Author's Profile Photo

သင်္ကေတ

29/04/2024

အချိုကြိုက်ကြသူများ ?

1 min read
Life Style
General Knowledge
18 Again
အချိုကြိုက်ကြသူများ ?'s photo

ဒီဆောင်းပါး ခေါင်းစဉ်မှာ ပေးထားတဲ့အတိုင်း အချိုကြိုက်သူတွေက ဘယ်သူတွေလဲ။ ❔

အချိုဆိုလို့ အရသာ (၆)ပါး ချို၊ချဉ် (သို့)စိမ့်၊ငန်၊ဖန်၊စပ်၊ခါး ထဲကလို့ ထင်မသွားကြနဲ့။ အဲ့ထဲက အချိုအရသာကို ပြောချင်တာမဟုတ်ဘူး၊

ခေါင်းစဉ်က တချို့သောလူတွေကိုတင်စားထားတာပါ။

  • ဒါကို အချက်နှစ်ချက်နဲ့ ဖော်ပြသွားပါမယ်။


  1. ပထမတစ်ချက် လူတွေက တစ်ယောက်နဲ့တစ်‌ယောက် ကိစ္စလေးတစ်ခုကို အကြောင်းပြုပြီး ချီးမွမ်းပြောဆိုကြတယ်၊ အဲ့ခါဆို လူတွေက မြောက်သွားကြပြီ၊ ကိုယ့်ဟာကိုယ်လည်း အထင်ကြီးသွားတတ်ကြတယ်။ပြောတဲ့လူက တစ်ဖက်လူကို တကယ် ချီးမွမ်းပြောဆိုသင့်လို့ ပြောတဲ့လူတွေလည်းရှိသလို၊ ပြောတဲ့လူက တစ်ဖက်လူကို အဲ့လိုအပြောခံရတာကို ကြိုက်လို့ သက်သက်ပြောပေးတာမျိုးလည်းရှိတယ်။အဲ့နေရာ အဲ့လိုချီးမွမ်းစကားမပြောဘဲ ဝေဖန်စကားပြောမယ်ဆို တစ်ဖက်လူ လုံးဝလုံးဝ လက်ခံမှာမဟုတ်ဘူး။တကယ်လို့ အဲ့လိုမျိုးပြောတဲ့အခါ ပါးနပ်စွာ ပြောတတ်ဖို့လည်း အရေးကကြီးတယ်၊ ကိုယ်‌ပြောမှ တခြားသူမကြိုက်ပေမဲ့ ကိုယ်ပြောလိုက်ရင် လက်ခံသွားနိုင်အောင် ပြောတတ်ဖို့ လိုတယ်။
  2. ဒုတိယတစ်ချက် လူတွေ အချင်းချင်းမှာ ကိုယ်လုပ်ခိုင်းချင်တဲ့ ကိစ္စတစ်ခုကို တခြားလူလုပ်စေဖို့ ဘယ်လိုလုပ်ခိုင်းကြလဲ။ ?

အဖြေကတော့ အသံအေးအေးနဲ့ ‌ချော့ပြီး လုပ်ခိုင်းရတယ်၊(ဥပမာ- "သူငယ်ချင်းရေ...ငါ့ကို ဒီဟာလေး ကူပေးပါလား"၊ "သမီးရေ... အမေ့ကို ဒါလေး ဝိုင်းလုပ်ပေးပါလား"၊ "သမီးရေ... အန်တီကို ကူပေးပါအုံး"၊"သားရေ...အဖေ့ကို ဟိုဟာလေး ယူပေးပါလား"၊ )စသဖြင့် ပြောဖို့လိုပါတယ်။ အဲ့လိုမှ လုပ်ပေးမယ့်သူက လုပ်ပေးချင်မှာပါ။
အဲ့လိုမဟုတ်ဘဲ ("ဟေ့ယျောင် ငါ့ကို ဒီဟာလုပ်ပေးစမ်း"၊ "ငါ့ကို ဟိုဟာ သွားယူပေးစမ်း"၊ )စသဖြင့် အဲ့လိုမျိုး ကြမ်းကြမ်းတမ်းတမ်း ပြောလျှင် ‌လုပ်ပေးမယ့်သူက မလုပ်ပေးမှာအမှန်ပါ။

ကိုယ်ကိုယ်တိုင်လည်း ပြန်စဉ်းစားကြည့်ပါ၊ ကိုယ့်ရော အဲ့လို ကြမ်းတမ်းစွာ ပြောပြီးခိုင်းရင် လုပ်ပေးမလား၊ ချိုသာစွာပြောပြီးခိုင်းရင် လုပ်ပေးမလား။

ကိုယ်ကိုယ်တိုင်က မကြိုက်ရင် တခြားသူတွေကိုလည်း မလုပ်မိဖို့ သတိထားရပါမယ်။
‌မိသားစုတွေ‌ထဲတော့ အမျိုးတွေထဲတို့မှာ လူကြီးတွေ ပြောကြတာရှိတယ်‌ထဲတော့ အမျိုးတွေထဲတို့မှာ လူကြီးတွေ ပြောကြတာရှိတယ်
ဒီကောင်လေးကတော့ အချော့ကြိုက်တယ်၊ ‌ချော့ပြီး ခိုင်းရင် ရတယ်၊ ဆိုတော့ အချိုကြိုက်တာလို့ ခေါ်လို့ရတယ်။
အဲ့တော့ အချိုမကြိုက်လူဆိုတာ ခပ်ရှားရှားပါ၊ လူတိုင်းနီးပါး အချိုကြိုက်ကြတယ်။

ဒါကြောင့် စာဖတ်သူလေးများလည်း စကားပြော ယဉ်ကျေးသိမ်မွေ့ပါးနပ်စွာ ပြောတတ်ကြခြင်းဖြင့် ကိုယ်လိုရာပန်းတိုင်ခရီးကို အရောက်လှမ်းနိုင်ကြပါစေ လို့ ဆုတောင်းရင်း ရေးသား‌လိုက်တော့သည်။


စာဖတ်သူများကို လေးစားလျှက်....

April 29 Monday 2024
14:58PM (@Ag)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း