Author's Profile Photo

ဧဝရ

4/05/2024

Personal Developement အတွက် Phone ထဲမှာ ထည့်ထားသင့်တဲ့ App (7)ခု

2 mins read
Life Style
Personal Development
General Knowledge
Personal Developement အတွက် Phone ထဲမှာ ထည့်ထားသင့်တဲ့ App (7)ခု's photo

ဒီနေ့မှာတော့ နေ့စဥ်နဲ့အမျှ တိုးတက်ချင်တဲ့သူတွေ၊ Self Improvement သမားတွေအတွက် အသုံးဝင်ပြီး Developed ဖြစ်စေမယ့် App လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

1.Prana Breath

ဒီ Application ကတော့ ကျွန်တော်တို့ကို အသက်ရှုလေ့ကျင့်ခန်း(တရားထိုင်ခြင်း) လုပ်တဲ့အခါ အကူအညီပေးပါလိမ့်မယ်။ ထူးထူးခြားခြား ဒီ Application ကိုသုံးပြီးမှ ကျွန်တော်ပိုပြီး ခေါင်းကြည်လာတာတွေ့ရတာကြောင့် ဒီ Application ကို အကြံပြုရတာဖြစ်ပါတယ်။ အခြား Meditation App တွေအများကြီးရှိပေမယ့် ဒီ App က ကျွန်တော့်အတွက် ထူးထူးခြားခြား ထိရောက်မှုရှိနေတာကြောင့် ဒီ App ကို စမ်းသုံးကြည့်သင့်တယ်လို့ ထင်ပါတယ်။ သူ့မှာဆို Free သုံးလို့ရတဲ့ Feature တွေလည်းပါသလို Premium Version နဲ့သုံးရတဲ့ Feature တွေလည်း ပါပါတယ်။ သုံးရတာတကယ်တန်တဲ့ App ပါ။ ဒီ App နဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်ပြီးရင် တစ်နေ့လုံး ခေါင်းကြည်ပြီး လန်းဆန်းနေပါလိမ့်မယ်။ အဲ့ဒါကြောင့် စမ်းသုံးကြည့်ဖို့ အကြံပေးပါတယ်။


2. Taskito

ဒီ App ကတော့ ကိုယ့်ရဲ့တစ်နေ့တာလုပ်ဆောင်ရမယ့် အလုပ်တွေအတွက် Todo List ရေးဆွဲနိုင်တဲ့အပြင် ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကိုလည်း Organized လုပ်လို့ရတဲ့ App လေးဖြစ်ပါတယ်။ ကျွန်တော် ဒီ App ကိုကြိုက်ရတဲ့အကြောင်းရင်းက Todo List မှာအမှန်ခြစ် ခြစ်တိုင်း ထွက်လာတဲ့ အသံလေးကြောင့်ပါပဲ။ အဲ့အသံလေးကြားလိုက်ရတိုင်း အလုပ်တစ်ခုပြီးသွားပြီဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မိပါတယ်။ Taskito ကို နေ့တိုင်းသုံးမယ်ဆိုရင် ကိုယ့်ရဲ့ နေ့စဥ်လုပ်ငန်းတာဝန်တွေကို စီမံခန့်ခွဲနိုင်လာပါလိမ့်မယ်။

3.Shwe Note

Shwe Note ကတော့ နိုင်ငံခြားစာအုပ်တွေကို မြန်မာလို အနှစ်ချုပ်ဖတ်ရှုလို့ရတဲ့ Application ပါ။ Shwe Note ရဲ့အားသာချက်က Audio အဖြစ်လည်းနားထောင်လို့ရတာပါ။ Shwe Note က Premium ဝယ်ပြီးသုံးရတာဆိုပေမယ့် လတိုင်း ဖတ်စရာ Free စာအုပ် (10) အုပ်ကိုလည်းပေးပါတယ်။ ကျွန်တော့လို Premium ဝယ်သုံးရင်တော့ စာအုပ်အားလုံးကို ဖတ်လို့ရမှာဖြစ်ပါတယ်။


