SarPhat Author
တစ်နေ့က .စာရေးဆရာတစ်ဦးတဲ့ကျွန်တော့်အဖိုးနေထိုင်ရာတောင်ကုန်းလေးတစ်ခုပေါ်ကအိမ်လေးဆီကို စိတ်ပြေလက်ပျောက် လမ်းလျောက်ထွက်လာခဲ့တယ်။. ဟူး.... လူ့လောကကြီးမှာရှင်သန်ရတာ.တစ်ခါတစ်လေဆို အရမ်းပင်ပန်းတာပဲဗျာ။ . “အဖိုးကပြုံးလျှက်”. တကယ်ဆိုရင်.ဘဝဆိုတဲ့အဓိပ္ပာယ်ကိုက.ကြီးထွားခြင်းပဲမဟုတ်လား။. “ အဖိုးကလည်း တစ်နေ့တစ်ခြား အသက်ကြီးလာတာတော့ကလေးသွားမေးတောင်သိတာပေါ့ဗျ”ဟုရုတ်တရက်တွေးမိလိုက်သည်။မိမိ၏နောက်နေသောစိတ်ပင်ပို၍ နောက်သွားသည်ဟုထင်ရသည်။ . သို့သော် အဖိုး ဤသို့ဆိုလိုချင်သည်မဟုတ်နိုင်။ ထို့ကြောင့်. “အဖိုးဘာကိုဆိုလိုချင်တာလဲ.မသိဘူး “ဟုပြန်မေးလိုက်ရာ အဖိုးသည်.ကျွန်တော်တွေးမိလိုက်တာကိုသိသည့်ပုံဖြင့် “အေးပါကွာ”ဟုရယ်ရယ်မောမောဖြင့်။ “အဖိုး.ဆိုလိုချင်တာကဒီလိုပါ”. “တကယ်တော့ ဘဝမှာတွေ့ကြုံတွေ့ရတဲ့အခက်အခဲမှန်သမျှဟာ ယူတတ်ရင်သင်ခန်းစာရတဲ့အရာတွေကြည့်ပဲမဟုတ်လား။ “လူတစ်ယောက်ဟာ အခက်အခဲတွေကပေးတဲ့သင်ခန်းစာကိုမယူနိုင်သေးသ၍ တော့အဲ့ဒီသင်ခန်းစာကိုပဲပြန်သင်ရတယ်” “မင်းမြင်အောင်ပြောရရင် သချာ်ပုဒ်စာတစ်ခုကိုအဖြေရအောင်မတွက်နိုင်သေးသ၍ ဒီသချာ်သင်ခန်းစာထက် ခက်တဲ့၊ အဆင့်မြင့်တဲ့သင်ခန်းစာကိုတွက်နိုင်ဖို့မဖြစ်နိုင်သလိုပေါ့။ “ သင်ခန်းစာရသွားပြီဆိုရင်လည်း ထိုသူရဲ့စိတ်ဓာတ်၊ အသိဉာဏ်ဟာတစ်ဆင့်မြင့်သွားပြီလို့ဆိုနိုင်တယ်။ အဲ့တာကိုပဲစိတ်ပိုင်းဆိုင်ရာ”ကြီးထွားခြင်း”လို့သုံးလိုက်တာပါ။. အဖိုးပြောပြလိုက်မှ နားလည်သလိုလို ရှိလာတယ်။ ,ငါ့မြေးကို အဖိုး ကိုယ်တွေ့ဥပမာလေးနဲ့ပြောပြမယ်”. အဖိုးလည်းမင်းအရွယ်တုန်းက အသဲကွဲခဲ့ဖူးတယ်။. အဖိုး ငါအသဲကွဲနေတာဘယ်လိုလုပ် သိနေတာပါလိမ့်ဟုတွေးမိလိုက်၏။သို့သော် ရုတ်တရက်ပြင်းထန်စွာတိုက်ခက်လာသောလေပြင်းတစ်ချက်ကြောင့် ကျွန်ုပ်၏ အတွေးစပြတ်သွားလေသည်။ကျွန်ုပ်၏ အတွေးစသည် လေပြင်းနှင့်မတူပါသွားလေသည်။ ထို့ကြောင့်ပင် အဖိုးပြောနေသောစကားများကိုပို၍ ကြည်လင်စွာကြားနေရပြီး ရင်ထဲတွင်တိတ်ဆိတ်လျက်ရှိနေ၏။ ချစ်သော၊ နှစ်သက်သောသူနှင့်ကွေကွင်းခြင်းဆိုတဲ့ဝေဒနာကတော်တော်လေး ခံရခက်တယ်ဆိုတာ အဖိုးကိုယ်ချင်းစာနိုင်ပါတယ်။ အဖိုးတို့ယောကျာ်း အများစုဟာ .