Author's Profile Photo

SarPhat Author

4/05/2024

"လူတွေကြားထဲမှာ Smart ကျနေအောင် ဘယ်လိုနေထိုင်မလဲ" How would you change to be a Smart Person?

3 mins read
Life Style
18 Again
"လူတွေကြားထဲမှာ Smart ကျနေအောင် ဘယ်လိုနေထိုင်မလဲ"
How would you change to be a Smart Person?'s photo


"လူတွေကြားထဲမှာ Smart ကျနေအောင် ဘယ်လိုနေထိုင်မလဲ"
How would you change to be a Smart Person?

(အောက်ကဟာတွေကို မဖတ်ခင် ကျွန်တော်တစ်ခုပြောထားချင်တာက စတိုင်မကျလည်းရတယ် စမတ်မဖြစ်လည်းရတယ် ရိုးရိုးလေးပဲ အေးဆေးနေချင်တယ့် သူတွေဆိုရင်တော့ မဖတ်ဖို့ပြောချင်တယ် ဘာလို့လဲဆိုတော့ ဒီ Topicက Smart ဖြစ်ချင်တဲ့သူတွေအတွက်ပဲ သာမန်ရိုးရိုးရှင်းရှင်း နေလိုတဲ့သူတွေအတွက် မဟုတ်ဘူး )

အဓိက အရေးကြီးတဲ့အချက်လောက်ကိုပဲ ဦးစားပေးပြီး ပြောပြသွားပေးမယ်....

ဒါက လူငယ်တော်တော်များများရင်ဆိုင်ရတဲ့ ပြဿနာဆိုရင် မမှားဘူး၊ တချို့က မိဘကချမ်းသာတာ​ကြောင့် ဒါမှမဟုတ်ရင်လည်း မိဘတွေက ဝတ်တတ်စားတတ်လို့ မျိုးရိုးလိုက်ပြီး သားသမီးကပါ စမတ်ကျကျနေထိုင်တတ်တာ တချို့ကျပြန်တော့ မိဘနဲ့မတူဘဲ သူ့ဟာသူပြင်တတ်ဆင်တတ် နေတတ်ထိုင်တတ်ကြတယ် အခုပြောပြပေးမှာက ကိုယ့်ကိုကိုယ် စတိုင်မကျဘူး စမတ်မဖြစ်ဘူး ထင်နေတဲ့သူတွေ ကိုယ့်ကိုကိုယ် အားမရတဲ့သူတွေအတွက်ပြောပြချင်တာပါ။

လူတစ်ယောက်မှာ mindset ကအရေးကြီးတယ်ဆိုတဲ့ထုံးစံအတိုင်းပဲ စမတ်ကျချင်ရင် ခင်ဗျားရဲ့ mindset ကို အရင် changes လုပ်ရမယ် နောက်ပြီးဖြေးဖြေးချင်းသွားရမယ် အဆင့်မကျော်ရဘူး အဆင့်ကျော်ရင် ခင်ဗျားမကြိုက်တဲ့ ပုံမှန်အခြေအနေကို လွယ်လွယ်လေး ပြန်ကျနိုင်တာ​မလို့ပဲ နောက်ပြီး ပတ်ဝန်းကျင်နဲ့လည်း သိပ်ပြီး သဟဇာတ ဖြစ်မှာမဟုတ်ဘူး။

