Author's Profile Photo

SarPhat Author

1/05/2024

'သုံးဖက်မြင်ကမ္ဘာ'

1 min read
Life Style
General Knowledge
Poetry
'သုံးဖက်မြင်ကမ္ဘာ''s photo

တစ်ဖက်မှာ လူသတ်ပွဲတွေ
ပျော်ပျော်ကြီးကျင်းပနေတဲ့ ကမ္ဘာကြီးရှိသလို၊
တစ်ဖက်မှာ လူသားချင်းစာနာထောက်ထားမှုနဲ့
ဆီးကြိုနေတဲ့ ကမ်းလက်တွေရှိတာကိုလည်း
ကျွန်တော်တို့နားလည်ရမယ်။
.
ဂုတ်သွေးစုပ်ဝါဒကို အမြစ်ဖြတ်ဖို့
သွေးကြွေးတွေ ပေးချေနေရချိန်မှာ,
တဒင်္ဂလောက် မှေးစက်ဖို့
နွေးထွေးတဲ့ရိပ်မြုံတစ်ခု,
ကျွန်တော်တို့လိုတယ်။
.
မေတ္တာသုတ် ရွတ်မရတဲ့အခါ
နှစ်လက်မတုတ်က ပိုအဆင်ပြေတယ်ဆိုတာသက်သက်၊
ဘာသာရေးက သွန်သင်ခဲ့သလို
သတ္တဝါတိုင်းကို မေတ္တာထားပြီး,
နားလည်ဖို့ကြိုးစားကြည့်ရမှာက သက်သက်၊၊
.
ဂျူးခြောက်သန်းကျော် မျိုးသုဉ်းခဲ့တဲ့ ကမ္ဘာကြီးမှာ
မာသာထရီဇာမွေးခဲ့တယ်ဆိုတာ သတိရစေချင်တယ်၊
ဟင်နရီဒူးနန့် လူဖြစ်ခဲ့တယ်ဆိုတာ နှလုံးသွင်းစေချင်တယ်၊
ချစ်မိတယ်ဆိုတာက
မုန်းသွားတာမှ မဟုတ်ပဲကွယ်၊
အရာရာဟာ တရားပါတယ်။
.
အလင်း အမှောင် ယှဉ်တွဲတဲ့ ကမ္ဘာကြီး၊
အကောင်းအဆိုး ဒွန်တွဲတဲ့ ကမ္ဘာကြီး၊
အပူ နဲ့ အအေး ရောထွေးနေတဲ့ ကမ္ဘာကြီးမှာ,
အသက်ရှင်ရတာ ပင်ပန်းလာတဲ့အခါ
အဆိုးထဲက ကောင်းကွက်လေးတွေ၊
သွေးအိုင်ထဲက ရောင်စုံသက်တံ့လေးတွေ၊
ငိုညဉ်းသံတွေကြားက ရယ်သံလွင်လွင်လေးတွေ၊
ဒါတွေကို မြင်အောင်ကြည့်တတ်ဖို့
ညီမလေးကို ကျွန်တော်ပြောပြချင်တယ်။


Cobmaco

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်