Author's Profile Photo

ဖြိုး(နယုန်)

2/05/2024

ဝါးပင်လေး

1 min read
Art
ဝါးပင်လေး's photo




တစ်ခါတလေ ဘ၀ကခက်ခဲပါတယ်။ပိုက်ဆံကိုရေလိုသုံးနိုင်တဲ့သူတွေအတွက် ဘ၀ဆိုတာ နေတတ်ရင် ပျော်စရာကြီးပါတဲ့။ကဲ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ သာမန်လက်လုပ်လက်စားသူတွေ စား၀တ်နေရေး၃ပါးလုံးကိုဖြေရှင်းရတဲ့အခါ အင်မတန်ကိုခက်ခဲပါတယ်။

ညအိပ်ချိန်ရောက်လို့ အိပ်ရာထဲ၀င် ခေါင်းအုံးလေးပေါ် ကိုယ့်ရဲ့ ဦးခေါင်းလေးကိုအနားပေးလိုက်တဲ့အချိန်မှာ ကိုယ့်ဘ၀ပင်ပန်းဆင်းရဲမှုတွေကို တွေးလိုက်တိုင်း အင်မတန်ကို၀မ်းနည်းပြီး မျက်ရည်ကျရတယ်။ကိုယ်ကကျောင်းတတ်နေတဲ့အရွယ်မို့ ပိုက်ဆံမရှာနိုင်သေးတော့ မိဘတွေကိုအားနာမိတယ်။ဒါပေမယ့် ကျောင်းကိုမထွက်ပါဘူး။မိဘတွေဖြစ်စေချင်တဲ့အတိုင်းကျောင်းကိုဆက်တက်မယ်။ကျောင်းကဆရာပြောဖူးတဲ့ ဝါးပင်လေး​အကြောင်းကြောင့် စိတ်ခွန်အားဖြစ်ခဲ့ရတာလေးလည်းပါတယ်။ဝါးပင်လေးလိုပဲခက်ခဲလည်းအားတင်းထားပါတယ်။

တစ်နေ့ဆရာစာသင်နေရင်း ပြောတဲ့ ဝါးပင်လေးအကြောင်း.....?

ဝါးပင်လေးတစ်ပင်ဟာ မြေကြီးပေါ်ကိုပေါ်ထွက်လာဖို့အတွက် မြေကြီးထဲမှာ ၃လကြာအမြစ်ကုပ်တွယ်​၊ မြေပေါ်ကိုရောက်ဖို့အတွက်ကြိုးစားရုန်းကန်ရတယ်တဲ့။ဘာလို့လဲဆိုတော့ မြေကြီးအပေါ်ကိုရောက်လာရင် လေဒဏ် မိုးဒဏ်ခံနိုင်အောင်လို့တဲ့။၀ါးပင်လေးဟာ ၃လကြာမြေကြီးထဲမှာ အမြစ်ကုပ်တွယ်ပြီးရင် မြေကြီးအပေါ်ထွက်လာပြီ။ အဲ့ဒီအခါကျတော့ မြေကြီးထဲမှာလို တစ်ခါထွက်ဖို့ အကြာကြီးမစောင့်ရဘူးတဲ့။မြေကြီးပေါ်ရောက်လာတဲ့ ၀ါးပင်လေးဟာ တစ်နေ့ကို ၈လက်မနှုန်းနဲ့ နေ့စဥ်ကြီးထွားလာတယ်တဲ့။အဲ့လိုနဲ့ ဝါးပင်လေးဟာ မြင့်ပြီးရင်း မြင့်လာတာတဲ့။အပင်မြင့်လာလို့ လေဒဏ် မိုးဒဏ်ကိုလည်း ကြောက်စရာမလိုဘူးတဲ့။ ဘာလို့လဲဆိုတော့ ဝါးပင်လေးဟာ မြေကြီးထဲမှာ ၃လကြာတောင် အမြစ်ကိုခိုင်မာစွာကုပ်တွယ်ထားတာကြောင့် အခြေခိုင်နေလို့ပဲတဲ့။

လူဘ၀မှာလည်းအဲ့လိုပဲ အရင်ဆုံး အခြေခိုင်အောင်လုပ်ရမယ်တဲ့။အောက်ခြေမှာဘယ်လောက်ကြာကြာသည်းခံရမယ်၊ကြိုးစားရုန်းထွက်နိုင်ရမယ်။ကိုယ့်ဘ၀ကဘယ်လောက်ပဲပင်ပန်းနေပါစေ ကိုယ့်အနာဂတ်မှာကောင်းမွန်ဖို့အတွက် ၊တစ်နေ့တစ်ချိန်ကျရင် ၀ါးပင်လေးကြုံရသလို လေဒဏ်မိုးဒဏ်ကိုလိုမျိုး ဘ၀ရဲ့ အခက်အခဲတွေ တိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ရမယ်။

မုန်တိုင်းပြီးရင် လေပြည်လဲစမြဲမို့ ဘဝမှာ ဘာအခက်အခဲရှိရှိ အားတင်းထားကြဖို့ အကြံပေးလိုပါတယ်။


ဒီအကြောင်းလေးကိုပြောပြပေးတဲ့ ဆရာကိုလည်း ဒီနေ့အထိသတိရ မှတ်မိဆဲပါ?


(2.5.2024)2:02pm


Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့