ပထမဆုံးအချက်အနေနဲ့ ခင်ဗျားသိရမှာကတော့ 'ထိုက်တန်မှု' ဆိုတာပဲ၊ ဘယ်လိုထိုက်တန်မှုလည်းဆိုတော့ ဥပမာ အဝတ်အစားအကောင်းတွေ အသန့်တွေ ဝတ်တဲ့အခါ တစ်ခါမှမဝတ်ဖူးလို့ ရှက်ကိုးရှက်ကန်း ဖြစ်နေတာမျိုး ကိုယ့်ကိုကိုယ်အရမ်းကြီး တောက်ပနေတယ် ထင်မိတာမျိုး ကိုပြောတာ၊ ဒါကဘာလဲ ဆိုရင် ကိုယ်တစ်ခါမှ သန့်သန့်ပြန့်ပြန့် မဝတ်ဖူးတာကို ပြတာ၊ ခင်ဗျားကိုယ်ခင်ဗျား ပြောင်းလဲချင်ရင် ထိုက်တန်မှု ဆိုတာကို နားလည်ထားရမယ် ၊ ကိုယ့်ကိုကိုယ် ထင်နေတဲ့အမြင်တွေဟာ တော်တော်များများ လွဲမှားနေတတ်တယ် ကိုယ်ကသာစတိုင်ကျတယ်ထင်နေတာ လူတွေထဲမှာဆိုရင် သာမန်အဆင့်တောင် မရောက်တဲ့အခြေအနေတွေလည်းရှိတယ်၊အဲ့တော့ စမတ်ကျတဲ့ နေထိုင်မှုပုံစံတွေအတိုင်းနေမယ်ဆိုရင် အဲ့ဒီ့အရာက ကိုယ်နဲ့ထိုက်တန်တယ် ဆိုပြီး ခံယူထားရမယ် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရမယ်၊ ဒီလိုဝတ်လိုက်လို့ တစ်မျိုးကြီးဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကို ဖျောက်ထားရမယ် ဒီလိုပြောလို့ ထောင်"ထောင်"နဲ့ ကြွဇောင်းကြွဇောင်းနေခိုင်းတာမဟုတ်ဘူး သူ့ဟာနဲ့သူ ရှိသင့်တဲ့အနေအထားကို ပြောတာ အထက်မှာ​ပြောခဲ့တဲ့အတိုင်းပဲ အဆင့်အရမ်းကျော်ပြီး စတိုင်ကျသလိုဟန်ဆောင်ခိုင်းတာမဟုတ်ဘူး။ ဒါကစမတ်ကျအောင်နေထိုင်နည်းလေ သရုပ်ဆောင်ကောင်းအောင် နေထိုင်နည်းမဟုတ်ဘူး ခင်ဗျားမှာရှိတဲ့ အရာတွေနဲ့ပဲ အကောင်းဆုံးဖြစ်အောင် နေထိုင်ခိုင်းတာ ပင်ကိုဟ်စရိုက်ရဲ့ လိုအပ်ချက်တွေကို ပြုပြင်ပြီး နေခိုင်းတာ။ "ငါတို့ကတော့ငွေကြေးချို့တဲ့လို့ မပြင်နိုင် မဆင်နိုင်....." No... တကယ်စမတ်ကျဖို့ အဲ့တာတွေမလိုအပ်ဘူး နေပုံထိုင်ပုံကို ပြောင်းလဲနိုင်ရင် ဘာဝတ်ဝတ် အလိုလိုစမတ်ကျလာလိမ့်မယ် တစ်ခုတော့ရှိတယ် ခင်ဗျားဟာအသက်ကြီးလာမယ့်သူတစ်ယောက်ဆိုတာမမှားတဲ့အတွက် အရည်အချင်းကောင်း အလုပ်အကိုင်ကောင်းကောင်းနဲ့ ခင်ဗျားရဲ့ design ကို ပိုပြီးကောင်းအောင်ပြုပြင်ဖို့ ဝင်ငွေရှိနေဖို့တော့ လိုမယ် ဒါမှ ခင်ဗျားရဲ့စမတ်ကျမှုဟာ ပြီးပြည့်စုံနေမှာ။

နောက်ပြီးအဲ့ဒီလိုနေထိုင်ဝတ်စားတဲ့အပေါ်မှာ မိုက်သလို ခံစားချက်မျိုး ရနေသေးတယ် ဆိုရင်လည်း ခင်ဗျားဟာ တကယ်စမတ်ကျတဲ့သူတစ်ယောက် မဖြစ်သေးဘူး၊ အဲ့နေထိုင်မှုက ခင်ဗျားကို လွှမ်းမိုးထားသေးတယ် ခင်ဗျားကပဲ အဲ့ဒါကို လွှမ်းမိုးနေရမှာ ခင်ဗျားမြင်ဖူးလိမ့်မယ် နေရာတွေ၊ ရာထူး ဂုဏ်ဒြပ်တွေရှိပြီး ဘဝင်မြင့်နေကြတဲ့သူတွေ မာနထောင်လွှားတတ်တဲ့သူတွေကို အဲ့ဒီ့အရာတွေက သူတို့နဲ့မတန်တဲ့အခါ အဲ့ဒါကို ဘဝကြီးထင်နေတာမလို့ပဲ မြင့်မားတဲ့ အရာတွေ မရဘူး မခံစားဘူးလို့ အဲ့ဒီ့အရာတွေနဲ့ မထိုက်တန်လို့ အဲ့လိုဖြစ်နေတာ တစ်လ ၃သိန်း ပုံမှန်ဝင်တဲ့သူအတွက် ထီဆုငါးသောင်းလောက် ပေါက်တာက ရင်ခုန်စရာမကောင်းပေမယ့် သိန်းတစ်ထောင်လောက် ပေါက်သွားရင်တော့ အဲ့ဒီ့လူအတွက်ကြီးမားတဲ့ငွေပဲ ပျော်ရွှင်မှုကို မဖုံးနိုင်မဖိနိုင် ဖြစ်နေလိမ့်မယ်၊ ထိုက်တန်မှုဆိုတာကို ဂုဏ်ယူနေသေးရင် ခင်ဗျားဟာမထိုက်တန်သေးလို့ပဲ။ ပြောချင်တာက ခင်ဗျားတို့မှာ လိုအပ်တဲ့ ထိုက်တန်မှုမျိုး 'တန်တယ်ဆိုတဲ့ခံယူချက်မျိုး' ရှိသင့်တာကိုပြောတာ