4.Water Drink Reminder

ဒီ App လေးကတော့ ကျွန်တော်တို့လို ရေများများသောက်ချင်စိတ်ရှိပေမယ့် သောက်ဖို့မေ့နေတဲ့ သူတွေအတွက် အရမ်းကိုမှ အသုံးဝင်ပါတယ်။ ရေသောက်ဖို့ကို အချိန်နဲ့ Reminder ပေးမယ့် App လေးဖြစ်ပြီး ကိုယ့်လက်ကနေ Smart Watch တွေနဲ့လည်း ချိတ်ဆက်ထားလို့ရပါတယ်။

5. My Dairy

Diary နဲ့ Journaling လုပ်လို့ရမယ့် App လေးပါ။ Free သုံးလို့ရပြီး ဒီဇိုင်းနဲ့ Theme တွေကလည်း အရမ်းမိုက်တာမို့ သုံးရတာ အရမ်းတန်ပါတယ်။ Diary ဒါမှမဟုတ် Journal ရေးခြင်းဟာ ကိုယ့်ရဲ့အတွေးတွေကို ဆန်းသစ်စေပြီး မှတ်ဥာဏ်လည်းပိုကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါလိမ့်မယ်။ ဒီ App လေးကတော့ Diary နဲ့ Journal ရေးဖို့အတွက် အကောင်းဆုံး App တစ်ခုဖြစ်ပါတယ်။


6. Leap Fitness Group ကထုတ်တဲ့ App များ

Leap Fitness Group ဆိုတဲ့ App Developer ကနေ ထုတ်ထားတဲ့ App တွေက ကျန်းမာရေးအတွက် workout လုပ်ချင်တဲ့သူတွေ အတွက် အရမ်းကိုအသုံးဝင်ပါတယ်။ Fres Feature တွေလည်း များပြီး သူတို့ရဲ့ လေ့ကျင့်ခန်းတွေက ထိရောက်မှုလည်း တော်တော်ရှိပါတယ်။ သူတို့ရဲ့ App တွေက အများကြီးရှိတာကြောင့် ဒီနေရာမှာအကျဥ်းချုံးပြီး ဖော်ပြထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ထိန်းသိမ်းဖို့အတွက် Workout လုပ်ဖို့ စဥ်းစားနေတယ်ဆိုရင်တော့ ဒီ App လေးတွေကို စမ်းသုံးကြည့်ဖို့အကြံပေးပါတယ်။


7. SarPhat Application

အဖိုးတန်တဲ့၊ အနှစ်သာရရှိတဲ့ ဗဟုသုတတွေ၊ လူတွေရဲ့ အတွေ့အကြုံတွေကို အခမဲ့ လေ့လာချင်ပါသလား။ ဒီ Application က အကောင်းဆုံးပါပဲ။ ဗဟုသုတကြွယ်တဲ့ သူများစွာကနေ သူတို့ရဲ့ ဗဟုသုတနဲ့ အတွေ့အကြုံတွေကို အခမဲ့ မျှဝေထားတာကြောင့် Knowledge တွေကို Unlimited လေ့လာလို့ရမှာ ဖြစ်ပါတယ်။အဲ့ဒါအပြင် ကိုယ့် Knowledge တွေကိုလည်း မျှဝေပေးလို့ရအုန်းမှာမို့ အရမ်းကိုမှ ကောင်းတဲ့ Application လေးပါ။ ဒီ App လေးကို နေ့တိုင်းဝင်ပြီး သုံးမယ်ဆိုရင် ပညာဗဟုသုတတွေ Unlimited ရမယ့်အပြင် ဝင်ငွေလည်းတိုးအုန်းမှာဖြစ်တာကြောင့် Personal Developement အတွက် မဖြစ်မနေ ဖုန်းထဲ ရှိကိုရှိထားသင့်တဲ့ Application ဖြစ်ကြောင်း 

အကြံပြုရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

---------------
Join my channels....

My Personal Growth Channel
https://t.me/+vLM6uvASnWsyYWNh

Helping the students with their studies
https://t.me/+pxzriodSwFthNTdl

My Personal Blog
https://www.sarphat.com/authors/6566

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း