SarPhat Author

သောကြာနေ့....
TGIF...
ဝန်ထမ်းဘဝရဲ့ အကြိုက်ဆုံးအရာတွေထဲက တစ်ခုကို ပြောကြည့်ပါဆို ကျွန်မရဲ့အဖြေကတော့ သောကြာနေ့ပါပဲ...ဘဝတူ ဝန်ထမ်းလေးတွေလည်း ဒီအဖြေကို သဘောတူလိမ့်မယ်လို့ ထင်မိပါတယ်...
Monday ကစတင်လို့ အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းလာတဲ့ ရထားကြီး...
Tuesday...Wednesday တွေမှာ အမြင့်ဆုံးအရှိန်
မရောက်ရောက်အောင် တင်ပြီး အားယူဖြတ်သန်းရင်း...
Thursday မနက်မှာတော့...Weekend လေးတွေ ရောက်ဖို့နီးလာပါပြီဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စတင်ပြီး အလိုလိုတက်ကြွနေပါတော့တယ်...
Friday Morning ဆိုရင် အများအားဖြင့် အလိုလိုစိတ်ကြည်နေတတ်ပါတယ်...အရင်နေ့တွေက လမ်းမှာတွေ့တုန်း စိတ်ရှုပ်လို့ဆိုပြီး မပြုံးပြချင်တဲ့သူတွေကိုတောင် အလိုလိုနေရင်း အပြုံးလေးနဲ့ စတင်မယ်ဆိုတဲ့စိတ်နဲ့ ချိုမြမြအပြုံးလေးတွေ ပေးတတ်နေပါတယ်...စွမ်းအားကြီးလိုက်တဲ့ Friday Mood ကြီးပါပဲ...
Friday ညနေခင်းမှာတော့ ရွေးချယ်စရာတွေနဲ့ပေါ့
တစ်ပတ်လုံးလုံး အလုပ်ကြိုးစားခဲ့တဲ့ ငါ့ကိုယ်ငါ ဆုချသင့်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ hot pot စားရင်ကောင်းမလား..."လိုချင်နေတဲ့ ဖိနပ်လေးပဲ ဝယ်ပေးလိုက်ပါလား ဆုအနေနဲ့ပေါ့" လို့လည်း
ကိုယ်စောင့်နတ်က အကြံပြုပြန်သေးတော့ မျှမျှတတဖြစ်အောင် ဆုနှစ်ခုပေးလိုက်ရမလား ဝေခွဲရခက်နေပြန်ပါသေးတယ်...
Friday Night ကတော့ system breakdown ချသလိုတပတ်လုံး run ထားတဲ့ ခန္ဓာကိုယ်ကြီးကို ကောင်းမွန်စွာ အိပ်စက်စေလိုက်ပါတယ်...ချိုမြိန်လှတဲ့ Saturday Sunday ကို ဖြတ်သန်းမယ့် plan တွေ စဥ်းစားရင်းပေါ့...
Friday ဆိုတဲ့ အချိန်က ဝန်ထမ်းတွေအတွက်တော့ အချိုမြိန်ဆုံးအချိန်တစ်ခုပါပဲလားလို့ တွေးရင်းသောကြာနေ့ည အတွေးတွေကို နိဂုံးချုပ်အဆုံးသတ်ရင်း Weekend များတွင်သာမက Weekday များမှာပါ ပျော်ရွှင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျှက်....
#Friday
#TGIF
Keep Reading