Author's Profile Photo

SarPhat Author

3/05/2024

ကျွန်တော့်ဘဝအကြောင်း(အဆင့်တစ်မရရင်အရိုက်ခံရသူ)

1 min read
Life Style
Personal Development
History
ကျွန်တော့်ဘဝအကြောင်း(အဆင့်တစ်မရရင်အရိုက်ခံရသူ)'s photo

ယုံမလားတော့မသိဘူး
ကျွန်တော် ငယ်ငယ်တုန်းက အတန်းထဲမှာ အဆင့်တစ်မရရင် အမေရိုက်တာခံခဲ့ရတယ်။?
ဒါ့ကြောင့် လပတ်တိုင်း ကျွန်တော့်မှာ အဆင့်တစ်ရဖို့ရာကိုသာ အလေးပေး လုပ်ခဲ့ရတယ်။
ဒါက ကျွန်တော့်ဘဝအတွက် လုပ်တာ ဆိုပေမယ့်
တစ်နေ့မှာ ကျွန်တော် အဆင့်၂ရတဲ့ Report cardမှာ သူငယ်ချင်းကို လက်မှတ်အတုထိုးခိုင်းခဲ့တယ်။?
အဲ့လိုနဲ့ မြို့နယ်ထူးချွန်စာမေးပွဲသွားဖြေ ဖို့ မိဘတွေကိုခေါ်ခိုင်းတော့
လက်မှတ်အတုကိစ္စပေါ်သွားခဲ့တယ်။ အဲဒီနေ့က အရိုက်ခံခဲ့ရလားဆိုတာကိုတော့ သေချာမမှတ်မိတော့ဘူး။
ကျွန်တော် ဟာ လပတ်စာမေးပွဲတိုင်း အရိုက်ခံရမှာကြောက်တဲ့ ဒဏ်ကို ခံစားခဲ့ရတယ်။
အမှတ်စာရင်းတွေများထွက်လာခဲ့ရင် အမှတ်လျော့နေမှာကြောက်ခဲ့ရတယ်?

အဆင့်တစ်ရဖို့ရာက အရေးကြီးနေခဲ့တာမလား။
အမှတ်လျော့နေရင် အိမ်ကိုမပြောပြရဲတော့ဘူး။
သေလောက်အောင် ကြောက်ခဲ့ရတယ်။

ထူးချွန်စာမေးပွဲဖြေတဲ့ ငါးတန်းနှစ်က မြန်မာစာနေ့မှာ စာစီစာကုံး နည်း"မဖြေနိုင်ဘူး လို့ အမေ့ကိုပြောပြမိလိုက်တာ အဲ့နေ့က အမေကျွန်တော့်ကို စကားမပြောတော့ဘူး။?
ညနေပိုင်း အဂ်လိပ်ဖြေနေတဲ့အချိန် တွေးပြီး ငိုနေခဲ့ရတဲ့ ကိုယ့်ကိုကိုယ် သနားမိတယ်။
ဒါတွေက အမေ့ကို အပြစ်တင်နေတဲ့စကားတွေတော့မဟုတ်ပါဘူး။
ကျွန်တော့ဘဝရဲ့ တကယ့်အဖြစ်အပျက်တွေကို ပြောပြချင်ရုံလေးပါ။?
နောက် တစ်ရက် ကျော်လောက်မှ အမေက စကားပြန်ပြောတယ်။?
၇တန်းနှစ်က အဂ်လိပ်ထူးချွန် သွားဖြေတော့ ဆုမရခဲ့လို ့ အိမ်ရောက်ရောက်ချင်း အမေရိုက်တာ ခံခဲ့ရတာကလဲ မေ့နိုင်စရာမရှိဘူးရယ်။?