အဲ့ဒီဝေဒနာကို ဖြေဖျောက်တဲ့အနေနဲ့ အရက်တွေသောက်တတ်ကျတယ်မလား။ ပြီးတော့အချိန်ကြာလာတာနှင့်အမျှမေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပါပဲ။ဒါကလည်း.အဖိုးကိုယ်တွေ့ပါ။ အသဲကွဲတယ်ဆိုတာလည်း ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတစ်ခုပဲမလား။ အဖိုးပြန်စဥ်းစားကြည့်ခဲ့တယ်။ ဘာတွေများသင်ခန်းစာယူနိုင်မလဲဆိုပြီးတော့ပေါ့။အဖိုးရခဲ့တာတွေကို ငါ့မြေး ကိုပြောပြမယ်။ “၁.ပိုပြီး ကိုယ်ချင်းစာလာနိုင်တယ်။ ကိုယ်ချင်းစာနိုင်လာတယ်.ဟုတ်လား အဖိုး။ အရင်တုန်းကတော့အသဲကွဲတာဟာအဲ့သိလောက်ကြီးခံစားရလောက်အောင်ယုတ္တိမဆန်ဘူးလို့အဖိုးထင်ခဲ့မိတယ်။ ကိုယ်ကိုတိုင်ခံစားရမှအဲ့ဒီအချိန်ဟာ ကိုယ့်အတွက်လောကကြီးဟာအမှောင်ကျနေချိန်မှန်းသိလိုက်ရတယ်။ ဒါဟာလည်းlogicကျကျစဥ်းစားလေ့ရှိပြီး နှလုံးသားနှင့်ခံစားလေ့မရှိတဲ့ အဖိုးတို့လို ယောကျ်ားလေးတွေရဲ့ သဘာဝကြောင့်လို့တော့ထင်မိတယ်။” “အဲ့ဒီအချိန်ကစပြီးသိလိုက်ရတာက လူတစ်ယောက်ကို မင်းဖြစ်ပုံက မဟုတ်သေးပါဘူးကွာလို့ judge မလုပ်မီ ကိုယ်ကိုတိုင် သူ့နေရာမှာဝင်ခံစား၊ ဝင်တွေးပေးသင့်တယ် ဆိုပြီးတော့ပေါ့။အဲဒီလို empathic လုပ်နိုင်ခဲ့လို့ပဲ နောင်အခါလူတွေနဲ့ဆက်ဆံရာမှာတော်တော်လေးအဆင်ပြေလာခဲ့တယ်။ . “၂.Time heal all wounds. ဆိုတဲ့သဘောတရားလေးကိုပိုပြီးနားလည်လာခဲ့တယ်”။ ဟင်.အသဲကွဲတာနဲ့ အဲ့တာနဲ့ ကဘာဆိုင်လို့လဲ အဖိုးရ။ ကျွန်တော့်အမေးကြောင့် စကားဆက်မည်ပြင်နေသော အဖိုး၏ မျက်နှာတွင်အပြုံးတစ်ချက် ဖြတ်သွား၏။ အဖိုး၏ အပြုံးသည် ကျွန်တော့်အတွက်အရှုံးဖြစ်သွားသလိုလို။ ဘာကိုဆိုလိုချင်သည်ကို ပို၍ ပင်စဥ်းစားရကြပ်သွားစေသည်။မျက်မောက်ကျုံ့၍ စဥ်းစားရကြပ်နေသောကျွန်တော့်အား ရယ်ရယ်မောမောကြည့်ရင်း။ အဖိုး.