Author's Profile Photo

SarPhat Author

30/04/2024

Zodiac Sign တွေထက်နက်နဲသော Psychology ပညာရပ်အကြောင်း....

1 min read
Life Style
General Knowledge
Zodiac Sign တွေထက်နက်နဲသော Psychology ပညာရပ်အကြောင်း....'s photo

လူတွေရဲ့အကြောင်းကို personality အရ ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့သူတစ်ယောက် အများပြောတဲ့ လူကဲခတ် တော်တဲ့သူတစ်ယောက် ဖြစ်ဖို့ အတွက် လူကဲခတ်နည်းစာအုပ်တွေ Zodiac sign တွေအကြောင်းကို ကျွမိးကျင်အောင်နားလည်ဖို့က အရေးမကြီးပါဘူး ။ ကမ္ဘာ့လူဦးရေ ရာခိုင်းနှုန်းတော်တော်များများရဲ့ Emotion တွေ personality တွေနဲ့ပတ်သတ်ပြီး Zodiac ပညာရပ်က အတော်လေးနီးစပ်တာတော့ အမှန်ပဲ Psychology ပညာရပ်ကတော့ ဒီ့ထက်ပိုလေးနက်ပြီး ပိုတိကျပါတယ်။ လူတွေကို ဘာsign ကြောင့် ဘာဖြစ်တယ်ဆိုတဲ့ boundary ကနေ မစဥ်းစားဘဲ လွတ်လွတ်လပ်လပ် Free တွေးခေါ်တာမျိုးကြောင့် ပိတ်မိနေတဲ့ အမှန်တရားတွေ မစဥ်းစားမိတဲ့အကြောင်းအရာတွေပါ တွေးခေါ်လာနိုင်တဲ့အပြင် လူတွေအကြောင်းပိုသိလာပါတယ်။ Gym ဆော့တဲ့အခါ ဘယ်ကြွက်သားက ဘယ်လိုဖွံ့ဖြိုးလာတယ်ဆိုတာမျိုး ဘယ်အလုပ်လုပ်ရင် dophamine ပိုထွက်ပြီး ပိုလုပ်ချင်သလိုမျိုး ဘယ်အခြေအနေမှာတော့ ဒီလူတစ်ယောက်ရဲ့ စိတ်အခြေအနေကဘယ်လို ခံစားမှုကဘယ်လိုဆိုတာ နားလည်လာပါလိမ့်မယ်။ နာကျင်မှုကိုခံစားရတဲ့အခါ အဲ့နာကျင်မှုက နှလုံးသားကလာတာလား ခန္ဓာကိုယ်က လာတာလားဆိုတာ သိမှုကနေတစ်ဆင့် ဦးနှောက်ကို လက်ဆင့်ကမ်းပေးပြီး ဦးနှောက်ကနေ နာကျင်သင့်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ ကျွန်တော်တို့ရဲ့ ပြန်လည်တုန့်ပြန်မှုက ရင့်ကျက်မှုကိုပါ တစ်ပါတည်းပြပါတယ်။ ပြောချင်တာ Psychology အကြောင်း နဲနဲလောက်ဖြစ်ဖြစ် ခင်ဗျားနားလည်ရင် နာကျင်သင့်တဲ့အရာဟုတ်မဟုတ် ခံစားသင့်တဲ့အရာဟုတ်မဟုတ်ကိုပါ ခွဲခြားနိုင်လာပြီး မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေ ရှိမှာမဟုတ်တော့ဘူး။ Anthropophobia(လူကြောက်တဲ့စိတ်ရောဂါ) ၊ Ego (အတ္တဆန်ခြင်း၊ မိမိကိုယ်ကိုဟ် တခြားတစ်ယောက်နှင့် နှိုင်းယှဥ်ခြင်း) တွေဟာ Psychology ပညာရပ်မှာ အလွန်ရိုးရှင်းတဲ့ ဇီဝဖြစ်စဥ်တွေပါပဲ၊ အဲ့ဒီ့ လက္ခဏာတွေကို နားလည်တဲ့အခါ လူတွေကိုပါ နားလည်လာနိုင်ပါလိမ့်မယ် ( psychological type တွေအကြောင်းနဲ့ သူတို့ဖြစ်စဥ်တွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကိုတော့ နောက်အပိုင်းကျမှ ဆက်ရေးပေးပါမယ်)

စကားကို မပီမသနဲ့ မြန်မြန်ပြောတတ်တဲ့သူတွေက လျှိုဝှက်ချက်များတဲ့သူ ဖြစ်ပြီး ငယ်စဥ်ကတည်းက သူများထက် လောကဓံကို ပိုပြီးခံရတဲ့သူတွေဟာ ရယ်စရာမဟုတ်တဲ့ အသေးအမွှားလေးတွေ တွေ့ရင် ဟပ်ဟပ်ပက်ပက် ရယ်မောတတ်ကြတယ်တဲ့ လူတွေရဲ့အပြုအမူတွေကနေ သူတို့အကြောင်းအသေးစိတ် ကို Psychology ပညာရပ်ကနေ သိနိုင်တာမလို့ Psycho ပညာရပ်ဟာ အတော်လေးနက်နဲတယ်လို့ ဆိုနိုင်တယ်။ လူတွေကိုလည်း ပိုပြီး နားလည်တတ်နိုင်တဲ့ အပြင် သူတို့ရဲ့ ဖြစ်တည်မှုတွေကိုပါ လင်ခံပေးလာ နိုင်ပါတယ်။

ဆက်ရန်ရှိသေး......

Keep Reading

ဉာဏ်နှင့်ပညာအထက်တန်းစားနှင့်အောက်တန်းစားစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များကျောင်းနှစ်ကျောင်းအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်