အဲ့လိုပြောလို့ တလွဲဆံပင်ကောင်းပြီး အကုန်လုံးကိုတန်တယ် ယူဆခိုင်းတာမဟုတ်ဘူး ခင်ဗျားအရွယ် မှာ တခြားလူတွေနဲ့တန်းတူရှိသင့်တဲ့ လိုလည်းလိုအပ်တဲ့ စမတ်ကျတဲ့ Midset မျိုးနဲ့ အနေအထိုင်အသွားအလာ အပြုအမူပြင်ဆင်မှုမျိုးကိုပြောတာ။ မဟုတ်ဘူးငါက အထင်အမြင်တွေကို ဂရုမစိုက်ဘူးဘာညာဆိုရင်လည်း ရပါတယ်၊ ဒါပေမယ့် ခင်ဗျားဟာ လူတွေထဲမှာနေနေတာဆိုရင်တော့ တချို့တချို့သော opinion တွေကိုတော့ ခင်ဗျားဂရုစိုက်ဖို့လိုမယ်ဆိုတာ သိထားသင့်တယ်။

နောက်တစ်ချက်က သဘာဝတွေကို နားလည်ရမယ် ခင်ဗျားဟာ ယောကျ်ားတစ်ယောက်ဆိုရင် ယောကျ်ားတစ်ယောက်နဲ့သက်ဆိုင်တဲ့ အရည်အချင်းတွေ သဘာဝတွေကို နားလည်ရမယ် တတ်လည်းတတ်မြောက်ထားရမယ် ယောကျ်ားတစ်ယောက်ရဲ့ အဓိကဆွဲဆောင်မှုက အရည်အချင်းပဲ တွေ့ကရာ မိန်းကလေးတိုင်း လိုက် flirt ပြီးနေတာမျိုး စော်တွေအကြိုက်တွေလိုက်ပြီးနေတာ၊လိုက်လုပ်တာမျိုးတွေရှောင်ရမယ် မိန်းကလေးတွေအတွက် ခင်ဗျားရဲ့အချိန်တွေကို မဖြုန်းလိုက်နဲ့ မိန်းကလေးတွေသဘောကျတာကလည်း ခင်ဗျားရဲ့ရုပ်ရည်ထက် အရည်အချင်းရှိတဲ့ သူ့အလုပ်သူတန်ဖိုးထားလုပ်တတ်တဲ့ ဆွဲဆောင်မှုရှိတဲ့ အားကိုးရတဲ့ ယောကျ်ားမျိုးကို လိုချင်ကြတာ ဒါက မိန်းမသဘာဝပဲ "ခင်ဗျားက..အဲ့လိုပြောလို့ အရည်အချင်းမရှိတဲ့ကောင်တွေကိုလည်း မိန်းကလေးတွေက ကြိုက်ကြတာပဲ.." ဆိုပြီး ပြောလို့ရနိုင်တယ် ဒါမဲ့ အဲ့ဒါက အပေါ်ယံတွေပဲ အချိန်ကြာလာတာနဲ့အမျှ သိသာလာမှာပဲ တကယ်တမ်း တည်မြဲတဲ့ စုံတွဲဘဝကို ရေရှည်ပိုင်ဆိုင်ကြမှာမဟုတ်ဘူး စမတ်မဖြစ်တဲ့အပြင် သဘာဝကျတဲ့အရာ မဟုတ်လို့ပဲ။ မိန်းကလေးဆိုရင်လည်း မိန်းကလေးနဲ့သက်ဆိုင်တဲ့ အရည်အချင်းကောင်းတွေသိထားရမယ် တတ်ထားရမယ် တကယ်ချစ်ရင် အမြဲအချိန်ပေးရမယ် ဆိုတာတွေက စမတ်ဖြစ်မနေဘူး အဓိပ္ပာယ်မရှိဘူး အချစ်ရေးအကြံပေးတာ မဟုတ်တဲ့အတွက် အဲ့အကြောင်းတွေတော့ သိပ်ပြီးမပြောတော့ပါဘူး။ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ခင်ဗျားတို့ကို စေတနာနဲ့ ပြန်ပြီးမျှဝေချင်ယုံပဲမို့ ဒီ Topic က ခင်ဗျားတို့အတွက် တစ်စုံတစ်ရာအကျိုးရှိမယ် တစ်ခုခုကျန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်ရေးရကျိုးနပ်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး