SarPhat Author

မေမေ့ရဲ့ အလွဲလေးတစ်ခုပေါ့
နေ့လည်ခင်းတစ်ခုမှာပေါ့ ပူအိုက်လွန်းတာကြောင့် အပူရှောင်ရင်း လူကြီးတွေဟာမန်ကျည်းပင်ရိပ်အောက်မှာ လက်ဖက်သုတ်စားရင်း စကားစမြည်ပြောရင်း ရယ်လိုက်မောလိုက်နဲ့ပေါ့ ကျွန်မကတော့ လူကြီးတွေပြောတာကို နားထောင်ရင်း ရယ်စရာရှိရင် လိုက်ရယ်လိုက် လက်ဖက်သုတ်လေး လှမ်းနှိုက်လိုက်နဲ့ အိုကေမှာစိုပြည်နေတာပေါ့
အဲ့လိုနဲ့စကားဆက်ရင်း မေမေက " တစ်ခါလေ ကျွန်မတို့ ညီမတွေ လိုင်းကားစီးသွားတာ ကားပေါ်မှာလူတွေက ဘေးခုံအပြည့်ဘဲ ကားကလည်း အမြန်မောင်းတော့ သိတယ်မလား ရန်ကုန်က လိုင်းကားတွေကလေ အဲ့ဒါ ရုပ်ရှင်ရုံကြီးတစ်ရုံရှေ့ရောက်တော့ ကျွန်မလည်း ဘာကားများတင်သလဲဆိုပြီး ကားပေါ်ကလှမ်းဖတ်လိုက်တာ ရခိုင်မုန့်တီအချစ်လား တဲ့ ကျွန်မလည်း ဇာတ်ကားနာမည်ကလည်း ထူးဆန်းတယ်ပေါ့ ကျွန်မကလည်း ကားပေါ်ကလှမ်းသာဖတ်တာ အသံက အကျယ်ကြီးနဲ့ ဖတ်လိုက်တာ ကားပေါ်ကလူတွေက ရယ်ကြပါရော ကျွန်မလည်း ဒီလူတွေ ဘာလို့ရယ်တာလဲပေါ့ စိတ်ထဲမကျေနပ်ဘူးဖြစ်နေတာပေါ့လေ
အဲ့ဒါနဲ့ ကျွန်မ ညီမက နောက်တစ်ခါ လည်ပြန်ပြီး ကြော်ငြာဆိုင်းဘုတ်ကို ပြန်ဖတ်တော့မှ ဟာ မမကလည်း ဇာတ်ကားနာမည်က
ရင်ခုန်မိတာအချစ်လား တဲ့ ဘယ့်နှယ့် ရခိုင်မုန့်တီအချစ်လားလဲ ???
ဟယ် ဟုတ်လား ဪ ငါစာဖတ်တာမှားသွားလို့ ကားပေါ်ကလူတွေရယ်တာပေါ့ ရှက်လိုက်တာအေ"
ဒါကတော့ မေမေ့ရဲ့အလွဲလေးပေါ့??
အဲ့လိုမေမေက ပြောပြတော့ စကားဝိုင်းမှာရှိတဲ့ သူတွေ အားလုံး ရယ်ကျဲကျဲလေးတွေ ဖြစ်ကုန်ကြတာပေါ့
ဒါ့ကြောင့် စာဖတ်သူတို့လည်း စာကို သေသေချာချာလေးဖတ်ကြနော် မဟုတ်ရင် မေမေ့လိုဖြစ်မယ်??
Sat,4,May,2024(3:23pm)
Keep Reading