခါ ထိထိရောက်ရောက်လောင်းချလိုက်ရုံပေါ့။
▪️၁%တိုးတက်မှု စည်းမျဉ်း
မနက်တိုင်း(၅)မိနစ်တရားထိုင်တာ၊တစ်နေ့လုံးရေအလုံအလောက်သောက်တာ၊ အလုပ်အကြာကြီးလုပ်ပြီးတဲ့အခါ ခြေလက်ဆန့်အနားယူတာလို သေးသေးလေးတွေကနေစတင်ပါ။ အဲဒီသေးသေးလေးတွေဟာ အချိန်ကြာတာနဲ့အမျှ သိသာထင်ရှားတဲ့တိုးတက်မှုအဖြစ် ပြောင်းလာပါတယ်။ သင့်ရဲ့ခွက်ကိုဖြည့်ပေးတာပေါ့။
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းနှင့် ခေါင်းဆောင်မှု
ခေါင်းဆောင်ဆိုတာ အမြဲတုံ့ပြန်ပြီးအသင့်ရှိနေရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တာဝန်တွေပိနေတတ်ပါတယ်။ တကယ်က ထိရောက်မှန်ကန်တဲ့ ခေါင်းဆောင် ဆိုတာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေရပါမယ်။ ခေါင်းဆောင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ယဥ်ကျေးမှုတစ်ခုကိုပျိုးထောင်ဖို့ အများအတွက်ရှေ့ဆောင်လမ်းပြဖြစ်ရပါမယ်။
▪️ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းဟာ အားနည်းတာမဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်သိမြင်တာ ၊သန်မာတာ၊ကြံ့ကြံ့ခံနိုင်တာသာဖြစ်ပါတယ်။ အမြင့်ဆုံးစွမ်းအားကိုရောက်စေဖို့ ၊ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့၊ ဖိစီးစရာတွေကိုထိထိရောက်ရောက်ကိုင်တွယ်ဖို့နဲ့ အနီးကလူတွေကို စိတ်အားတက်ကြွစေဖို့ ကူညီပေးပါတယ်။
▪️ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းနှင့် အလုပ်တွင်ကျယ်မှု
အလုပ်တွင်ကျယ်မှုဆိုတာ ချရေးထားတဲ့တာဝန်တွေကို ပြီးမြောက်မှုထက်ပိုပါတယ်။ စွမ်းအင်တွေကိုစီမံခန့်ခွဲတာပါ။ အချိန်ကိုမဟုတ်ပါဘူး။ သင်ဟာ ကောင်းမွန်စွာအနားယူပြီး စိတ်အေးချမ်းနေတဲ့အခါ အလိုအလျောက်ပိုပြီး အင်အားရှိတာတယ်၊အာရုံစူးစိုက်မှုကောင်းလာတယ်၊ ကျင်လည်လာတယ်။ အဲဒါစွမ်းအင်တွေကို အလုပ်၊ပေါင်းသင်းဆက်ဆံရေးနဲ့ ဝတ္တရားတွေထဲ လောင်းထည့်လိုက်ရုံပါ။
▪️ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်ပြောသောစကားများ: စကားတို့၏အစွမ်း
ဂရုစိုက်မှုအပြင် လူတွေကျော်သွားတဲ့အချက်တစ်ခုရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့ စကားတွေရဲ့စွမ်းအားပါပဲ။
“ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပြောလဲဆိုတာ ပြောင်းလိုက်ပါ။ ဘဝကိုလည်းပြောင်းနိုင်လာပါလိမ့်မယ်။ မပြောင်းလဲတဲ့အရာတွေကို သင်ဟာ ရွေးချယ်နေတာပါပဲ။” လို့ ကိုယ်ခံပညာဂုရုနဲ့ အတွေးအခေါ်ပညာရှင် ဘရုစလီကပြောဖူးပါတယ်။
ဒီအဆိုအမိန့်ဟာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှုနဲ့ လေးလေးနက်နက်ဆက်သွယ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပုံဖော်ဖို့ပြောတဲ့စကားတွေနဲ့ အတွေ့အကြုံတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းနဲ့ခံစားချက်ပိုင်းဆိုင်ရာကောင်းဖို့တွက် အဓိကအကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့စကားတွေဟာ ကျွန်တော်တို့ကို တိုးတက်စေနိုင်သလို ဖြိုချစေနိုင်ပါတယ်။
▪️ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်စကားပြောရန်အလေ့အကျင့်ပျိုးထောင်ခြင်း
စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု အလေ့အထတွေလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့ပုံစံကိုလဲ တူညီတဲ့နည်းလမ်းနဲ့ အသုံးချနိုင်ပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတဲ့၊တွေးတဲ့အခါ သတိနဲ့ယှဉ်ပြီးပြောဖို့အလေ့အကျင့်လုပ်ပါ။ အဆိုးပြောနေကျကနေ အကောင်းမြင်တဲ့ ခွန်အားပေးတဲ့ စကားလုံးတွေအဖြစ် ပြောင်းလဲပါ။ အပြစ်အနာအစာတွေကိုလျစ်လျူရှုရမယ်လို့မဆိုလိုပါဘူး။ အဲဒါတွေကို သင်ယူဖို့၊ ပိုကြီးထွားဖို့ အတွက်သုံးပါ။ ဥပမာ- “ငါကဒီမှာညံ့လိုက်တာ”လို့ ပြောမယ့်အစား”ငါဟာသင်ယူတိုးတက်နေဆဲပါလား”လို့ ပြောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုဟာ နေ့စဉ်အလုပ်ထဲမဖြစ်မနေပါရမယ့် လုပ်ငန်းပါ။ရေစက်တစ်စက်တိုင်းဟာ အရေးပါသလိုပဲကိုယ့်ခွက်ဟာကိုယ်ဖြည့်တာပဲပြည့်မယ်ဆိုတာသတိရပါ။
Keep Reading