SarPhat Author
တောင်တန်းတွေကိုပစ်ပယ်ထားမိတာကြာပြီ
မနေ့က တောင်တန်းတွေကိုသတိရမိတယ်
ဘယ်နေရာ ဘယ်ဒေသကတောင်တန်းတွေရယ်လို့ သီးသန့်မရှိပေမယ့် တောင်တန်းတွေကိုချစ်တာတော့ တကယ်ပါ
တောင်ပေါ်ဆရာမလေးဖြစ်ချင်တယ်
အားလပ်ချိန်မှာ တောင်တန်းတွေကိုကြည့်ရင်း စာလေးတွေရေးချင်တယ်
တောင်တန်းတွေရဲ့ အငွေ့အသက်တွေအလယ်မှာ စာလေးဖတ်ရင်း တစ်ခါတလေချည်ထိုးရင်း နှလုံးသားထဲက ချစ်ရသူကို လွမ်းဆွတ်တမ်းတရင်း တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် နေဖူးချင်တယ်
မိဘတွေရဲ့အဝေးမှာနေပြီး အဖေနဲ့အမေရဲ့ စိုးရိမ်မှုမေတ္တာတွေကိုလည်းခံစားချင်တယ်
ချစ်ရသူရဲ့ ဂရုစိုက်မှုအပြည့်နဲ့ ပြောဆိုမယ့်မှာတမ်းတွေကိုလည်း နာခံချင်တယ်
ဒါက ကိုယ့်ရဲ့ တောင်တန်းတွေနဲ့ပက်သက်တဲ့ စိတ်ကူးအိပ်မက်တွေရယ်ပါ...။
#T.Kyi
Keep Reading