SarPhat Author
ဗုဒ္ဓနှင့်ကျွန်တော့်အမြင်
ဗုဒ္ဓအကြောင်းကို ကျွန်တော်စသိတုန်းက အိမ်ကအမေ ဘုရားရှိခိုးလို့ မဟုတ်ဘူး။ သူတို့လွှတ်တဲ့ ဘာသာရေးကျောင်းကို သွားခဲ့လို့ပဲ။ ငယ်ငယ်ကတည်းက ဗုဒ္ဓအကြောင်း နားရေဝအောင် နားထောင်ခဲ့ရတယ် မှတ်သားခဲ့ရတယ်၊ ဒါပေမယ့် ဗုဒ္ဓက လူသားတစ်ယောက်ပါလို့ ပြောတာတောင် ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့မဟာလူသားကြီးပါ ဘာညာဆိုပြီး လူကိုသာ ကိုးကွယ်ရကောင်းမှန်းသိတာ သူဟောခဲ့တဲ့ တရားတွေကို နည်းနည်းလေးမှ နက်နက်နဲနဲ စဥ်းစားခဲ့ဖူးဘူး အသက်အရွယ်ရင့်ကျက်လာပြီး အတွေးအခေါ်နဲ့စဥ်းစားဆင်ခြင်နိုင်စွမ်း အနည်းငယ်ရှိလာတဲ့အခါမှာ ဘဝနေနည်းနဲ့ ပတ်သတ်ရင် သူမတူအောင် အတွေ့အကြုံများလှတဲ့ ဗုဒ္ဓဟာ လမ်းပြသူတစ်ယောက် ဆရာတစ်ယောက်ဖြစ်ကြောင်း ကျွန်တော့်ရင်ထဲမှာ ပြောင်းလဲသမုတ်ထားနိုင်ခဲ့တယ် ဗုဒ္ဓရဲ့ ဝါဒက အရမ်းရိုးရှင်းတယ် အရာအားလုံးက ကိုယ်ကိုယ်တိုင်နဲ့ပဲဆိုင်တယ် ကိုယ့်ရဲ့ရွေးချယ်မှု တာဝန်ယူမှုအပေါ်မှာ မူတည်တယ်။ Responsibility ရှိမှု၊မရှိမှု အပေါ်မူတည်တယ် ပြဿနာက ကိုယ်နဲ့မဆိုင်ဘဲ ကိုယ့်ဆီကို ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာရင်တောင် ကိုယ်ဘယ်လိုဖြေရှင်းမလည်း ကိုယ်ဘာကိုရွေးချယ်မလဲဆိုတာက နောက်ဆက်တွဲဖြစ်လာမယ့် ဖြစ်ရပ်တစ်ခုဆီကို ခေါ်ဆောင်သွားမှာပါ။ ဗုဒ္ဓရဲ့လမ်းစဥ်က နိဗ္ဗာန်ဆိုတဲ့အရာကြီးရဖို့ထက် လက်ရှိဘဝမှာတင် စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲ၊ အေးချမ်းအောင် ဘယ်လိုနေရမလဲဆိုတာ လမ်းညွှန်းထားတယ် ဒုက္ခဆိုတဲ့အရာကို ရှောင်လွှဲဖို့ မကြိုးစားဘဲ လက်ခံတတ်လာအောင်လည်း သင်ပေးထားတယ် "ကျွန်တော်တို့ ၁၀တန်းကျောင်းသားဘဝမှာ စာတွေ အသည်းအသန် ကျက်မှတ်ရတယ် ပင်ပန်းတယ် အဲ့လိုနဲ့၁၀တန်းအောင်ပြီး Uni ရောက်ပြန်တော့လည်း စာတွေလုပ်ရတာပဲ ပိုတောင်ခက်သေး ဒါပေမယ့် တက္ကသိုလ် ဆိုတဲ့အတိုင်း ၁၀တန်းနဲ့မတူညီတဲ့ လွတ်လပ်မှုနဲ့ အပျော်အပါးတွေတော့ ရှိတယ်မဟုတ်လား ဒုက္ခတစ်ခုကနေ ပိုကောင်းတဲ့ ဒုက္ခတစ်ခုပေါ့ ချမ်းသာတဲ့သူမှာလည်း သူ့ဒုက္ခနဲ့သူ ဆင်းရဲ့တဲ့သူမှာလည်း သူ့ဒုက္ခနဲ့သူရှိတယ် ဒုက္ခကနေရှောင်ပြေးလို့မရဘူး"ဆိုပြီး ဒုက္ခရဲ့အကြောင်းခဲ့လေး"နက်" ဟောပြောခဲ့တယ် အဲ့ဒုက္ခတွေကနေ လွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်း လမ်းစဥ်နဲ့တကွ ညွှန်ပြထားပြီးသားပါ ဗုဒ္ဓလမ်းစဥ်ရဲ့အစစ်အမှန် Authentic က ကိုယ့်ကိုကိုယ်မြင်အောင်ကြည့်ဖို့ ဒုက္ခတွေကိုမြင်အောင်ကြည့်ဖို့ပါပဲ ပြီးရင် ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာပါ။ လောကမှာ ပါဝါကြီးချင်တဲ့သူတွေဖတ်သင့်တဲ့ "Robert Greene" ရဲ့ "The 48 Laws Of Power" စာအုပ်ထက် ဗုဒ္ဓရဲ့ ၃၈ ဖြာမင်္ဂလာတရားတော် "38 Laws of Lord-Buddha" အတိုင်း လိုက်နာကျင့်ကြံရုံနဲ့တင် အတော်လေးပြည့်စုံနေပါပြီ။ လောကဓံကပေးတဲ့ ဖိအားတွေ ပြဿနာတွေကို ဘဝနေနည်းစာအုပ်တွေထက် ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းနဲ့ ရင်ဆိုင်နည်းတွေကို ဗုဒ္ဓကဟောခဲ့ပြီးသားပါ ခေတ်ရေစီးကြောင်းအရရော modern မဆန်တာရောကြောင့် ဗုဒ္ဓဟောခဲ့တဲ့တရားတွေက ရှေးဟောင်း သုတေသနကျမ်းစာလိုလို ဘာလိုလိုနဲ့ ခုခေတ်လူတွေ အလွယ်တကူ နားမလည်နိုင်တာတော့ အမှန်ပါ ဗုဒ္ဓရဲ့တရားတော်တွေကို အနှစ်သာရ မပျောက်ဆုံးဘဲနဲ့ အသွင်တစ်မျိုးဆန်းသစ်ပြီး ဘာသာပြန်ပေးနိုင်မယ်ဆိုရင် အတော်လေးကောင်းမယ်လို့ ယူဆမိပါတယ်။
Keep Reading