SarPhat Author
ရွေးချယ်မှုမမှားရန်ရည်ရွယ်ပါသည်။
__________________________________________________
အချိန်ကလူကိုမစောင့်ပါဘူး။မြတ်စွာဘုးရားတောင်မှသေခြင်းတရားကိုရှောင်လွှဲလို့မှမရခဲ့ပါဘူး။ဒါတောင်မှလူတွေကကိုယ့်ကိုယ်ကိုအမှတ်မှားတတ်ကြတယ်။သူတို့ကိုသူတို့မသေမျိုးတွေကြနေတာပဲမာနတွေကိုယ်စီနဲ့။ငါချမ်းသာတယ်၊ငါလှတယ်၊ငါကောင်းရင်ပြီးရောစသည်ဖြင့်တွေးကြပါတယ်။လူတိုင်းတော့မဟုတ်ပါဘူးတစ်ချို့လူတွေပါ။ထိုသူတွေကိုမြင်ရရင်ကျွန်တော်အရမ်းသနားတယ်။သူတို့ကမျက်စိကန်းနေတဲ့လူလိုပဲ။မှန်လားမှားလားမသိကြဘူး။ဘဝမှာလမ်းမှားတာလောက်ကြောက်ဖို့ကောင်းတာမရှိပါဘူး။ဘဝကတိုတိုလေးပါ။တိုတောင်းတဲ့အချိန်မှာတစ်ယောက်နဲ့တစ်ယောက်မေတ္တာထားနိုင်ရင်အေးချမ်းရမှာပါ။အချစ်ကိုကာကွယ်ဖို့အမုန်းတွေဖြစ်ပေါ်လာတာမှန်ပေမယ့်၊အမုန်းကိုခန္တီတရားထားပြီးတော့မေတ္တာသာပွားပါ။မှားတဲ့သူပဲခံရပါလိမ့်မယ်။
ဘဝမှာအတုခိုးမမှားကြဖို့လည်းအရေးကြီးပါတယ်။လက်ဦးဆရာကမိဘဆိုရင်သားသမီးတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကမိဘရဲ့သွန်သင်မှုလို့ယူဆနိုင်ပါတယ်။ဒါပေမယ့်မိဘကတော့ကောင်းပြီးသားသမီးတွေကဆိုးဆိုးလာတာကိုခုနောက်ပိုင်းကာလတွေမှာတွေ့ရပါတယ်။လူတစ်ယောက်ကတစ်ခါတစ်လေမှကိုယ်တောင်မသိဘဲနဲ့မျှော်လငိ့နေမိတာမျိုးရှိတတ်ကြပါတယ်။ကိုယ်နှစ်သက်တဲ့ရုပ်ရှင်တွေထဲကမင်းသားမင်းသမီးတွေ၊ charactersတွေရဲ့abalityတွေကိုနှစ်သက်ပြီးရူးသွပ်ကြတဲ့လူတစ်ချို့လဲရှိပါတယ်။ပြောရရင်လဲသူတို့တွေနဲ့ရန်ဖြစ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ဥပမာပြရရင် K-pop fansလေးတွေကပိုဆိုးပါတယ်။သူငယ်ချင်းတွေထဲမှာအဲလိုလူတွေရှိလို့သူတို့အကြောင်းဆိုအသိဆုံးပါ။ပြောရရင်ခုနောက်ပိုင်းမိန်းကလေးတွေကတော်တော်ပျက်စီးလာကြပါတယ်။သူတို့ကိုတန်းတူအခွင့်အရေးပေးထားပေမယ့်သူတို့ကကိုယ့်ကိုယ်ကိုတန်ဖိုးထားဖို့မေ့နေကြပါတယ်။ကောင်လေးချောချောလေးတွေကိုကြည့်ရတာကိုသဘောကျနေတဲ့ကောင်မလေးတွေကဘာတဲ့အဆင်ငမ်းတာဆိုလား။အဲလိုကြည့်တော့ရောဘာထူးသွားမှာလဲ။အချိန်တန်ရင်ပုပ်သိုးဆွေးမြေ့သွားတဲ့ခန္ဓာကိုယ်ကြီးကိုသူတို့ကမက်မောနေကြတာ။အဆင်းကိုကြည့်ပြီးကြိုက်နေကြတာ။ရုပ်ချောတာထက်စာရင်စိတ်ကောင်းရှိဖို့ကပိုအရေးကြီးပါတယ်။ဘဝမှာကိုယ့်ရဲ့လက်တွဲဖော်ကကိုယ်နဲ့အတူအိုမင်းသွားမှာပါပဲ(ငယ်ငယ်ရွယ်ရွယ်နဲ့ယူကွဲကြီးတွေတော့မပါပါဘူး)။ဆိုတော့စိတ်ကောင်းရှိတဲ့လူငယ်တစ်ယောက်ကိုရွေးချယ်တာမှန်ကန်ပါမယ်။လူ့အကြောင်းပေါင်းကြည့်မှသိဆိုတဲ့အတိုင်းချစ်သူရည်းစားဘဝမှာသေချာစွာစမ်းစစ်လေ့လာသင့်ပါတယ်။နောက်တစ်ခုကဘဝမှာအောင်မြင်မှုနောက်ပဲလိုက်ပါ။ငွေနောက်ကိုမလိုက်ပါနဲ့။ဘဝမှာငွေနောက်လိုက်မိရင်ငွေတွေပဲရပါလိမ့်မယ်။တိုတောင်းတဲ့ဘဝမှာငွေရှာဖို့ပဲကြိုးစားနေတဲ့သူကပျော်ရွင်မှုနဲ့သူငယ်ချင်းကောင်းတွေကိုဆုံးရှုံးရလိမ့်မယ်။ငွေရှာဖို့ဦးစားပေးရင်သူငယ်ချင်းတွေကိုဂရုစိုက်ဖို့မေ့နေပါလိမ့်မယ်။အောင်မြင်မှုနောက်ကိုလိုက်တဲ့အခါ၊ဝါသနာပါတာကိုလုပ်ပါ၊ဖြစ်ချင်တဲ့ဆန္ဒရှိတာကိုဦးစားပေးပါ။ဖြစ်သင့်တာကိုလည်းစွန့်ပယ်မထားပါနဲ့။ဘာကြောင့်လဲဆိုတော့ဖြစ်သင့်တာတွေကအောင်မြင်မှုအဆော့အအုံရဲ့ကျောက်ထုပ်သံစည်သံကွေးတွေပဲ။ဖြစ်ခြင်တာကတော့အခြေခံအုတ်မြစ်တွေပါ။မ်တ်ဆွေအပေါင်းအသင်းကအဆောက်အအုံကိုထင်ရှားစေတဲ့အပြင်ပိုင်းသုတ်ဆေးတွေပြတင်းပေါက်တွေအမိုးအကာတွေဖြစ်ပါတယ်။မိသားစုကတော့အတွင်းပိုင်းပရိဘောဂတွေပါပဲ။အားလုံးကဘယ်အရာမဆိုမရှိမဖြစ်ကိုလိုအပ်တာပါ။အပေါင်းအသင်းမရှိတဲ့အခါလုပ်ငန်းကိုကြေငြာရင်အလုပ်များရပါတယ်။မိသားစုမရှိတဲ့အခါအောင်မြင်မှုကပြီးပြည့်စုံမှုမရှိပါဘူး။ဖြစ်ခြင်တဲ့ဝါသနာကိုအရင်းမခံရင်လုပ်ငန်းကပျက်စီးလွယ်ပါတယ်။ဖြစ်သင့်တဲ့အရာတွေမပါတော့အဆောက်အအုံဟာမြင့်ဆောက်ခွင့်မရှိတော့ဘူးပေါ့ဗျာ။နားလည်မယ်ဘို့မျှော်လင့်ပါတယ်။ကျွန်တော့်ကညွှန်ကြားပေးတယ်လိုက်နာရမှာခင်ဗျားတို့တာဝန်ပါ။ရွှင်လန်းချမ်းမြေ့ကြပါစေ။
မေးမြန်းဆက်သွယ်စရာရှိပါtelegramက
နေဖုန်းနံပတ်09447406223သို့ဆက်သွယ်နိုင်ပါတယ်။
လေးစားစွာဖြင့်Sanpai
Keep Reading