Author's Profile Photo

SarPhat Author

30/04/2024

စေတနာကိုစော်ကားခံရတဲ့အခါ

1 min read
Life Style
Personal Development
General Knowledge
စေတနာကိုစော်ကားခံရတဲ့အခါ's photo

တခါတလေ ဘဝမှာ ကိုယ်ကစေတနာထားပါရက် ကိုယ့်စေတနာကိုစော်ကားတဲ့သူမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအချိန်မှာဖြစ်တဲ့ စိတ်ခံစားမှုတွေက ဘာတွေဖြစ်မလဲ?

စိတ်တိုတယ်
ဒေါသထွက်တယ်
စိတ်မကောင်းဖြစ်တယ်
စိတ်ကုန်စိတ်ပျက်တယ်
စေတနာထားခဲ့မိတာမှားတယ်ဆိုတဲ့ အတွေးတွေးမိတယ်
ငါ့စေတနာကိုစော်ကားရက်လေခြင်းဆိုပြီး ယူကြုံးမရဖြစ်တယ်

အဲဒီတော့ ကျွန်မတို့ အဲလိုအခြေအနေတွေ ကြုံခဲ့ရင်ဘယ်လိုလုပ်မလဲ စိတ်တို၊ စိတ်ဆိုးပါ အချိန်ကာလတစ်ခုထိပေါ့ စိတ်မတိုနဲ့ ၊ စိတ်မဆိုးနဲ့ မပြောလိုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်တဲ့ကိစ္စတွေချင်းမှ မတူနိုင်တာ ဒါကြောင့် ကိုယ့်စိတ်ထဲ အချိန်ကာလတိုတစ်ခုစာ ခံစားသင့်သလောက်ခံစားလိုက်ပါ။ ပြီးရင်တော့ အဲ့လူကိုရော အဲ့ကိစ္စ အဲ့အကြောင်းအရာတွေရောကို လျစ်လျူရှုလိုက်ပါ။ ကိစ္စအတိမ်အနက်အရ မေ့ပစ်ဖို့တော့ မတိုက်တွန်းပါဘူး မေ့ပစ်ချင်ပေမယ့် မေ့ပစ်လို့မရတာတွေရှိတယ်မလား? ဒါကြောင့် လုံးဝမေ့ပစ်တာထက် လျစ်လျူရှုပါ။ ကိုယ့်စိတ်ထဲကို အလေးခံ အနာခံပြီး ထပ်မထည့်ထားဖို့သာ လုပ်ဆောင်ပါ။ ကိုယ်ထားခဲ့မိတဲ့စေတနာဟာ ဖြူစင်သန့်ရှင်းတယ်ဆိုရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးပါလိမ့်မယ်

#TheNoteBySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်