SarPhat Author
ဘယ်လို အကြောင်းအရာတွေ အပေါ်မှာ လက်လွှတ်ဖို့ ခက်ခဲနေတာလဲ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်မေးခွန်းထုတ်ဖူးပါသလား။အိမ်မှာရှိတဲ့ ခွေးလေးတွေ ကြောင်လေးတွေ သေဆုံးသွားတာကြောင့်ပဲဖြစ်ဖြစ် ၊ရည်းစားဟောင်းကို မေ့လို့ မရနိုင်တာပဲဖြစ်ဖြစ် ၊အကြိုက်ဆုံးအင်္ကျီလေး ပျောက်သွားတာပဲဖြစ်ဖြစ် ကျွန်မတို့လို သာမန်ပုထုဇဉ်လူသားတွေဟာ ကြေကွဲ ဝမ်းနည်းခံစားရတတ်လေ့ရှိပါတယ်။သို့ပေမယ့် တချို့သော ဆုံးရှူံးခြင်းတွေအပေါ်မှာတော့ ကျွန်မတို့ဟာ နှစ်ရှည် လပေါင်းများစွာ ခံစားရလေ့ရှိကြပါတယ်။ ကျွန်မတို့အတွက် အကြီးမားဆုံး ဆုံးရှူံးမှုကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပုံမှန် အသိစိတ် မကပ်နိုင်ပဲ ကိုယ့်ကိုယ်ကိုပါ ဒုက္ခရောက်စေတဲ့အထိ ခံစားရတာတွေလဲ ရှိဖူးကြပါတယ်။ ဒီလို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုထဲပဲရှိပါတယ်။ အဲ့ဒါကတော့ မတည်မြဲခြင်း တရားကို မေ့လျော့နေခြင်း ဖြစ်ပါတယ်။
ကျွန်မတို့ သာမန်လူသားတွေဟာ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အတွေ့အကြုံတွေအပေါ် ခံစားချက် ထားလွန်းရင်လဲ တွယ်ငြိခြင်း ဆိုတဲ့ ပြဿနာကို ခံစားရစေပါတယ်။များသောအားဖြင့် လောဘ ဒေါသ မောဟ ဆိုတဲ့ ခံစားချက်တွေကိုပါ ဆုပ်ကိုင်ထားလွန်းနေတာလဲ ရှိတတ်ကြပါတယ်။ အဲ့ဒီလိုခံစားချက်တွေရှုပ်ထွေးလာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။ တစ်နည်းအားဖြင့်
ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဘယ်လို လက်လွှတ်ကြမလဲ။ အဖြေကတော့ တစ်ခုထဲပါပဲ။ အဲ့ဒါဟာ မမြဲခြင်းတရားကို သတိရခြင်း ပါ။လောကကြီးမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ ကျွန်မတို့ ကြုံတွေ့နေရတဲ့ အပူတွေ ၊ပြဿနာတွေ ၊ဝမ်းနည်းမှု ၊ပျော်ရွှင်မှု၊ စိတ်အေးချမ်းမှု အရာအားလုံးဟာ ခဏတာခံစားတွေ့ကြုံရတဲ့အရာတွေပါ။ ဒါတွေအားလုံးကို ခဏတာ ကြုံတွေ့ပြီးရင် အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားကြမှာပါပဲ။ ဒီလိုမတည်မြဲခြင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မတို့အားလုံးလုပ်နိုင်တာတစ်ခုကတော့ ကျွန်မတို့ဟာ ဘယ်အရာကိုမှ မထိန်းချုပ်နိုင်ပါဘူး။ တခြားသူ ၊ အခြေအနေ၊ ပတ်ဝန်းကျင် ဘယ်အရာကိုမှ မထိန်းချုပ်နိုင်ပါဘူး။ဆိုတာကို သတိတရရှိခြင်းပဲဖြစ်ပါတယ်။ ကျွန်မတို့တွေ ပင်ပန်း ခံစားနေရတယ်ဆိုတာဟာ ကျွန်မတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာ ရာနှုန်းပြည့် ခံစားပြီး ကျွန်မတို့မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်နေကြရလို့ပါ။
အဲ့ဒီအစား ကိုယ်ထိန်းချုပ်နိုင်တဲ့ အခြေအနေအရပ်ရပ်ကိုပဲ အာရုံစိုက်ခြင်း (တစ်နည်းအားဖြင့် မိမိကိုယ်ကိုအာရုံစိုက်ခြင်း) က အကောင်းဆုံးအဖြေဖြစ်ပါတယ်။
စိတ်ထိခိုက်စရာ အခြေအနေတွေနဲ့ ကြုံလာတဲ့အခါ ကျွန်မတို့အတွက် အမြဲတမ်းအတူရှိနေပေးနိုင်တာဟာ ကျွန်မတို့ရဲ့ စိတ်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်နိုင်ခြင်းဟာလဲ အကောင်းဆုံးအဖြေပဲလို့ပြောနိုင်ပါတယ်။ ကြုံလာတဲ့ လောကဓံတွေအပေါ်မှာ ကျွန်မတို့ရဲ့ reaction/responseတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အရေးကြီးဆုံးပဲဖြစ်ပါတယ်။ကျွန်မတို့ ပူပန်ခံစားနေရတဲ့အဓိက အကြောင်းအရင်းကတော့ ကျွန်မတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်လွန်းနေတာကြောင့်ပဲဖြစ်ပါတယ်။
ကျွန်မတို့လူသားတွေဟာ သေဆုံးပြီးနောက် ဘဝကြီးထဲကနေ ဘယ်အရာကိုမှ ယူသွားလို့ မရပါဘူး။ သို့ပေမယ့် ဗုဒ္ဓဘာသာအယူအရကျွန်မတို့ကြုံတွေ့ခဲ့ရတဲ့ experienceတွေ အခက်အခဲတွေအပေါ်မှာ ဘယ်လို react/responseလုပ်ခဲ့တယ်ဆိုတဲ့ ကျွန်မတို့ရဲ့ reactionတွေဟာ သေဆုံးသွားသည့်တိုင် Karma(ဝဋ်ကြွေး) အနေနဲ့ ပါသွားမှာဖြစ်ပါတယ်
တစ်နေ့နေ့တစ်ချိန်ချိန် အရာအားလုံး ဆုံးရှူံးပျောက်ကွယ်သွားတဲ့အခါ ကျွန်မတို့ရဲ့ ကပ်တွယ်ထားတဲ့ စိတ်ကလေးတွေဟာ ဆုံးရှုံးမှူနောက်ကို ပါသွားပြီး ပြင်းထန်စွာ ခံစားရနိုင်တာကြောင့် ဘယ်အရာကိုမှ စိတ်အစွဲမထားတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ တွယ်ငြိလေလေ ခံစားရလေလေပါ။ အရာအားလုံးဟာ ဆုံးရှူံးဖို့ဖြစ်တာ်လာတာကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန် ဆုံးရှူံးဖို့အချိန်ကျလာတဲ့အခါ အချိန်စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ လက်လွှတ်ပေးဖို့ မမေ့ပါနဲ့။ ပိုပြီးဆွဲထားလေ ပိုပြီး တွယ်ငြိလေ ပိုပြီးခံစားရလေဖြစ်တာကြောင့် ဘယ်အရာမှ မတည်မြဲပါဘူးဆိုတာလေးကို သတိထားပြီး မိမိတို့ရဲ့ ခံစားချက်များကို မထိခိုက်အောင် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်လို့ အကြံဉာဏ်ပြုချင်ပါတယ်။
Keep Reading