ဆိုလိုတာက ဒီလိုပါကွ။ အဲ့အချိန်တုန်းကသာအရမ်းတွေခံစားရခဲ့ပေမယ့် အခုအချိန်ပြန်တွေးမိလိုက်ရင်ဘာမှမဟုတ်တော့သလိုပဲ ကိုယ့်ကိုကိုယ်ပြုံးတောင်ပြန်ပြုံးမိတယ်။ အဲ့ဒီအချိန်တုန်းကသာ ဒါတွေဟာနောင်တစ်ချိန်တွေးမိတိုင်းပြုံးနိုင်လောက်တဲ့ memory လေးတစ်ခုသာဖြစ်နေမယ်မှန်းသိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့။ အဲ့လိုသိလိုက်ရတဲ့အချိန်ကစပြီး တစ်ခုခုနဲ့ပတ်သတ်ပြီးခံစားနေရတယ်ဆိုရင် ဒီခံစားတွေဟာနောင်အချိန်တစ်ခုကြာသွားတဲ့အချိန်မှာ memoryလေးတစ်ခုအဖြစ်သာရှိနေမှာပါလားဆိုပြီး သိပ်ခံစားမနေတော့ပဲလူသားဆန်လိုက်တဲ့ငါပါလားဆိုပြီးကိုယ့်ကိုကိုယ်ကျေနပ်နေမိတယ်။ “၃.လူတွေနဲ့ဆက်ဆံရာမှာပိုပြီးauthentic ဖြစ်လာတယ်။ဟင် authentic ဖြစ်လာတယ်ဟုတ်လား.အဖိုး? ရုတ်တရက်ဆိုတော့ ငါ့မြေးနားလည်ဖို့ခက်လိမ့်မယ်။ ဒီလိုကွ။ အဖိုးတို့ယောကျာ်းလေးအများစုဟာ ကိုယ့်ကောင်မလေးရှေ့မှာ ကိုယ့်ရဲ့ dark sideတွေကိုချပြလေ့မရှိဘူးမလား။ ကိုယ့်အပေါ်ထားတဲ့respectနည်းသွားမှာကြောက်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုမချစ်တော့မှာကြောက်လို့ပဲဖြစ်ဖြစ်ပေါ့။ အဲ့ဒီကြောက်စိတ်ကြောင့်ပဲတစ်ချိန်ချိန်ဒါတွေကိုသိလာမှာပဲ ဆိုတဲ့အချက်ကိုမေ့နေတတ်တယ်။ အကယ်၍ တစ်ချိန်ပေါ်သွားလို့သူကလက်မခံခဲ့ဘူးဆိုရင် လည်းအဲ့ဒီအချိန်အကြာကြီးဖုံးကွယ်ဖိနှိပ်ထားရတဲ့အလုံးကြီး(ကြောက်စိတ်)ကအပေါ်တတ်လာပြီး အကြီးအကျယ် ပေါက်ကွဲပါလေရော။ အဖိုးအမြင်အရဆိုရင် ဘာပဲဖြစ်ဖြစ် စောစောကတည်းက အရှိကိုအရှိအတိုင်းပြောထားမယ်ဆိုရင် အရမ်းကြီးဆိုဆိုးဝါးဝါး ဖြစ်မှာမဟုတ်သလို၊ ရှေ့ဆက်သွားလို့ ဖြစ်၊ မဖြစ် လည်းကြိုပြီးစဥ်းစားထားနိုင်တာပေါ့။ တနည်းပြောရရင်မိမိရဲ့ကောင်းကွက်ကော၊ ဆိုးကွက်ကော ဘာမှဖုံးကွယ်မှုမရှိတဲ့ authentic relationship ပေါ့။ friendshipတွေထဲမှာလည်းဒီလိုပဲ. မိမိကauthenticဖြစ်လာတာနဲ့အမျှ သူငယ်ချင်းတွေနည်းလာတတ်ပြီးBe myself အတိုင်းလက်ခံနိုင်တဲ့ စစ်မှန်တဲ့သူငယ်ချင်းတွေပဲကျန်ခဲ့တယ်လေ။ဒါပေမယ့် မိမိကauthentic