Author's Profile Photo

SarPhat Author

4/05/2024

မတူညီတဲ့ ဘဝနှစ်ခု

1 min read
Life Style
General Knowledge
Culture
မတူညီတဲ့ ဘဝနှစ်ခု's photo

ငွေရဲ့ တန်ဖိုး နဲ့ လူတစ်ယောက်ရဲ့တန်ဖိုးကို နှိုင်းယှဉ်လို့မရသလို တန်ဖိုးလဲ ဖြတ်မရပါဘူး

မေတ္တာပေးတိုင်း မေတ္တာပြန်ရတယ်ဆိုတာ
မေတ္တာပေးချင်မှ ပြန်ရတာပါ
မေတ္တာမပေးချင်တဲ့သူဆီကတော့ မျှော်လင့်မနေပါနဲ့

အတူတူကြိုးစားခဲ့တဲ့ အရာတွေ ငွေကြေးတွေက
နင့်ဟာ ငါ့ဟာဆိုပြီး ခွဲခြမ်းပြောနေဖို့အတွက်မှ မဟုတ်တာ သုညဘဝလေးကိုပြန်တွေးကြည့်ပေးပါလား

ငါလုပ်ပေးနေတာပဲဆိုတာထက် ငါလုပ်ပေးတဲ့ထဲမှာ နားလည်မှုတွေ စာနာခြင်းတွေ တူညီတဲ့မေတ္တာတရားတွေ မျှတခြင်းတွေ ရော ပါရဲ့လား

ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့ ဘဝပုံစံမတူတဲ့အတွက် နားလည်မှုတည်ဆောက်ယူရတဲ့အခါ တစ်ဖက်က လက်မခံနိုင်မှတော့ ပေါင်းစပ်လို့မရနိုင်တော့ဘူးလေ

မတူညီတဲ့ ကျင်လည်ခဲ့ရတဲ့ ဘဝနှစ်ခုပေါင်းစပ်နိုင်ဖို့ အတ္တတွေ မာနတွေ ကို ရှေ့မထားပဲ နားလည်မှုနဲ့ပွင့်လင်းမှုရှိရင် အဆင်ပြေကြလိမ့်မယ်

ပိုက်ဆံရှိတဲ့မိသားစုရဲ့လက်အောင်ကနေကြီးပြီးခဲ့ပုံက ပြည့်စုံခဲ့ရလို့ မေတ္တာတရားထက် အရာရာ ပြောစရာမလိုအောင် ဖြစ်နေတဲ့ သူ့ဘဝမှာ အတ္တ စိတ်ရှိနေတာ မဆန်းပြားပေမယ့်

ရတာလေးနဲ့ရောင့်ရင်းတင်းတိမ် ၊ မရှိတဲ့ချိန်မရှိသလို နဲ့ နေ့စား၊ လခစား မိသားစုဘဝလေးရဲ့ အောက်မှာ ကြီးပြီးခဲ့တဲ့သူတစ်ယောက်ဆီမှာ ငါသာလျှင်ဆိုတဲ့စိတ်နဲ့ အရာရာ ခွဲဝေပြီး မျှမျှတတ ရှိနေဖို့ထက် ငါ့အတွက်မလိုပါဘူး ငါ.အကို ငါ့အစ်မ ငါ့မောင် ငါ့ညီမ ငါ့ညီ ဆိုပြီး တစ်စုံတစ်ယောက်ယောက်အတွက်ကို ဦးစားပေးပြီးကြီးပြင်းခဲ့ရတဲ့ သူရဲ့ဘဝမှာ အတ္တမရှိပဲ မေတ္တာတရားနဲ့ ပေးဆပ်ချင်စိတ်ပဲ ရှိနေခဲ့တာက သူ့ဘဝရဲ့ ကျင်လည်ခဲ့ရတဲ့ ဘဝပုံစံကြောင့်ပါ

အဲ့ဘဝနှစ်ခု ပေါင်းစပ်ဖို့အတွက်ဆို ပြည့်စုံတဲ့ဘဝနဲ့ မပြည့်စုံတဲ့ဘဝနှစ်ခုမှာ မပြည့်စုံပဲကြီးပြင်းခဲ့ရတဲ့သူက အမြဲ အလျှော့ပေးရတတ်တယ် သူ့မှာနားလည်ပေးနိုင်ခြင်း စာနာတတ်ခြင်းတွေက သင်ပေးစရာမလိုအောင် သိနေပြီးသားသူဖြစ်နေလို့ပါ ပြည့်စုံတဲ့သူတစ်ယောက်အဖြစ်ကြီးပြင်းခဲ့တဲ့သူက အဲ့အရာတွေ မမြင် မသိပဲ နားလည်ပေးနေတိုင်းကို ရယူမှုတစ်ခု လို မြင်လာတဲ့အခါ နာကျင်ရသူတွေက နှစ်ဖက်လုံးဖြစ်ရတတ်တယ် ဘာကြောင့်လဲဆိုတော့ တစ်ဖက်မှာလဲ အလျှော့ပေးရနားလည်ပေးရတာများလာပြီး သူလိုချင်တဲ့နားလည်မှုမျိုးပြန်မရတဲ့ခါနာကျင်ရတယ် တဖက်ကလဲ အမြဲအလျှော့ပေးနေတဲ့သူတစ်ယောက်ဆီက ရနေကျမဟုတ်တဲ့ ဆက်ဆံမှုမျိုးပြန်တုံ့ပြန်တဲ့အခါမှာ သူနာကျင်ရပြန်တယ်

ဒီဘဝနှစ်ခုပေါင်းစပ်နိုင်ဖို့အတွက်
ပွင့်လင်းဖို့ ယုံကြည်ဖို့ နားလည်ပေးနိုင်ခြင်းတွေ အတ္တ တွေ မရှိပဲ မျှဝေခံစားပေးတတ်တဲ့ မေတ္တာတရားတွေရှိဖို့ လိုအပ်လိမ့်မယ်

#ယုဇင်
#ယုဇင်_စာပေ
#မျှဝေခံစားရသစာပေများ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)