အဲ့လိုတွေကြောက်ရပါတယ်ဆိုနေမှပဲ
၈တန်းနှစ် အစိုးရစစ်စာမေးပွဲ အောင်စာရင်းထွက်တော့ resultတွေမှားထွက်လို့ ကျွန်တော် စာမေးပွဲကျပါတယ်ဆိုပြီး ကြောက်ရတဲ့ အချိန်ကလဲ ပြန်မတွေးချင်တော့ဘူးရယ်။??
ဒီလိုနဲ့ ၉တန်း၁၀တန်းရောက်ခဲ့ပြန်ပေါ့
အဆောင်မှာ ကျွန်တော် ဂုဏ်ထူးမထွက်မချင်းဖြေခဲ့ရတဲ့ အစမ်းစာမေးပွဲတွေ ငိုခဲ့ရတဲ့ နေ့ရက်တွေဆိုတာလေ...
အဲဒါ ဘယ်သူ့ကိုများအပြစ်သွားတင်လို့ရပါသလဲ??
ဆယ်တန်းစာမေးပွဲဖြေနေရင်း Englishဂုဏ်ထူးမထွက်လို့ဆိုပြီး ဆရာမ ရဲ့ စိတ်ဆိုးမှုကိုခံနေရတဲ့ ကျွန်တော် က
Mathsဖြေဖို့သွားနေတဲ့ ကားပေါ်မှာ ငိုခဲ့ရတာတွေ...
အဲဒါတွေကို အမေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အမေ့ရှေ့ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြုံးရသေးတာ
ယုံကြမယ်မလား?
အဲ့လိုအဆူခံအရိုက်ခံ ခဲ့တာတွေနဲ့ ကံကောင်းစွာ ၅ဘာသာဂုဏ်ထူးထွက်ခဲ့ပါတယ်။?
But အမှတ် ကောင်းတော့မရခဲ့ဘူး?
ပတ်ဝန်းကျင် ရဲ့ အပြစ်သံတွေကို ကြောက်လို့ အမှတ်လိမ်ပြောရတယ်။
ဆေးတက္ကသိုလ် မမှီလို့ ဆေးဘက်ဆိုင်ရာနည်းပညာ တက်ခဲ့ပါတယ်။?
Uni life ကျပြန်တော့လဲ ဂုဏ်ထူးပြဿနာ?
first yrမှာ 1Dထွက်တော့ နည်းနည်း အပြောလွတ်သွားတယ်။
Second yrမှာ လဲ အသံတွေနာအောင်အော်ကျက်
သူများတွေ လျှောက်လည်နေချိန် ကိုယ်က အဆောင်မှာ စာလုပ်?
ကိုယ်ဘယ်လောက်ကြိုးစားတယ် ဘယ်လိုနေထိုင်တယ်ဆိုတာ ကိုယ်တိုင်သာ အသိဆုံးပါ?
အဆူခံရမှာသိလို့ အိမ်ပြန်တဲ့ကားပေါ်မှာ ခိုးငိုခဲ့ရသေးတာ?
But ဂုဏ် ထူးမထွက်လို့ အဆူခံရရင်
အမေ မေးတတ်တဲ့ 'ဘာလိုအပ်လို့လဲ ဘာ တွေလုပ်ပေးရအုံးမှာလဲ 'ဆိုတဲ့မေးခွန်းအတွက်
ကျွန်တော် ဘာပြန်ဖြေရမလဲ နားမလည်ခဲ့ဘူး?
ကျွန်တော့်ရင်ထဲက ဝေဒနာကို ဘယ်သူ ကူဖျောက်ပေးမှာလဲမသိဘူး။
ဘယ်သူ့ကို သွားတိုင်ပြောရမလဲမသိခဲ့ဘူး?
Third yrမှာ covidနဲ့ကျောင်းပိတ်တော့ ကြိတ်ပျော်ခဲ့ရသေးတာ?
အဆူမခံရတော့ဘူးမလား?
စိုးရိမ်စရာမရှိတော့ဘူးမလား??
ကြားထဲ မှာ လူတွေရှေ့မှာရိုက်ခံခဲ့ရတာတွေမပါသေးဘူး?
ကျွန်တော် ချန်ခဲ့တာတွေရှိသေးတယ်။
ကျွန်တော့် အကြောင်း ဖတ်ပြီး စိတ်ဆင်းရဲ လောက်ရောပေါ့
ကျွန်တော့်လို ကြုံခဲ့ရသူတွေရှိသေးလားသိချင်မိတယ်
အိမ်ကိုအပြစ်တင်တာမဟုတ်ပါဘူး
ကျွန်တော့်ဘဝအကြောင်းကိုက အဲလိုတွေကံပါလာတာပဲမလား။??
#3/5/24
#shoonthirikyaw

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း