ဖြစ်လာတာနဲ့အမျှလူတွေနဲ့ဆက်ဆံရတဲ့အခါမှာ ပိုပြီးလွတ်လပ်လာသလိုခံစားရတယ် ငါ့မြေးရ။ ဒါတွေကတော့ အဖိုးရခဲ့တဲ့ life lesson တွေပေါ့။ တကယ်တော့အသဲကွဲတယ်ဆိုတာလည်း ယူတတ်ရင်သင်ခန်းစာတွေအများကြီးရနိုင်တာပဲနော် အဖိုး။. အဖိုးသည်ကျေနပ်စွာပြုံးရင်း။ ဟုတ်တာပေါ့ ငါ့မြေးရ ။ အဖိုးမင်းကိုနောက်ထပ်တွေးစရာတစ်ခုပေးဦးမယ်။ ဒါတွေဟာ အဖိုး ငါ့မြေးအရွယ်တုန်းက ဘယ်လိုတွေ့ကြုံ၊ ကျော်ဖြတ်ခဲ့တယ်ဆိုတာ ပြန်တွေးပြီးပြောနေတာမလား။ ဒါပေမယ့်တန်ဖိုးအရှိဆုံးနဲ့ပြောဖို့အလိုအပ်ဆုံးတစ်ခု ကျန်သေးတယ်။ ငါ့မြေးကိုလည်းအသဲကွဲခဲ့ဖူးတဲ့ အဖိုးကြီးတစ်ယောက်နေရာကဝင်ခံစားပြီး အဖိုးပြောဖို့ကျန်ခဲ့တာကို အဖြေရှာကြည့်စေချင်တယ်။ ရုတ်တရက်ခေါင်းထဲဝင်လာသော အတွေးတစ်ခုကြောင့် ကျွန်တော်ပြုံးလိုက်မိ၏။စကားကပြောကောင်းကောင်းနဲ့ နေတောင်ဝင်တော့မှာပဲနော်အဖိုး။ တောင်ကုန်းပေါ်ကလှမ်း၍ ကြည့်သောကြောင့်လားမသိ။ ဆည်းဆာ၏အလှသည်အရင်ကထက်ပင်ပို၍ လှနေသည် ဟုထင်မိသည်။ “ သားအိမ်ပြန်တော့မည် အဖိုး” ကျိုးပဲ့လုဆဲဆဲဖြစ်နေသော အုတ်လှေကားထစ်များအတိုင်း ပြန်ဆင်းလာခဲ့သည်။အချို့လှေကားများထစ်သသည် အက်ကွဲ၍ ချိုင့်ကွက်များကဲ့သိုပင်ဖြစ်နေ၏။ ပြိုကွဲပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာသော ထိုချိင့်ကွက်များထဲသို့ခြေထောက်မကျွံမိအောင် ဂရုတစိုက်ကြည့်၍ လျှောက်နေသော်လည်း ကျွန်ုပ်၏ စိတ်အစဥ်သည် သူမနှင့်အတူတည်ဆောက်ခဲ့သော အမှတ်တရများဆီ။ ကျွန်တော် ခေါင်းကိုမော့၍ သက်ပြင်းတစ်ချက်ချလိုက်မိ၏။ “ဟူး....... “ဒါတွေဟာတစ်ချိန်ကျရင် တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရလေးတစ်ခုဖြစ်နေမယ်မလား အဖိုးရာ”။ ကျွန်တော့်အဖြေကို အဖိုးမကြားနိုင်တော့သော်လည်း ကျွန်တော့်ရင်ထဲတွင်အတော်လေးပေါ့သွားလေသည်။ကျွန်တော်တမ်းတမိလိုက်၏။ သူလည်း ကျွန်တော်တောင်းခဲ့တဲ့ အဖြေကိုကျွန်တော်မကြားနိုင်အောင်ပေးခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ပါ။
Keep Reading