Author's Profile Photo

SarPhat Author

2/05/2024

Zodiac Sign တွေထက်နက်နဲသော Psychology ပညာရပ်အကြောင်း (အပိုင်း ၃)

1 min read
Life Style
General Knowledge
Zodiac Sign တွေထက်နက်နဲသော Psychology ပညာရပ်အကြောင်း (အပိုင်း ၃)'s photo

Zodiac Sign တွေထက်နက်နဲသော Psychology ပညာရပ်အကြောင်း (အပိုင်း ၃)

Loneliness ( အထီးကျန်ခြင်း )

ဒီဖြစ်စဥ်ကကျတော့ လူအနည်းစုမှာပဲ ဖြစ်လေ့ဖြစ်ထရှိတယ်၊ ဒါကလည်း ကွဲပြားမှုလေးတွေရှိသေးတယ် တချို့က ငယ်ငယ်တည်းက မိသားစုရဲ့ နွေးထွေးမှု မိဘတွေရဲ့ဥပက္ခာပြုမှုတွေ လောကဓံကို ပိုခံရလို့နဲ့ အခြားသော မိသားစု ပြဿနာတွေကြောင့်ဖြစ်တာ တချို့ကကျတော့ အဲ့လိုမဟုတ်ဘူး ငွေရေးကြေးရေးလည်း အဆင်ပြေတယ် မိသားစုနဲ့လည်း အဆင်ပြေပြီး သူတို့ရဲ့ အဆီအလျော်မတည့်တဲ့ အတွေးပေါင်းသောင်းခြောက်ထောင်တွေကြောင့် အထီးကျန်နေကြတာ ဒါကိုကျတော့ Psychol ဆန်တယ်လို့ ခေါ်တယ်၊ အတွေးလွန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ သံသယတွေကနေ အနားမှာရှိတွေသူတွေကို အဝေးပို့ပစ်မိတာမျိုး ဘယ်သူကမှ ငါ့ကို နားမလည်ကျဘူး ငါ့ကိုယ်ငါပဲ နားလည်တယ် နင်တို့အကုန်လုံးမှားနေကျတာ ငါပဲမှန်တယ်ဆိုပြီး လုပ်ရပ်တွေပေါ်မှာ ဆင်ခြင်တွေပေးပြီး ကိုယ်ပဲအမှန်ဖြစ်အောင် အတင်းလုပ်ယူမိတတ်တာနဲ့ ငါပဲမှားတာပါ နင်တို့အကုန်လုံးမှန်တယ် အဲ့လိုမျိုး ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်တွေနဲ့ ကိုယ်ပဲအမြဲမှန်တယ် ဆိုတဲ့စိတ်တွေကြောင့် လူတွေနဲ့ ဝေးနေတတ်ပြန်တယ် ဒါပေမယ့် အဲ့လိုဖြစ်လေ့ဖြစ်ထရှိတဲ့ သူတွေတော်တော်များများဟာ IQ မြင့်တတ်ကြတယ် EQ အားနည်းလွန်းတယ် တစ်ယောက်တည်း နေတတ်ကြတယ်
အသုံးမဝင်တဲ့ ပြဿနာတွေနဲ့ အတွေးတွေကို ခေါင်းထဲပြွတ်သိပ်ထည့် မလိုတာတွေ အာရုံစိုက်ရင်း ဘေးနားမှာရှိတဲ့သူတွေကို မကောင်းမြင်တတ်လာတာကြောင့်ပဲ တစ်ယောက်ထဲ အထီးကျန်ဆန်တာမျိုးတွေဆိုတာ ဖြစ်လာတာပါ။
အဲ့တာကို ဘယ်လိုဖြေရှင်းမလဲဆိုရင်တော့ အရင်ဆုံး ကိုယ့်ဦးနှောက်ကပြောတာကိုရော နှလုံးသားက ပြောတာကိုပါ ခွဲခြားပြီး နားထောင်ရပါမယ်၊ တစ်ဖက်သတ်အတွေးအခေါ်မျိုးတွေ ရှောင်ကြဥ်ရမယ် ကိုယ့်ကိုကိုယ် အရင်မြင်အောင်ကြည့်ရမယ် ငါက သံသယများတတ်တဲ့သူလား ဇီဇာကြောင်တတ်တဲ့သူလား အဲ့လိုမျိုးတွေမြင်အောင်ကြည့်ပါ အကြောင်းကိစ္စတိုင်းမှာ သူ့ဘက်ကိုယ့်ဘက်ရှိပါတယ် ကိုဟ်ပဲအမြဲမမှန်နိုင်ဘူးဆိုတာသိထားပါ ပြီးရင် အမှန်တရားကိုလက်ခံပေးပါ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကိုလည်း လက်ခံပါ ပြီးရင် ဖြည်းဖြည်းချင်းပြုပြင်ပါ။ အထီးကျန်တယ်ဆိုတာ လူတွေကိုယ့်ဘေးနားမှာမရှိတော့တာမဟုတ်ပါဘူး ကိုယ့်ရဲ့နှလုံးသားထဲမှာ သူတို့အတွက် နေရာမရှိတော့လို့ပါ၊ ကိုယ့်ဘက်ကလည်း လိုအပ်ချက်တွေ ပြန်လည်ဖြည့်တင်းရမယ့်ဟာတွေရှိနေတာကို သိထားရင်ရပါပြီ။ နောက်ပြီး ခင်ဗျားဟာ အတွေးသမား တခြားလူတွေအကြောင်းအရမ်းစိတ်ဝင်စားတဲ့သူဆိုရင်တော့ စာများများဖတ်ဖို့ပဲ တိုက်တွန်းရမယ် ဘာလို့လဲဆိုရင် ခင်ဗျားရဲ့အတွေးတွေနဲ့ စာအုပ်ဖတ်လို့ရတဲ့ အသိပညာ ပေါင်းစပ်လိုက်ရင် ခင်ဗျားဟာ IQ ရော EQ ပါ မြင့်မားသူတစ်ယောက် ဖြစ်လာနိုင်လို့ပဲ နောက်ပြီးတော့ ခင်ဗျားရဲ့အတွေးတွေ လမ်းကြောင်းမှန်ပေါ်ရောက်အောင်လို့ စာအုပ်တွေက ထိန်းညှိပေးလိမ့်မယ်။ ဒီနည်းလမ်းတွေနဲ့ ခင်ဗျားဟာ အထီးကျန်ခြင်းကို ကျော်လွှားနိုင်ပါလိမ့်မယ်။

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း