Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

30/04/2024

?လူတွေမသိသေးတဲ့ လူ့အကြောင်း

1 min read
Health
General Knowledge
?လူတွေမသိသေးတဲ့ လူ့အကြောင်း's photo

?အမေရိကန်သတင်းတစ်ပုဒ်မှာ Brian Clegg လို့ခေါ်တဲ့ စူးစမ်းပညာရှင်တစ်ဦးဟာ "Weird Facts about human body"ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ လူ့ခန္ဓာကိုယ်အကြောင်းကို ဖော်ပြသွားခဲ့ပါတယ်။ ဒီနေ့မှာလည်း သူအဲ့လိုဖော်ပြသွားခဲ့တဲ့ အချက်တွေထဲကမှ စိတ်ဝင်စားစရာအချက်(၂၀)ကို ပြန်လည်sharingလုပ်ပေးသွားမှာဖြစ်ပါတယ်။

နံပါတ်(၁) လက်သည်းတွေဟာ ခြေသည်းတွေထက် အရှည်ပိုမြန်ကြပြီးတော့ အားလုံးထဲမှာ လက်ခလယ်လက်သည်းက အရှည်အမြန်ဆုံးပဲဖြစ်ပါတယ်။

နံပါတ်(၂) မျက်လုံးဖွင့်ပြီး ဘယ်သူမှနှာချေလို့မရနိုင်ပါဘူး။ အဲ့လိုနှာချေချိန်အတွင်းမှာ နှလုံးခုန်တာကလွဲလို့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အလုပ်လုပ်ခြင်းယာယီရပ်ဆိုင်းသွားပါတယ်။

နံပါတ်(၃)အသက်အရွယ်ကြီးလာတာနဲ့အမျှ နှာခေါင်းနဲ့နားရွက်တို့ကလည်း အတန်အသင့်လိုက်ကြီးလာကြပေမယ့် မျက်လုံးရဲ့အရွယ်ကတော့ မွေးကတည်းကအတိုင်း တစ်သက်မတ်တည်းပြောင်းလဲမှုမရှိပါဘူး။

နံပါတ်(၄) ကလေးတွေက ဆောင်းရာသီမှာအရပ်အရှည်မြန်ကြပါတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့အရပ်အရှည်က မနက်နဲ့ညမတူကြဘဲနဲ့ မနက်ပိုင်းမှာတိုင်းကြည့်ရင် (၁)စင်တီမီတာပိုရှည်တယ်လို့လည်းသိရပါတယ်။

နံပါတ်(၅) စားပိုးနင့်အောင်စားခြင်းက အကြားအာရုံကိုလျှော့နည်းစေပါတယ်။

နံပါတ်(၆) နှုတ်ခမ်းလေးတွေအနီရောင်သမ်းနေတာက နှုတ်ခမ်းအရေပြားအောက်မှာရှိတဲ့ အလွန်သေးငယ်တဲ့သွေးကြောမျှင်လေးတွေ စုဝေးနေတာကြောင့်ပဲဖြစ်ပါတယ်။

နံပါတ်(၇) အရိုးတွေက ကွန်ကရစ်ထက် လေးဆပိုပြီး မာကျောပါတယ်။ လူတစ်ယောက်ရဲ့အမာဆုံးအရိုးကတော့ မေးရိုးဖြစ်ပြီး အသေး‌ဆုံးအရိုးကတော့ နားရွက်ပဲဖြစ်ပါတယ်။

နံပါတ်(၈) အရွယ်ရောက်ပြီးသားသူတိုင်းရဲ့ ကိုယ်တွင်းဆဲလ်တွေက မိနစ်တိုင်းကို သန်း(၃၀၀)လောက်သေဆုံးကြပြီးတော့ တစ်ရက်ကို ဆဲလ်အသစ်ဘီလီယံပေါင်း(၃၀၀)လောက် ပြန်လည်မွေးဖွားလေ့ရှိပါတယ်။

နံပါတ်(၉).ဆံပင်မှာဖွဲ့စည်းထားတဲ့ အရာဝတ္ထုပစ္စည်းတွေက လက်သည်းခွံမှာဖွဲ့စည်းထားတဲ့အရာတွေနဲ့ ထပ်တူညီမျှပါတယ်။

နံပါတ်(၁၀) ခဲတွင်းထဲကနေ မြိုချလိုက်တဲ့အစာဟာ အစာအိမ်ထဲကိုရောက်ဖို့ ခုနှစ်စက္ကန့်လောက်ကြာပါတယ်။

နံပါတ်(၁၁) ရောဂါဝေဒနာစွဲကပ်ခံစားရခြင်းရဲ့ ၉၀%လောက်က စိတ်ဓာတ်ကျခြင်းကြောင့်ဖြစ်ပေါ်လာရတာပါ။

နံပါတ်(၁၂) အမျိုးသမီးများရဲ့နှလုံးခုန်နှုန်းဟာ အမျိုးသားများထက်ပိုမြန်ကြပါတယ်။

နံပါတ်(၁၃) ကလေးတွေက လူကြီးတွေထက် အနံ့ခံအာရုံပိုကောင်းကြပါတယ်။

နံပါတ်(၁၄) ကျွန်မတို့ခန္ဓာကိုယ်ထဲက ကလီစာတွေထဲမှာ အသည်းကအလုပ်အရှုပ်ဆုံးပါပဲ။

နံပါတ်(၁၅) သန္ဓေသားတွေဟာ မိခင်‌ဗိုက်ထဲကနေမထွက်ခင် (၆)‌လလောက်အလိုကတည်းက သွားပေါက်ဖို့အရှိန်ယူနေကြပါတယ်။

နံပါတ်(၁၆) မျက်တောင်မွှေးရဲ့သက်တမ်းက ပျမ်းမျှရက်ပေါင်း(၁၅၀)လောက်ကြာမြင့်ပါတယ်။

နံပါတ်(၁၇) လူ့ဘဝတစ်သက်စာအတွင်း တံ‌တွေးထွက်ရှိမှုပမာဏဟာ ရေကူးကန်နှစ်ကန်စာနဲ့ညီမျှပါတယ်။

နံပါတ်(၁၈) ဦးခေါင်းခွံကို မတူညီတဲ့အရိုးပေါင်း (၂၆)ခုနဲ့ဖွဲ့စည်းထားပါတယ်။

နံပါတ်(၁၉) နွေး‌‌နွေးထွေးထွေးအိပ်စက်ခြင်းက အိပ်မက်ဆိုးတွေကို မမက်စေပါဘူး။

နံပါတ်(၂၀) IQ မြင့်တဲ့သူတွေက အိပ်ပျော်နေစဉ် မကြာခဏအိပ်မက်မြင်မက်လေ့ရှိကြပါတယ်ရှင်...

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)