Author's Profile Photo

SarPhat Author

4/05/2024

တစ်ယောက်တည်းရှင်သန်ကြည့်ပါ

1 min read
Life Style
Personal Development
18 Again
တစ်ယောက်တည်းရှင်သန်ကြည့်ပါ's photo

ဘဝမှာချစ်ရသူတွေကိုဆုံးရှုံးဖူးမယ်။မချစ်မနှစ်သက်သူတွေနဲ့ အလုပ်တွေအတူတွဲလုပ်ဖူးမယ်။
စိတ်အဆင်မပြေတိုင်း ရင်ဖွင့်တိုင်ပင်လို့ရတယ်လို့ယုံကြည်ရသူတွေနဲ့ ကြုံတွေ့ဖူးမယ်။ ဒါက လူ့ဘဝရဲ့ တစ်စိပ်တစ်ဒေသပါ။

လူတစ်ယောက်က အားကိုးရှိတယ်လို့ခံယူထားရင်၊ ငါ့ဘက်မှာသူရှိတယ်လို့ ယူဆထားရင် ကိုယ့်ကိုကို ပျောက်ဆုံးသွားတတ်ပါတယ်။

Relationship တွေများစွာကိုတည်ဆောက်ထားသူဟာ ကိုယ့်အချိန်တွေကို ကိုယ်မပိုင်ဘဲ အခြားသူတွေအတွက်မျှဝေသုံးစွဲနေရတာမျိုးဖြစ်တတ်ပါတယ်။ Relationship ဆိုတဲ့နေရာမှာ ချစ်သူသမီးရည်းစားမှမဟုတ်ပါဘူး။ မိဘနဲ့သားသမီးကြားဆက်ဆံရေး၊ သူငယ်ချင်းမိတ်ဆွေကြားဆက်ဆံရေး အားလုံးပါဝင်ပါတယ်။

ဒါကြောင့် အခြားသူရဲ့အချိန်တွေကို ကြီးစိုးချယ်လှယ်ချင်တာမျိုးမလုပ်ဘဲ၊ ကိုယ့်အချိန်ကို ကိုယ့်ကိုယ်တိုင်အတွက်ချယ်လှယ်ဖို့သာ အသုံးပြုကြည့်ပါ။
အားကိုးချင်စိတ်ကိုဖျောက်ပါ။
စာအုပ်တွေပိုဖတ်ပါ။
ကိုယ့်ကိုကိုပိုချစ်ပါ။
တစ်ယောက်တည်းရှင်သန်ကြည့်ပါ။
မဖြစ်သာတဲ့အနေအထားမို့ မိသားစုတွေနဲ့ရောထွေးနေနေရတယ်ဆိုရင်တောင် ကိုယ့်စိတ်ကို ကိုယ်ပိုင်အောင်ကြိုးစားပြီး အတတ်နိုင်ဆုံး တစ်ယောက်တည်းရှင်သန်ကြည့်ပါ။

#T.Kyi




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး